အာတီတာ၏ နည်းစနစ်များကြောင့် စိတ်ပျက်ရကြောင်း ဝီလီယံဝန်ခံပြောကြား

ဝီလီယံက နည်းပြအာတီတာ၏ နည်းစနစ်များကြောင့် စိတ်ပျက်ခဲ့ရကြောင်း ဝန်ခံ ပြောကြားလာသည်။ သို့ရာတွင် ဘရာဇီးကစားသမားက အာဆင်နယ်ကစားသမားဘဝအစတွင် စပိန်နည်းပြထံမှ များစွာ သင်ယူခဲ့ရကြောင်း ပြောကြားသွားသည်။

အာဆင်နယ်သည် ဩဂုတ်လတုန်းက ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သည်။ ဝီလီယံသည် ၂၀၁၉-၂၀ ရာသီအကုန်တွင် ချဲလ်ဆီးနှင့် စာချုပ်သက် တမ်းကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့သူ ဖြစ်သည်။

ဘရာဇီးလက်ရွေးစင်သည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားသည့် ၇ နှစ်တာ ကာလအ တွင်းတွင် ဆက်တိုက်ခြေစွမ်းပြနိုင်သည့် ပရီးမီးယားလိဂ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ချဲလ်ဆီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နှင့် ယူရိုပါလိဂ်ဖလား ၁ ကြိမ်တို့ ဆွတ်ခူးနိုင်ခဲ့သည်။

ဝီလီယံသည် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ၂ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး နောက် အကောင်းဆုံးပုံစံရရှိရန် ရုန်းကန်လာခဲ့ရသည်။ အခြားတစ်ဖက်တွင် အာဆင်နယ်မှာလည်း တိုက်စစ်တွင် ရုန်းကန်လာခဲ့ရသည်။ ဝီလီယံသည် အာတီတာ၏အသင်းကို စနစ်တကျ ကစားစေမှုအတွက် ကျေနပ်ရသော်လည်း ဘောလုံးရရှိမှု နည်းပါးခြင်းကြောင့် စိတ်ပျက်နေသည်။

ဝီလီယံက “ကျွန်တော့်အတွက် အတွေ့အကြုံအသစ်ပါ။ ဒီလို စိတ်မျိုးရှိတဲ့ နည်းပြနဲ့ အလုပ်မလုပ်ဖူးပါဘူး။ ပွဲအနေအထားကြောင့် ခင်ဗျား ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ကစားရမယ်လို့ မထင်လိုက်ပါနဲ့။ လွတ်လပ်စွာ ရွှေ့လျားနိုင်ပေမယ့် ကိုယ့်နေရာကို ပြန်ယူရပါတယ်။ နည်းပြရဲ့ ညွှန်ကြားမှု၊ တည်ဆောက်မှုတွေက အသင်းကောင်းဖို့အတွက်ပါ။ ဒါပေမယ့် ဘောလုံးနဲ့ များများ မထိတွေ့ရတော့ စိတ်ပျက်ရပါတယ်။ ဒါပေမယ့် မီခေးလ်ကတော့ ခဏစောင့် ဘောလုံးရောက်လာမယ်လို့ အမြဲပြောတယ်။ ကျွန်တော် အများကြီး ရယူခဲ့ရတယ်” ဟု ပြောကြားသွားသည်။

အာဆင်နယ်သည် မနေ့ညတုန်းက ဒန်ဒက်ကို ၃-၀ ဂိုးဖြင့် အနိုင်ရှရိခဲ့သည်။ အာဆင်နယ်အတွက် အနိုင်ဂိုးများကို နကီတာ၊ ဝဲလ်လော့ခ်နှင့် ပီပီတို့က သွင်းယူခဲ့ကြသည်။

အာဆင်နယ်သည် လာမည့် တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment