အာတီတာအပေါ် ကစားသမားအားလုံး ယုံကြည်မှု ရှိကြောင်း အော်ဘာမီယန် ပြောကြား

အော်ဘာမီယန်က အာဆင်နယ်ကစားသမားအားလုံးမှာ နည်းပြမီခေးလ်အာတီတာ၏ နည်းဗျူဟာများအပေါ်တွင် အပြည့်အဝယုံကြည်မှုရှိကြောင်း ပြောကြားလိုက်သည်။ အာဆင်နယ်သည် စနေနေ့တုန်းက ယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးကို အော်ဘာမီယန်က ပင်နယ်တီမှ တဆင့် သွင်းယူခဲ့သည်။ အာဆင်နယ်သည် ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းတွင် အာဆင်နယ်ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စပိန်လူမျိုးနည်းပြအာတီတာသည် လာမည့်လတွင် အာဆင်နယ်သို့ ရောက်သည့် တစ်နှစ်ပြည့် မည်ဖြစ်ပြီး သူကိုင်တွယ်သည့် ၁ နှစ်နီးပါး ကာလအတွင်းတွင် အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ ရယူထားပြီး ဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ် ၇ ပွဲတွင် ၃ ပွဲ ရှုံးနိမ့်ထားသည့်အပြင် တိုက်စစ်ပိုင်း ကောင်းမွန်ခြင်း မရှိမှုကြောင့် အာတီတာ၏ နည်းဗျူဟာ မေးခွန်းထုတ်ခြင်း ခံနေရသည်။

သို့ရာတွင် အော်ဘာမီယန်က “စတင်ကတည်းက ကျွန်တော်တို့အားလုံးဟာ ဒီအစီအစဉ်တစ်ခုလုံးကို ယုံကြည်မှု ရှိခဲ့တာပါ။ မီခေးလ်က အရမ်းကောင်းတာ တစ်ခု ယူလာပါတယ်။ လူတိုင်းကလည်း သူ့နောက်လိုက်ချင်ကြပါတယ်”ဟု ပြောကြားသွာသည်.

အော်ဘာမီယန်သည် အိုးထရက်ဖို့ဒ်၌ ပရီးမီးယားလိဂ်တွင် အာဆင်နယ်အတွက် ပင်နယ်တီဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။ သူသည် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲတွင် ဂိုးသွင်းနိုင်ပြီးနောက် ဂိုးပေါက်ပျောက်လာခဲ့သူလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment