အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ဖူးသည့် ထိပ်တန်းကစားသမား ဆယ်ဦးကို ဗန်ဂါးလ်ဖွင့်ဟလာ

းဝစ်ဗန်ဂါးလ်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်လိုခဲ့သည့် ကစားသမား ၁၀ ဦးကို ဖွင့်ဟလာသည်။ လူးဝစ်ဝန်ဂါးလ်သည် ယင်းထိပ်တန်းကစားသမား ဆယ်ဦးကို မန်ယူသို့ ခေါ်ဆောင်လာနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိချေ။

ဒတ်ချ်လူမျိုးနည်းပြသည် ၂၀၁၄ ခုနှစ်တွင် ဒေးဗစ်မိုယက်စ်နေရာတွင် သုံးနှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ထိုစဉ်က မန်ယူအသင်းမှာ စုဖွဲ့မှု အလွန်အားနည်းနေသည့် ကာလလည်းဖြစ်သည်။ လူးဝစ်ဗန်ဂါးလ်သည် မန်ယူသို့ ရောက်လာပြီးနောက် အင်ဒါဟာရီရာ၊ လုပ်ခ်ရှော၊ မားကို့စ်ရိုဂျိုတို့အပြင် ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၅၉.၇သန်းဖြင့် ရီးရဲလ်မက်ဒရစ်မှာ အိန်ဂျယ်ဒီမာရီယာတို့အား ခေါ်ယူခဲ့သည်။

ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၁၅၀ အထိ သုံးစွဲကာ ကစားသမားခေါ်ယူခဲ့သော်လည်း လူးဝစ်ဗန်ဂါးလ်က သူတကယ်ခေါ်ယူချင်သည့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားသွားသည်။

ဗန်ဂါးလ်က “ရောဘတ်လီဝန်ဒေါ့စကီးကို ခေါ်ယူချင်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူရခက်တော့ ဂွန်ဇာလိုဟီဂူယင်ကိုဘဲ ခေါ်ယူဖို့ ကြိုးစားခဲ့ရတယ်။ အဲဒီကို မရောက်ခင်ကတည်းက ဘုတ်အဖွဲ့နဲ့ နေမာနဲ့ပတ်သက်ပြီး ပြောခဲ့တယ်။ တကယ်လို့ သင်က မန်ယူမှာ ရှိနေတယ်ဆိုရင် ကြီးမားတာတွေကို တွေးရပါမယ်။ သူက အင်္ကျီရောင်းချမှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကလပ်အတွက် စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ပြီးတော့ ကျွန်တော်က မြန်တဲ့ တောင်ပံကစားသမားတွေ လိုချင်တော့ ဆာဒေယိုမာနီနဲ့ ရီယက်ဒ်မရာ့ဇ်တို့ကိုလည်း ကြိုးစားခဲ့သေးတယ်။ သောမတ်စ်မူလာကလည်း ကျွန်တော့်အဝယ်စာရင်းမှာ ပါဝင်ပါတယ်၊။ ကွင်းလယ်ဗဟိုနေရာအတွက် အန်ဂိုလိုကန်တီကို လိုချင်ခဲ့တယ်။ အသက်နည်းနည်းရနေပြီဖြစ်တဲ့ ဂျိမ်းစ်မီလ်နာကိုပါ ခေါ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် သူက ခေါင်းဆောင်အရည်အသွေးအပြည့်အရှိတဲ့အပြင် နေရာစုံမှာကစားနိုင်တယ်။ ခံစစ်အတွက် ဆာဂျီယိုရာမို့စ်နဲ့ မတ်ဟမ်မဲလ်တို့ကို ခေါ်ချင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ခံစ်စက အရမ်းတောင့်တင်းမနေဘူး”ဟု ပြောကြားသွားခဲ့သည်။

မန်ယူသည် လူးဝစ်ဗန်ဂါးလ်၏ပထမဆုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်သော်လည်း ၂၀၁၅-၁၆ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိချေ။ ချန်ပီယံလိဂ်ဝင်ခွင့်မရမှုနှင့်အတူ မန်ယူမှာ ထိပ်တန်းကစားသမားများ ခေါ်ယူနိုင်ခဲ့ခြင်းမရှိချေ။

ဗန်ဂါးလ်က “အဲဒီကစားသမားတွေက ကျွန်တော် ခေါ်ယူချင်ခဲ့တဲ့ ကစားသမားစာရင်းပါ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မခေါ်ယူနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ မသိပါဘူး။ မန်နေဂျာတစ်ဦးဆိုပေမယ့် ကျွန်တော်ဟာ အပြောင်းအရွှေ့ဆွေးနွေးတဲ့အခါ မပါဝင်ခဲ့ရပါဘူး။ ကျွန်တော်လည်း ဂရုမစိုက်လိုက်တော့ မရာ့ဇ်နဲ့ ကန်တီတို့ မန်စီးတီး၊ ချဲလ်ဆီးသို့ ရောက်သွားကြတယ်”ဟု ပြောကြားသွားသည်။

Ref: Four Four Two

Facebook Comments Box
Facebook Comment