အိုဇေးလ်တွင် ကျရှုံးခဲ့ကြောင်း အာတီတာ ပြောကြား

အာဆင်နယ်နည်းပြအာတီတာက အလယ်တန်းကစားသမားမီဆတ်အိုဇေးလ်၏ အကောင်းဆုံးခြေစွမ်း ထွက်ပေါ်လာအောင် လုပ်ဆောင်ရမည့် နည်းပြတာဝန်ကို ကျေပွန်အောင် လုပ်မဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။ ဂျာမန်ကွင်းလယ်ဖန်တီးရှင်သည် အာဆင်နယ်၏ ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ်လူစာရင်းတို့တွင် ပါဝင်ခြင်း မရှိ၍ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၁ ခုနှစ်၊ နွေရာသီအထိ အာဆင်နယ် ယူ-၂၃ အသင်းအတွက်သာ ကစားနိုင်တော့မည် ဖြစ်သည်။

အသက် ၃၂ နှစ်ရှိ အိုဇေးလ်သည် ၂၀၁၃ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်မှ ပေါင် ၄၂.၄ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး မတ်လ ၇ ရက်ကတည်းက အာဆင်နယ်အတွက် ကစားခွင့် မရလာခဲ့သူ ဖြစ်သည်။

အိုဇေးလ်က “ကျွန်တော်က အရမ်းမျှမျှတတဆုံးဖြတ်ခဲ့တာဆိုတော့ ဒါနဲ့ပတ်သက်ပြီး စိတ်အေးလက်အေးပါပဲ။ ကျွန်တော့်ဘက်က ပြောရမယ်ဆိုရင် ဘောလုံးဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တာပါ။ သူနဲ့ ကျွန်တော့်အကြား ဆက်ဆံရေးက အရမ်းမြင့်မားပါတယ်။ သူတစ်ယောက်နဲ့ တစ်ယောက် ဘာမျှော်လင့်လို့ ရမလဲဆိုတာ သိထားကြပါတယ်။ ကျွန်တော့်အလုပ်က ကစားသမားတစ်ဦးချင်းစီတိုင်းရဲ့ အကောင်းဆုံးခြေစွမ်း ထွက်ပေါ်လာအောင် လု်ပဖို့ ဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လု်ပဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဖြစ်ရပ်မှာတော့ ကျွန်တော် ကျရှုံးခဲ့ပါတယ်။ မီဆတ်ကိုလည်း အသင်းအတွက် အကောင်းဆုံးလုပ်ပေးနိုင်အောင် ကျွန်တော် လုပ်ချင်ပါတယ်။ တစ်ခါတစ်လေ အနီးစပ်ဆုံး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်ဘက်က လုပ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သူ့ကို အသင်းကနေ ချန်ထားခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အိုဇေးလ်သည် အာတီတာက အထက်ပါအတိုင်း မပြောမီက အာဆင်နယ်အတွက် ၈ နှစ်တိုင်တိုင် သစ္စာရှိစွာ ကစားပေးလာခဲ့မှုအတွက် ပြန်မှ ဘာမရကြောင်း အွန်လိုင်းမှ ရေးသားခဲ့သည်။

Facebook Comments Box
Facebook Comment