အာတေးတားရထားဝင်လာဖို့ အာဆင်နယ် အလံချိုးထားတယ် လမ်းပေးထားတယ်
📰 #Nကြယ်မင်း

ဘာကြောင့်လဲ၊ ဘာကြောင့်များ အာဆင်နယ်ဟာ ပြန်မလာနိုင်ဘူး ဖြစ်ရမှာလဲ။ စံနှုန်းသတ်မှတ်ချက်တွေ၊ လေ့လာတွေ့ရှိချက်တွေ ထားလိုက်စမ်းပါ။

လူဟာ လူစင်စစ်ဖြစ်ဖို့၊ ဘုရင်တွေ ဘုရင်ပြန်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။ အရေး
ကြီးတာက ဖြစ်လိုစိတ်ပဲ။ အဲ့ဒါသေချာဖို့ပဲ။

အဲ့ဒီကို မရောက်,ရောက်အောင် သွားချင်နေတဲ့ သွေးသားတောင်းဆိုမှုပဲ။ အခြားဟာတွေ ဆွေးနွေးစရာရှိပါတယ်။

ဒါပေမဲ့ အဲ့ဒါကိုပဲ အရင်ကြည့်ရအောင်၊ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တစ်ခေတ်မှာ ၃ ကြိမ်တိုင် ဗိုလ်စွဲဖူးပါတယ်။ ချန်ပီယံဖြစ်ခဲ့တယ်။

ပရီးမီးယားလိဂ်ခေတ်တစ်ခုရဲ့ အအောင်မြင်ဆုံး မန်ယူတွေအတွက် အစောဆုံးနဲ့ အနီးဆုံး ရန်သူတွေအဖြစ် ချန်ပီယံအာဆင်နယ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီကို ပြန်သွားနိုင်ဖို့အတွက် အာဆင်နယ်ဟာ ဘာတွေကို စတင်ထားနိုင်ပါပြီလဲ။

ပထမဆုံး `အာတေးတား´ကို ရထားပါတယ်။ မန်ယူဟာ မန်ယူကိုပြန်ရဖို့ ဖာဂူဆန် လိုတာပဲ။ ဒါပေမဲ့ ဖာဂူဆန် ပြန်မရခဲ့ပါဘူး။

ဒီမှာ စကားကုန်အောင်ပြောရရင် ဖာဂူဆန် ပြန်ရတောင် မန်ယူ ပြန်မရတော့ပါဘူး။ အဲ့ဒါကို ဖာဂူဆန် သိခဲ့ပါတယ်။

သူ ဒီလောက်ထိချစ်ခဲ့တာပဲ။ သူ အခုလို အချစ်မပြယ်သေးတာ အထင်အရှားပဲ။ ဒါပေမဲ့ ဘာလို့ပစ်ချသွားသလဲဆိုရင် နစ်တော့မယ့် သဘောၤတစ်စင်းရဲ့ထိတွေ့မှုကို ပါးနပ်စွ ာ ခံစားသိရှိနိုင်လို့ပဲ ဖြစ်တယ်။

နိုင်တဲ့နှစ်မှာ အနိုင်ပိုင်းပြီး ရပ်လိုက်တယ်။ အဲ့ဒီနောက် မန်ယူနဲ့ ဒုတိယရခဲ့တာ သူ့ဘဝအတွက် အအောင်မြင်ဆုံးရာသီပဲလို့ မော်ရင်ဟိုရွဲ့တာ ခံရတယ်။ အဲ့ဒီနောက် ဆိုးလ်ရှားနဲ့ဆိုးရွား အမြွှာညီအစ်ကိုတွေ အထိပေါ့။

အာဆင်နယ်က အာတေးတားဟာ ဆိုးလ်ရှားမဟုတ်ခဲ့ပါဘူး။ သူက နည်းပြဖြစ်ခွင့်ရနေရင် ပြီးပါပြီဆိုတဲ့ ရေခဲပန်းပု မဟုတ်ခဲ့ဘူး။

သူဟာ ကျယ်ဝန်းစွာ တွေးခေါ်ပါတယ်။ နည်းပြကောင်းတစ်ယောက်ဆိုတာ အသင်းအတွက်ချည်း ကြည့်နေလို့မရဘူး။

ကိုယ့်အတွက်ကိုယ်လည်း ကြည့်ရတယ်။ အဲ့ဒီနှစ်ခုလုံးအတွက် မျှတတဲ့ဟန်ချက်ကိုလည်း ကြည့်ရတယ်။ ပိုချက်တီနိုဟာ နည်းပြကောင်းတစ်ယောက်ပါ။

ဒါပေမဲ့ သူဟာ စပါးတစ်မျက်နှာပဲ ကြည့်ခဲ့တယ်။ ကြည့်ရဲသူဖြစ်တယ်။ သူ့အတွက် ဘယ်လိုကစားသမားတွေ လိုအပ်ပါတယ်ဆိုတာကို ရဲရင့်စွာ မတောင်းဆိုရဲခဲ့ပါဘူး။

ဒါကြောင့် အသင်းက တစ်ချက်ကျသွားတာနဲ့ သူ့အပေါ် အရာရာပုံချတယ်။ မောင်းထုတ်ခဲ့တယ်။ အဲ့ဒါပါပဲ။

ကစားသမားကောင်းတွေကို တောင်းဆိုရဲရမယ်။ ပြီးတော့ မှန်ကန်တဲ့ဝယ်ယူမှုဖြစ်အောင်လည်း အသုံးပြုနိုင်ရမယ်ပေါ့။

အာတေးတားဟာ အဲ့ဒီလိုနည်းပြကောင်းရဲ့အသားမျိုးရှိနေပါတယ်။ အသင်းက တည်ငြိမ်စွာ ထိုးထွက်နေခဲ့တယ်။ ရလဒ်တွေက ယိမ်းထိုးမနေခဲ့ဘူး။

ကစားသမားတွေက အာဆင်နယ်အလံတော်အောက်မှာ ဂုဏ်ယူစွာ အတူရပ်နေကြတယ်။ အခုနောက်ဆုံး ပါတေးကို ရလိုက်တာပဲကြည့်။

အသင်းဘုတ်အဖွဲ့ကို သူစီးထားနိုင်ပြီဆိုတာ ကမ္ဘာကို ကြေညာနိုင်ခဲ့တဲ့ အကွက်ပဲ။
အာစင်ဝင်းဂါးဟာ အာဆင်နယ်အဆောက်အဦးရဲ့ အတောက်ပဆုံး ဗိသုကာဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာတော့ သူဟာ ငွေနဲ့ရေးတဲ့ အောင်မြင်မှုတွေကို အလားဂျစ်ဖြစ်ခဲ့တယ်။ မော်ရင်ညိုရောက်လာပြီး ဗိုလ်စွဲပါပြီဆိုကတည်းက အာဆင်နယ် လုပ်ရကိုင်ရ ပိုခက်သွားတာကို အငြိုးကြီးခဲ့တယ်။

မောင်ရင့်လို ငွေနဲ့ဖလားနဲ့ လဲတာမျိုး စိတ်မဝင်စားဘူးလို့ရွဲ့စောင်းခဲ့တယ်။ အဲ့ဒီနောက်တော့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်အဆင့်တွေ၊ ပါမောက္ခတွေ အစရှိသဖြင့် မြှောက်ပေးသူတွေကြောင့် သူက အဲ့ဒီဘက်မှာ တစ်ခြမ်းကပ်လိုက်တော့တာပဲ။

အဲ့ဒီမှာ သူက အာဆင်နယ်နဲ့ အာဆင်နယ်ပရိသတ်တွေ မျက်နှာမကြည့်တော့ဘဲ အဲ့ဒါ
တွေက သူ့နှုတ်ခမ်းအလှုပ်ကို စောင့်ကြည့်ကြဖို့ လမ်းပြောင်းပြန် တက်မောင်းတော့တာပဲ။

အလဲအကွဲ ဖြစ်ခဲ့တယ်။ အသင်းနာခဲ့တယ်။ အာတေးတားဟာ လူငယ်မြှင့်တင်ရေးကိုလုပ်ဖို့ သွေးနွေးသတ္တဝါတစ်ဦးဖြစ်ကြောင်း ကျွန်တော်တို့ ပထမဆုံး ထိစမ်းမိကြတာပါ။

မှန်တာပြောရရင် အနည်းငယ်တောင် စိတ်ပျက်လက်ပျက်ပေါ့။ ဒါပေမဲ့ သူဟာ ဝယ်သင့်သူကို ဝယ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုမှ ာ မပျက်ကွက်ဖို့ သတိကြီးသူလည်း ဖြစ်လာတယ်။

တစ်ပြိုင်တည်းမှာ အက်ဖ်အေဖလား ယူပြခဲ့တယ်။ ဂွါဒီယိုလာရဲ့လေးနက်သော တပည့်တစ်ဦးဖြစ်တာကြောင့်လည်း နည်းဗျူဟာပိုင်း စေ့စပ်သေချာမှုကို ဘယ်သူမဆိုခံစားမိစေလာတယ်။

ဒါက လမ်းကြောင်းပေါ်ပြန်ရောက်သွားတဲ့ အာဆင်နယ်ရထားတစ်စင်းရဲ့အသံပါပဲ။ ဒီနှစ်မှာ အဲ့ဒါထက် ပိုဖြစ်လာဖို့၊ ရောက်ရှိဖို့ဆိုရင် `ချန်ပီယံမြို့ဟောင်း တူးဖော်ချက် အစီရင်ခံစာ´ကို တင်သွင်းဖို့ပဲ ရှိပါတယ်။ သူ ဆက်လုပ်နိုင်လောက်ပါတယ်။

အဲ့ဒီလို ယုံကြည်ခွင့်ရလာတာကိုက ပျော်ရွှင်စရာပါပဲ။ ဒီမှာ အခြားသော ကံတရားတွေလည်း လိုအပ်ခဲ့တာပေါ့။

လက်စတာတွေ ထဖြစ်သွားဖို့ အခြားသော အသင်းကြီးတွေ လဲယိုင်ပေးလိုက်ရတာမျိုးကိုတော့ သူတို့ မျှော်လင့်ကောင်း မျှော်လင့်ရမယ်။

လီဗာပူးဟာ မနှစ်ကလို ပြီးပြည့်စုံမှု အဆင်အယင်တွေ ရှိသေးရဲ့လား။ မန်စီးတီးက အဲ့ဒါကို သေချာပေါက် ကျော်ဖြတ်နိုင်ပြီဆိုတဲ့ လက်ရုံးတော်ကို ပိုင်ဆိုင်ရဲ့လား။

အာဂလူစာရင်းမှာ လမ်းပတ်ကရော နေရာကျပါ့မလား။ ဆယ်စုနှစ်ပေါင်းများစွာကို ကျော်လွန်လာတဲ့ အချက်အလက်လေးတစ်ခုနဲ့အတူ အဲဗာတန်က ဗိုလ်ဝင်ခံလိုက်မယ်တဲ့လား။

အာဆင်နယ်က သူတို့ထက်ပိုပြီး သေချာပြီလို့ ကျွန်တော် မပြောလိုပါဘူး။ ပြောလည်း
မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတို့လိုပဲ အာဆင်နယ်လည်း သေချာနိုင်ပါတယ်ဆိုတာတော့ ဘာကြောင့်များ မပြောရဲစရာ ရှိရပါ့မလဲ။

အာတေးတားနဲ့ သောမတ်စ်ပါတေးတို့ ဘယ်လောက်မွှေမလဲ ဒီတစ်ပတ်ကစလို့ စောင့်ကြည့်ကြရအောင်ပါ။

Facebook Comments Box
Facebook Comment