
အိမ်ကွင်းမှာ တိုက်စစ်စွမ်းအား ဆက်ပြပြီး နိုင်ပွဲ ဆက်ဖို့ ကြိုးစားသွားမယ့် ဖရန့်လမ်းပတ်ရဲ့ ချဲလ်ဆီး
ကစားမယ့်ရက် – ၁၇-၁၀-၂၀၂၀
ကစားမယ့်အချိန် – ည ၈:၃၀
ကစားမယ့်ကွင်း – စတမ်းဖို့ဒ်ဘရစ်ချ်
ဒိုင်လူကြီး – မိုက်ကယ်ဂျုံးစ်
ယနေ့ညမှာ ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆောက်သမ်တန်ကို ဧည့်ခံကစားရပါမယ်။ ချဲလ်ဆီးရော ဆောက်သမ်တန်ပါ နိုင်ငံတကာပွဲမတိုင်မီ အကောင်းဆုံးပုံစံရရှိကာ နိုင်ပွဲတွေ ရယူထားတာကြောင့် ယခုပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ သေချာနေပါတယ်။
ချဲလ်ဆီးရဲ့ လက်ရှိအနေအထား
နွေရာသီမှာ ကစားသစ်များစွာ ခေါ်ယူမှုနှင့်အတူ ကစားသမားသစ်တွေ မထိုင်ကျဖို့ အချိန်ယူခဲ့ရတဲ့ ချဲလ်ဆီးဟာ တဖြည်းဖြည်း အကောင်းဆုံးပုံစံ ရလာပြီလို့ ယူဆရပါ မယ်။ ချဲလ်ဆီးကစားသမားသစ်တွေနဲ့ ကစားသမားဟောင်းတွေ အကြား တဖြည်းဖြည်း နားလည်မှု ရသထက် ရရှိလာတာ တွေ့ရပါတယ်။ ချဲလ်ဆီးဟာ နိုင်ငံတကာပွဲမတိုင်မီ ပဲလေ့စ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အထူးသဖြင့် အလယ်တန်းတိုက်စစ်သမားတွေ ဖြစ်ကြတဲ့ မောင့်၊ ဂျော်ဂျင်ဟို၊ ဟာဗတ်ဇ်တို့အကြားမှာ နားလည်မှု ရသထက် ရရှိလာပြီး တိုက်စစ်ကစားပုံက ပိုမို ထိရောက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ တိုက်စစ်မှူးဝါနာက ပရီးမီးယားလိဂ်မှာ ဂိုးပေါက်မတွေ့သေးဘူးဆိုပေမယ့် တစ်ပွဲထက်တစ်ပွဲ ကောင်းသထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ ချဲလ်ဆီးခံစစ်ပိုင်းကလည်း အမှားနည်းလာပါတယ်။ ဒါပေမယ့် ယခုပွဲမှာ ဂိုးသမားမင်ဒီ ဒဏ်ရာရရှိထားတာကြောင့် နည်းပြဖရန့်လမ်းပတ်ဟာ ကီပါကိုဘဲ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာဖို့ ရှိနေပါတယ်။

ဆောက်သမ်တန်ရဲ့ လက်ရှိအနေအထား
အခြားတစ်ဖက်မှာ ဆောက်သမ်တန်ကလည်း ခြေစွမ်းကောင်းမွန်လာသလို ပရီးမီးယားလိဂ်နှစ်ပွဲဆက် နိုင်ပွဲ ရရှိထားပါတယ်။ ဆောက်သမ်တန်ဟာ ဘန်လေ၊ ဝက်စ်ဘရွန်းတို့ကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နှစ်ပွဲလုံး ဂိုးမပေးခဲ့ရပါဘူး။ ရိုမြူ၊ ဒီဂျီနီပို၊ ဝတ်ပရိုစီတို့ ဦးဆောင်တဲ့ အလယ်တန်းက အချိတ်အဆက်မိမိ ကစားနိုင်စွမ်းရှိသလို ဒန်နီအင်းစ်နဲ့ အဒမ်တို့ ဦးဆောင်တဲ့ တိုက်စစ်ကလည်း ဂိုးသွင်းနိုင်စွမ်းရှိတဲ့ တိုက်စစ်ဖြစ်ပါတယ်။ ဒါ့အပြင် ဝဲလ်ကော့လည်း ပါဝင်လာမှာဖြစ်လို့ ဆောက်သမ်တန် တိုက်စစ်က စိတ်ဝင်စားဖို့ကောင်းလာမှာ သေချာပါတယ်။ ဘာထရန်း၊ ဗက်စ်တာဂတ်၊ ဘက်နာရစ်ခ်၊ ဝေါလ်ကားပီတာတို့ရဲ့ခံစစ်ကတည်ငြိမ်မှု ရှိတယ်ဆိုပေမယ့် လျှင်မြန်တဲ့ တိုက်စစ်နဲ့ တွေ့ရင် ရုန်းကန်ရပါတယ်။

ထိပ်တိုက် တွေ့ဆုံမှု
ချဲလ်ဆီးနှင့်ဆောက်သမ်တန်တို့ဟာ ၄၂ ကြိမ် ဆုံတွေ့ဖူးပါတယ်။ ချဲလ်ဆီးက ၂၄ ကြိမ်အထိ အနိုင်ရရှိထားပြီး ၉ ကြိမ် သရေကျထားပါတယ်။ ဆောက်သမ်တန်က တော့ ၉ ကြိမ်ဘဲ အနိုင်ရရှိထားပါတယ်။ ချဲလ်ဆီးနှင့် ဆောက်သမ်တန်တို့ နောက်ဆုံး အကြိမ် ထိပ်တိုက်တွေ့ခဲ့တာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆောက်သမ်တန်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၂၆-၁၂-၂၀၁၉ ချဲလ်ဆီး ၀ – ၂ ဆောက်သမ်တန်
၆-၁၀-၂၀၁၉ ဆောက်သမ်တန် ၁ – ၄ ချဲလ်ဆီး
၂-၁-၂၀၁၉ ချဲလ်ဆီး ၀-၀ ဆောက်သမ်တန်
၇-၁၀-၂၀၁၈ ဆောက်သမ်တန် ၀ – ၃ ချဲလ်ဆီး
၂၂-၄-၂၀၁၈ ချဲလ်ဆီး ၂ – ၀ ဆောက်သမ်တန်
ချဲလ်ဆီးရဲ့နောက်ဆုံး ၅ ပွဲ ရလဒ်
၂၆-၉-၂၀၂၀ ချဲလ်ဆီး ၄ – ၀ ခရစ္စတယ်ပဲလေ့စ်
၃၀-၉-၂၀၂၀ စပါးစ် ၁ – ၁ ချဲလ်ဆီး
(လိဂ်ဖားတွင် ပင်နယ်တီဖြင့် ချဲလ်ဆီးရှုံးနိမ့်)
၂၆-၉-၂၀၂၀ ဝက်စ်ဘရွန်း ၃ – ၃ ချဲလ်ဆီး
၂၄-၉-၂၀၂၀ ချဲလ်ဆီး ၆ – ၀ ဘန်လေ
၂၀-၉-၂၀၂၀ ချဲလ်ဆီး ၀ – ၂ လီဗာပူး
ဆောက်သမ်တန်ရဲ့ နောက်ဆုံး ၅ ပွဲ
၄-၁၀-၂၀၂၀ ဆောက်သမ်တန် ၂ – ၀ ဝက်စ်ဘရွန်း
၂၇-၉-၂၀၂၀ ဘန်လေ ၀ – ၁ ဆောက်သမ်တန်
၂၀-၉-၂၀၂၀ ဆောက်သမ်တန် ၂ – ၅ စပါးစ်
၁၇-၉-၂၀၂၀ ဆောက်သမ်တန် ၀-၂ ဘရန့်ဖို့ဒ်
၁၂-၉-၂၀၂၀ ခရစ္စတယ်ပဲလေ့စ် ၁ – ၀ ဆောက်သမ်တန်
ထူးခြားချက်များ
လမ်းပတ်ဦးဆောင်တဲ့ ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ် နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲ အနိုင်ရရှိထားပြီး ၇ ပွဲ ဂိုးမပေးခဲ့ရပါဘူး။
၂၀၁၉-၂၀ ရာသီနောက်ပိုင်းမှာ ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲ ကစားခဲ့ရာမှာ ၁၈ ဂိုးတည်းသာ ပေးထားရပြီး ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပေးဂိုး အနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
ချဲလ်ဆီးအသင်းရဲ့ယခုရာသီရရှိတဲ့ဂိုးအားလုံးရဲ့ ၇၆ ရာခိုင်နှုန်းက ဒုတိယပိုင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂီရောက်ဟာ ဆောက်သမ်တန်နှင့် ရင်ဆိုင်ကစားရတဲ့ သူ့ရဲ့နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးထားပါတယ်။
တကယ်လို့ မင်ဒီ ကြံ့ခိုင်မှုကောင်းမွန်ပြီး ပါဝင်လာကာ ဂိုးမပေးရဘူးဆိုရင် ပီတာချက်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲနှစ်ပွဲမှာ ဂိုးမပေးရတဲ့ ချဲလ်ဆီးဂိုးသမားဖြစ်လာပါမယ်။
ဆောက်သမ်တန်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် လန်ဒန်အဝေးကွင်း ၁၁ ပွဲမှာ ၂ ပွဲတည်းသာနိုင်ထားပါတယ်(ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးကို နိုင်ခဲ့)။ ၎င်းတို့ဟာ ၇ ပွဲရှုံးနိမ့်ထားပါတယ်။
ဒန်နီအင်းစ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆောက်သမ်တန်ရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ ရဂိုး ၄၃ ရာခိုင်နှုန်းကို သွင်းယူခဲ့ပါတယ်။ သူဟာ ယခုရာသီမှာ ဆောက်သမ်တန်ရဲ့ ပရီးမီးယားလိဂ်ဂိုး ၅ ဂိုးမှ ၃ ဂိုးကို သွင်းယူထားပါတယ်။
ဆောက်သမ်တန်ဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်း ၁၃ ပွဲမှာ ၈ ပွဲအထိ အနိုင်ရရှိထားပါတယ်။
ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲအဖြစ် ပဲလေ့စ်နှင့်စပါးစ်ကို ဆက်တိုက် ရှုံးနိမ့်ပြီးနောက် နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ ဘန်လေနှင့် ဝက်စ်ဘရွန်းတို့နှင့်ပွဲတို့မှာ အနိုင်ရရှိထားပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချဲလ်ဆီး (၄-၅-၁)
ဂိုး – ကီပါ
နောက်တန်း – ရီစီဂျိမ်းစ်၊ တီယာဂိုဆေးလ်ဗား၊ ဇူးမား၊ အလွန်ဆို။
အလယ်တန်း – ကန်တီ၊ ဂျော်ဂျင်ဟို၊ မောင့်၊ ပူလီဆစ်၊ ကိုင်ဗာဗတ်စ်။
ရှေ့တန်း – တီမိုဝါနာ ။
ဆောက်သမ်တန် (၄-၄-၂)
ဂိုး – အဲလက်စ်မက္ကာသီ။
နောက်တန်း – ဝေါလ်ကားပီတာ၊ ဂျန်ဘက်နာရစ်ခ်၊ ဗီစတီဂတ်၊ ရိုင်ယန်ဘာထရန်း။
အလယ်တန်း – သီယိုဝဲလ်ကော့၊ ဝတ်ပရော်စီ၊ ရိုမြူ၊ ရက်မွန်။
ရှေ့တန်း – ဒန်နီအင်းစ်၊ ချီအဒမ်။
ဒဏ်ရာရ/ပွဲပယ်
ချဲလ်ဆီး – ဘီလီဂေးလ်မိုး၊ မင်ဒီ(မသေချာ)၊ ဘင်ချဲလ်ဝဲလ် (မသေချာ)။
ဆောက်သမ်တန် – စတူးအပ်အမ်စထရောင်း၊ ဒီဂျီနီပရို။

နောက်ဆုံး သုံးသပ်ချက်
ချဲလ်ဆီးဟာ အိမ်ကွင်းရောက်ရင် ခြေကောင်းတဲ့အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဘိုင်ယန်မြူးနစ်၊ မန်ယူနဲ့ လီဗာပူးတို့ကိုဘဲ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပေးဂိုးအနည်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ နိုင်ငံတကာပွဲများမတိုင်မီ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်တဲ့ ပဲလေ့စ်နှင့်ပွဲမှာ ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးဟာ ယခုပွဲမှာ နိုင်ပွဲ ဆက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားလာမှာ သေချာနေပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိနေတာကတော့ မင်ဒီ ဒဏ်ရာရရှိမှုနဲ့အတူ ဂိုးသမားကီပါ ပါဝင်နိုင်တာပါ။ ဒါ့အပြင် ဘင်ချဲလ်ဝဲလ်ကလည်း ပါဝင်ဖို့ မသေချာပါဘူး။
အခြားတစ်ဖက်မှာ ဆောက်သမ်တန်ကလည်း အဖွင့်ပွဲနှစ်ပွဲ ရှုံးနိမ့်ပြီးနောက် နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက အကောင်းဆုံးပုံစံ ရခဲ့တဲ့ ဒင်နီအင်းစ်ကလည်း ယခုရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံ ဆက်လက် ရရှိနေပါတယ်။ သူဟာ ဒီပွဲမှာလည်း အမှားအယွင်းလုပ်တတ်တဲ့ ချဲလ်ဆီးခံစစ်ကြောင်းကို ဒုက္ခပေးလာနိုင်ပါတယ်။ နည်းပြဟာဆင်ဟတ်အတွက် ပြဿနာက ဆောက်သမ်တန်ခံစစ်ပါ။ ဆောက်သမ်တန်ခံစစ်ဟာ နောက်ဆုံးငါးပွဲမှာ ၈ ဂိုးပေးထားရပါတယ်။ ချဲလ်ဆီးကလည်း ဒီရာသီမှာ ၁၅ ဂိုးအထိ သွင်းယူထားတဲ့အသင်း ဖြစ်နေပါတယ်။
ဖွင့်လှစ်မှုအနေအထားအရ ချဲလ်ဆီးက ၁ ဂိုးသွင်းရင်တောင် ပြားရှုံးဦးမယ်တဲ့အနေအထားက ချဲလ်ဆီးနဲ့ စွန့်စားချင်စရာကောင်းလှပါတယ်။ ချဲလ်ဆီးနဲ့ ဂိုးပေါ် ကြိုက်ပါတယ်။