အာဆင်နယ်ပရိသတ် မျက်မမြင် ကလေးငယ်ကို ပျော်ရွှင်စေခဲ့သည့် မက်ဆီ

ပုဂ္ဂလိကပိုင်းဆိုင်ရာတွင် ဆိုးရွားသည့် အခြေအနေတစ်ရပ်ကို ဖြတ်သန်းခဲ့ရသော ဘာစီလိုနာတိုက်စစ်မှူး လီ ယွန်နယ်မက်ဆီသည် ပရဟိတနယ်ပယ်တွင်မူ ၎င်း၏ နူးညံ့သည့်နှလုံးသားကို လှစ်ဟပြခဲ့ကြောင်း ဗြိတိန်မီဒီ ယာများက ဖော်ပြသည်။

ဘာစီလိုနာအသင်းနှင့် ပဋိပက္ခများဖြစ်ကာ တရားတဘောင်ဖြစ်ရမည့် အခြေအနေကို ရှောင်လွှဲခဲ့သော မက်ဆီသည် ယမန်နေ့က အာဆင်နယ်ပရိသတ် မျက်မမြင်ကလေးငယ်ကို အထူးပြုလုပ်ထားသော မျက်မှန်တစ်လက် ပေးခဲ့သလို အားပေးစကားများ ပြောကြားခဲ့သည်။

မက်ဆီသည် အထူးပြုလုပ်ထားသော မျက်မှန်များ ထုတ်လုပ်ပေးနေသည့် အစ္စရေးအခြေစိုက် OrCam Technologies ၏ သံတမန်အဖြစ် ဆောင်ရွက်နေသလို အဆိုပါ ကုမ္ပဏီသည် ဘာစီလိုနာအသင်းနှင့် လက် တွဲကာ မျက်မမြင်များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မက်ဆီသည် နှစ်စဉ်နှစ်တိုင်း မျက်မမြင် ကလေးငယ်များအတွက် OrCam မှထုတ်လုပ်သော အထူးမျက်မှန် များ ပေးအပ်လျက်ရှိရာ ယခုနှစ်အတွက် အသက် ၁၀ နှစ်အရွယ် အာဆင်နယ်ပရိသတ် မီကီကို ပေါင် ၄၂၀၀ တန် မျက်မှန်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

လန်ဒန်မြို့၊ အန်ဖီးဒေသတွင်နေထိုင်သော မီကီသည် မျက်မမြင် ဘောလုံးသမားတစ်ဦးဖြစ်ပြီး မက်ဆီနှင့် စ ကားပြောခွင့် ရရှိခဲ့သလို တန်ဖိုးကြီးမားသည့် အထူးမျက်မှန်ကိုလည်း ရရှိခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ကာ မျက်ရည်ကျသည်အထိ ပျော်ရွှင်ခဲ့ရသည်။

မက်ဆီက OrCam မျက်မှန်က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထူးခြားပြီး ပဉ္စလက်ဆန်သည်ဟု ဆိုကာ အမြင်အာရုံ ချို့တဲ့သူများအပေါ် စာနာစိတ် ထားရှိရမည်ဟုလည်း တိုက်တွန်းသည်။

ကမ္ဘာတစ်လွှားတွင် အမြင်အာရုံချွတ်ယွင်းသူ သို့မဟုတ် မျက်မမြင်အရေအတွက်မှာ သန်း ၃၀၀ ခန့်ရှိသည် ဟုလည်း သိရသည်။

Ref:dailymail

Facebook Comments Box
Facebook Comment