အိမ်ကွင်းမှာ သရေရအောင်ယူမယ့် စိန့်

ကစားမည့်ရက် – ၂၀-၉-၂၀၂၀


ကစားမည့်အချိန် – ညနေ ၅း၃၀ နာရီ


ကစားမည့်ကွင်း – စိန့်မေရီ(ဆောက်သမ်တန်)


ဒိုင်လူကြီး – ဒေးဗစ်ကွတ်

အဖွင့်ပွဲတုန်းက ပြိုင်ဘက်တွေကို အသီးသီးရှုံးနိမ့်ထားတဲ့ အသင်းတွေရဲ့ပွဲစဉ်ဖြစ်တာကြောင့် နိုင်ပွဲရဖို့ အားကုန်ထုတ် ကစားကြမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုအရတော့ လန်ဒန်အခြေစိုက် စပါးက အသာရနေပါတယ်။

ဆောက်သမ်တန်ရဲ့လက်ရှိအနေအထား

ယမန်နှစ်က အဆင့် ၁၁ ရခဲ့တဲ့ ဆောက်သမ်တန်ဟာ ပွဲစဉ် ၁ မှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့သလို ကြားရက်မှာကစားတဲ့ လိဂ်ဖလားပွဲမှာလည်း ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် နည်းပြဟာဆန်ဟက်အတွက် ခက်ခဲတဲ့အနေအထားလို့ ဆိုနိုင်ပြီး ရလဒ်မကောင်းခဲ့ရင် ထိုင်ခုံလှုပ် ခတ်မှုက ပိုမိုပြင်းထန်လာတော့မှာ သေချာပါတယ်။

ဟိုဂျက်၊ ဆိုအာရက်စ်တို့ကို ရောင်းချခဲ့တာက ဆောက်သမ်တန်အတွက် အားနည်းချက်ဖြစ်ခဲ့ပြီး အသင်းရဲ့ကစားဟန်က အရင်လို မမာတော့ပါဘူး။

ဒန်နီအင့်စ်၊ ရှိန်းလောင်း၊ ဝက်ပရောက်စ်တို့အနေနဲ့ ပုံစံကောင်းပြန်ရဖို့ ကြိုးစားနေရပြီး တိုက်စစ်ကစားပုံကလည်း အားရစရာ မရှိသေးပါဘူး။

စပါးရဲ့လက်ရှိအနေအထား

အဖွင့်ပွဲမှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာက မော်ရင်ညိုအတွက် အထိနာပါတယ်။ ကြားရက်က ယူရိုပါလိဂ် ခြေစစ်ပွဲမှာ ပလော့ဗ်ဒစ်ဗ်ကို အနိုင်ရခဲ့ပေမယ့်လည်း အခုပွဲက သူ့အတွက် အရေးကြီးပါတယ်။

ဂါရတ်ဘေးလ်ကို ခေါ်ယူထားပေမယ့် ဒဏ်ရာကြောင့် အသုံးပြုခွင့်မရနိုင်တာက စပါးအတွက် နစ်နာပါတယ်။ ရီဂွီလန်ကတော့ ဘယ်နောက်ခံနေရာအတွက် အားကိုးနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဂိုးသွင်းနိုင်ဖို့ ကွင်းလယ်က အခုထက် ပိုမိုဖန်တီးပေးနိုင်ဖို့ လိုအပ်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ဆောက်သမ်တန်နဲ့ စပါးတို့ဟာ ၈၈ ကြိမ်ဆုံဖူးပြီး ဆောက်သမ်တန်က ၂၆ ပွဲနိုင်၊ စပါးက ၄၂ ပွဲနိုင်ကာ ပွဲ ၂၀ သရေကျထားပါတယ်။

စိန့်မေရီကွင်း ၄၄ ကြိမ်မှာ အိမ်ရှင်ဆောက်သမ်တန်က ၁၈ ပွဲနိုင်၊ ၁၄ ပွဲသရေ၊ ၁၂ ပွဲ ရှုံးထားပြီး စပါးကွင်း ၄၄ ကြိမ်မှာတော့ အိမ်ရှင်က ၃၀ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု ၈၈ ကြိမ်မှာ ဆောက်သမ်တန်က ၁၁၃ ဂိုးသွင်းထားပြီး စပါးက ၁၅၅ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၆-၂-၂၀၂၀ စပါး ၃ – ၂ ဆောက်သမ်တန်


၂၅-၁-၂၀၂၀ ဆောက်သမ်တန် ၁ – ၁ စပါး


၁-၁-၂၀၂၀ ဆောက်သမ်တန် ၁ – ၀ စပါး


၂၈-၉-၂၀၁၉ စပါး ၂ – ၁ ဆောက်သမ်တန်


၉-၃-၂၀၁၉ ဆောက်သမ်တန် ၂ – ၁ စပါး

ဆောက်သမ်တန် နောက်ဆုံး ၅ ပွဲရလဒ်

၁၇-၉-၂၀၂၀ ဆောက်သမ်တန် ၀ – ၂ ဘရန့်ဖို့ဒ်


၁၂-၉-၂၀၂၀ ပဲလေ့စ် ၁ – ၀ ဆောက်သမ်တန်


၂၆-၇-၂၀၂၀ ဆောက်သမ်တန် ၃ – ၁ ရှက်ဖီးယူနိုက်တက်


၁၉-၇-၂၀၂၀ ဘုန်းမောက် ၀ – ၂ ဆောက်သမ်တန်


၁၇-၇-၂၀၂၀ ဆောက်သမ်တန် ၁ – ၁ ဘရိုက်တန်

စပါး နောက်ဆုံး ၅ ပွဲရလဒ်

၁၇-၉-၂၀၂၀ ပလော့ဗ်ဒစ်ဗ် ၁ – ၂ စပါး


၁၃-၉-၂၀၂၀ စပါး ၀ – ၁ အဲဗာတန်


၅-၉-၂၀၂၀ ဝက်ဖို့ဒ် ၂ – ၁ စပါး


၂၉-၈-၂၀၂၀ စပါး ၁ – ၀ ဘာမင်ဂမ်


၂၈-၈-၂၀၂၀ စပါး ၄ – ၁ ရက်ဒင်း

ထူးခြားအချက်အလက်များ

ဆောက်သမ်တန်သည် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် ရာသီအစ အိမ်ကွင်း ၂၁ ပွဲအနက် ၂၀၀၄ ခုနှစ် က ဘလက်ဘန်း တစ်သင်းတည်းကိုသာ အနိုင်ရဖူး။

ဆောက်သမ်တန်သည် ယမန်နှစ်ကလည်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲများတွင် ၂၁ မှတ်သာရကာ နောရစ်ချ်ပြီးလျှင် အိမ်ကွင်း အမှတ်အနည်းဆုံးအသင်းဖြစ်ခဲ့။

သို့သော်လည်း ဆောက်သမ်တန်သည် တနင်္ဂနွေနေ့တွင်ကစားသော လိဂ် အိမ်ကွင်းနောက်ဆုံး ၄ ပွဲဆက် အနိုင်ရထား။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဆောက်သမ်တန်နှင့်ကစားသည့် ပရီးမီးယားလိဂ် ၉ ပွဲတွင် ၉ ဂိုးသွင်းထား ပြီး အာဆင်နယ်(၁၀ ဂိုး)၊ လက်စတာ(၁၅ ဂိုး)ပြီးလျှင် ၎င်းအတွက် တတိယမြောက် ဂိုးအများဆုံးသွင်းနိုင်သော အသင်းဖြစ်နေ။

စပါးသည် တနင်္ဂနွေနေ့တွင် ကစားသော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၈၈ ပွဲအထိ ရှုံးထားပြီး အခြားအသင်းများထက် ရှုံးပွဲပိုများနေ။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဆောက်သမ်တန်(၄-၄-၂)

ဂိုး – မက္ကာသီ


နောက် – ဝေါ်လ်ကာပီတာ၊ စတီဖင်၊ ဗက်စတာဂတ်၊ ဘာထရန်


လယ် – စမောဘုန်း၊ ဝက်ပရောက်စ်၊ ရိုမီယူ၊ ဂျီနီပို


ရှေ့ – ဒန်နီအင့်စ်၊ ရှိန်းလောင်း

စပါး(၄-၃-၃)

ဂိုး – လိုရစ်


နောက် – ဒေးဗီးစ်၊ ဒီယာ၊ အယ်ဒါဝီရယ်၊ ဒိုဟာတီ


လယ် – လိုဆယ်ဆို၊ ဟိုဂျက်၊ အန်ဒွန်ဘီလီ


ရှေ့ – ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း၊ မော်ရာ

ဒဏ်ရာရ/ပွဲပယ်

ဆောက်သမ်တန် – ဆာလီဆူ၊ အမ်းစထရောင်း၊ ရက်ဒ်မွန်


စပါး – တန်ဂန်ဂါ၊ ဂါရတ်ဘေးလ်

သုံးသပ်ချက်

နှစ်သင်းစလုံးက အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ထားတာကြောင့် နိုင်ပွဲရယူနိုင်ရေးအတွက် တိုက်စစ်ဖွင့်ကစားကြမှာ သေချာပါတယ်။ ကစားသမားအင်အား သာလွန်နေတဲ့ စပါးက =၃၀ သာ အကြောပေးထားတဲ့ ဖွင့်လှစ်မှုက သံသ ယရှိစရာပါပဲ။

၂ ပွဲဆက်ရှုံးထားတဲ့ ဆောက်သမ်တန်ကို ဒီထက် ခပ်ပြင်းပြင်း ဖွင့်လှစ်သင့်ပေမယ့်လည်း လက်ရှိပေါက်ဈေးက ပျော့လွန်းနေပါတယ်။ ဆောက်သမ်တန် သရေခံကစားနိုင်မယ်လို့ ထင်ပါတယ်။

Facebook Comments Box
Facebook Comment