
အာဆင်နယ် အားလုံးပြောင်းလဲသွားဟု ဖာဘရီဂတ်စ် ချီးကျူး
မီခေးလ်အာတီတာလက်ထက်တွင် အာဆင်နယ်သည် အရာအားလုံး ပြောင်းလဲသွားပြီဟု ကပ္ပတိန်ဟောင်း ဆက်စ်ဖာဘရီဂတ်စ်က ပြောသည်။
လက်ရှိတွင် လန်ဒန်ကလပ်သည် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်မည့်လမ်းကြောင်းပေါ် ရေပန်းအစားဆုံးဖြစ်နေသည်ဟု စီးရီးဘီကလပ် ကိုမိုတွင်ကစားနေသော စပိန်သားက သုံးသပ်သည်။
အာဆင်နယ်သည် မန်ယူနိုက်တက်အား အနိုင်ရပြီးနောက် မန်စီးတီးအား ၅ မှတ်ဖြတ်ကာ တပွဲလျော့လည်း ကစားထားသည်။
အာတီတာသည် အသင်းဟောင်းအား စတင်တာဝန်ယူသည့် ၂၀၁၉-၂၀၂၀ ရာသီတွင် အဆင့် ၈ နှင့်သာ ကျေနပ်ခဲ့ရသည်။
အာဆင်နယ်တွင် ၈ နှစ်ကြာကစားစဉ် အက်ဖ်အေဖလားတလုံး ရယူနိုင်ခဲ့သော ဖာဘရီဂတ်စ်သည် အသင်းဟောင်းသို့ လာရောက်လည်ပတ်ပြီး သူ၏အမြင်များအား မျှဝေခဲ့ခြင်းဖြစ်သည်။
“အာတီတာက သူ့အလုပ်ကို အကောင်းဆုံးလုပ်နေတယ်။ အသင်းရဲ့ မှတ်တမ်းရုပ်ရှင်မှာ ကျွန်တော်တို့ တွေ့ဖူးနေတာပဲ။
သူလိုချင်တဲ့ပုံစံရအောင် ကစားသမားတွေကို တွန်းအားပေးတယ်။ ကစားသမားတွေကလည်း ဒါကို နားလည်ပါတယ်။
အာဆင်နယ်ဟာ အာတီတာလက်ထက်မှာ အားလုံးပြောင်းလဲသွားပါပြီ။ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု အာတီတာက ဆိုသည်။
Ref:talksport