အာဆင်နယ်နဲ့ စွန့်စားရမယ့်ပွဲ

ကစားမည့်ရက် – ၂၉-၉-၂၀၂၀

ကစားမည့်အချိန် – ည ၁း၃၀ နာရီ

ကစားမည့်ကွင်း – အန်ဖီးလ်(လီဗာပူးလ်)

ဒိုင်လူကြီး – ခရိတ်ပေါ်ဆန်

ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ ချဲလ်ဆီး၊ စပါးတို့က သရေ၊ မန်ယူက ကံကောင်းလို့နိုင်၊ မန်စီးတီးက အိမ်ကွင်းမှာတင် လက်စတာကို ဂိုးပြတ်ရှုံးနိမ့်ထားလို့ ဒီညပွဲမှာ အနိုင်ရတဲ့အသင်းအတွက် အခြေအနေကောင်းမှာပါ။ လီဗာပူးလ်နဲ့ အာဆင်နယ်ဟာ အောက်တိုဘာလဆန်းမှာလည်း လိဂ်ဖလားပွဲစဉ် ကစားရဖို့ရှိတာကြောင့် တစ်လစွန်းစွန်းအတွင်း တတိယအကြိမ် တွေ့ဆုံမှု ဖြစ်လာပါလိမ့်မယ်။

လီဗာပူးလ်ရဲ့လက်ရှိအနေအထား

အဖွင့်ပွဲမှာ တန်းတက်လိဒ်စ်ကို ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ ချန်ပီယံ လီဗာပူးလ်ဟာ ဒုတိယပွဲမှာ ချဲလ်ဆီးကို အနိုင်ရခဲ့လို့ ချန်ပီယံစစ်မှန်ကြောင်း သက်သေပြသနေပါတယ်။

ဒါပေမဲ့လည်း အခုပွဲမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ မာတစ်တို့ ပါဝင်နိုင်မှာ မဟုတ်တာကြောင့် ကွင်းလယ်ပိုင်း အားနည်းသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒါပေမဲ့လည်း ချဲလ်ဆီးနဲ့ပွဲမှာ လူစားဝင်ကစားကာ ခြေစွမ်းပြခဲ့တဲ့ သီယာဂိုကို နည်းပြကလော့ပ်က ပွဲထွက်အသုံးပြုမှာဖြစ်လို့ အားလျော့မယ့်ပုံတော့ မရှိပါဘူး။

တိုက်စစ်မှာ ဖာမီနိုက ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသလို ဖြစ်နေပေမယ့် ဒီကွက်လပ်ကို ဆာလက်နဲ့ မာနေးတို့က ဖြည့်ဆည်းပေးနိုင်ပါတယ်။

အာဆင်နယ်ရဲ့လက်ရှိအနေအထား

အာဆင်နယ်ကတော့ နည်းပြ အာတီတာလက်အောက်မှာ တည်ငြိမ်တဲ့ခြေစွမ်းကို ရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

အသစ်ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေနဲ့ ရှိပြီးသား ကစားသမားတွေအကြား အချိန်တိုအတွင်း နားလည်မှု တည်ဆောက်ထားနိုင်တာက အာဆင်နယ်ရဲ့ အားသာချက်ပါပဲ။

ဝီလျံကြောင့် အာဆင်နယ်တိုက်စစ်က ပိုမိုကောင်းမွန်လာခဲ့ပြီး လာကာဇက်နဲ့ အော်ဘာမီယန်တို့အနေနဲ့ ဂိုးရဖို့ ကိုယ်တိုင် အားထုတ်နေစရာ သိပ်မလိုတော့တဲ့ပုံစံ ဖြစ်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူးလ်နဲ့ အာဆင်နယ်ဟာ ၁၉၆ ကြိမ်ဆုံဖူးပြီး ကြိုးကြာနီတွေက ၇၃ ပွဲနိုင်၊ အမြောက်တပ်သားတွေက ၇၀ ပွဲနိုင်ကာ ၅၃ ပွဲ သရေကျထားပါတယ်။

အန်ဖီးလ်ကွင်း ၉၈ ကြိမ်မှာ လီဗာပူးလ်က ၅၃ ပွဲနိုင်၊ ၁၉ ပွဲသရေ၊ ၂၆ ပွဲရှုံးထားပြီး အမ်းမရိတ်စ်ကွင်း ၉၈ ကြိမ်မှာတော့ အာဆင်နယ်က ၄၄ ပွဲနိုင်၊ ၃၄ ပွဲသရေ၊ ၂၀ ပွဲ ရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု ၁၉၈ ကြိမ်မှာ လီဗာပူးလ်က ၂၉၁ ဂိုးသွင်းထားပြီး အာဆင်နယ်က ၂၇၄ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၂၉-၈-၂၀၂၀ လီဗာပူးလ် ၁ – ၁ အာဆင်နယ်
(ပင်နယ်တီတွင် အာဆင်နယ် ၅-၄ ဂိုးဖြင့်နိုင်)

၁၆-၇-၂၀၂၀ အာဆင်နယ် ၂ – ၁ လီဗာပူးလ်

၃၁-၁၀-၂၀၁၉ လီဗာပူးလ် ၅ – ၅ အာဆင်နယ်
(ပင်နယ်တီတွင် လီဗာပူးလ် ၅-၄ ဂိုးဖြင့်နိုင်)

၂၄-၈-၂၀၁၉ လီဗာပူးလ် ၃ – ၁ အာဆင်နယ်

၃၀-၁၂-၂၀၁၈ လီဗာပူးလ် ၅ – ၁ အာဆင်နယ်

လီဗာပူးလ် နောက်ဆုံး ၅ ပွဲရလဒ်

၂၅-၉-၂၀၂၀ လင်ကွန်းစီးတီး ၂ – ၇ လီဗာပူးလ်

၂၀-၉-၂၀၂၀ ချဲလ်ဆီး ၀ – ၂ လီဗာပူးလ်

၁၂-၉-၂၀၂၀ လီဗာပူးလ် ၄ – ၃ လိဒ်စ်

၅-၉-၂၀၂၀ လီဗာပူးလ် ၇ – ၂ ဘလက်ပူးလ်

၂၉-၈-၂၀၂၀ လီဗာပူးလ် ၁ – ၁ အာဆင်နယ်
(ပင်နယ်တီတွင် အာဆင်နယ် ၅-၄ ဂိုးဖြင့်နိုင်)

အာဆင်နယ် နောက်ဆုံး ၅ ပွဲရလဒ်

၂၄-၉-၂၀၂၀ လက်စတာ ၀ – ၂ အာဆင်နယ်

၂၀-၉-၂၀၂၀ အာဆင်နယ် ၂ – ၁ ဝက်စ်ဟမ်း

၁၂-၉-၂၀၂၀ ဖူလ်ဟမ် ၀ – ၃ အာဆင်နယ်

၂၉-၈-၂၀၂၀ လီဗာပူးလ် ၁ – ၁ အာဆင်နယ်
(ပင်နယ်တီတွင် အာဆင်နယ် ၅-၄ ဂိုးဖြင့်နိုင်)

၂၅-၈-၂၀၂၀ အမ်ကေဒွန်းစ် ၁ – ၄ အာဆင်နယ်

ထူးခြားအချက်အလက်များ

ချန်ပီယံ လီဗာပူးလ်သည် ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် အဖွင့် ၈ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ယခုလို ပွဲစဉ် ၃ တွင် အာဆင်နယ်ကို အိမ်ကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့။

သို့သော်လည်း ၂၀၁၁-၂၀၁၂ ရာသီက ယူနိုက်တက်နောက်ပိုင်း လက်ရှိချန်ပီယံ အသင်းတစ်သင်းအနေဖြင့် ပ ရီးမီးယားလိဂ် ရာသီအဖွင့် ၃ ပွဲဆက် အနိုင်ရခြင်းမရှိတော့။

အိမ်ကွင်း ပွဲ ၆၀ ဆက်တိုက် မရှုံးသေးသော လီဗာပူးလ်သည် အင်္ဂလန်ထိပ်တန်းလိဂ် ၄ ခု သမိုင်းတစ်လျှောက် ချဲလ်ဆီး ၈၆ ပွဲ(၂၀၀၄ မှ ၂၀၀၈ အထိ)၊ လီဗာပူးလ် ၆၃ ပွဲ(၁၉၇၈ မှ ၁၉၈၀ အထိ၊ ၎င်းတို့ကိုယ်တင် တင်ထား ခြင်းဖြစ်)ပြီးလျှင် တတိယမြောက် အိမ်ကွင်းရှုံးပွဲမရှိ အများဆုံးအသင်းအဖြစ် စံချိန်တင်ထား။

လီဗာပူးလ်တိုက်စစ်မှူး ဆာလက်သည် အန်ဖီးလ်ကွင်းတွင် ကစားသော ပရီးမီးယားလိဂ် ၃၃ ပွဲတွင် ၂၆ ဂိုး သွင်းယူထား။

ယခုပွဲတွင်သာ အာဆင်နယ် အနိုင်ရပါက ၂၀၀၄-၂၀၀၅ ရာသီနောက်ပိုင်း(ထိုစဉ်က ၅ ပွဲဆက်နိုင်ခဲ့) ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲဆက်တိုက်နိုင်သည့် ပထမဆုံးရာသီ ဖြစ်လာမည်။

အာဆင်နယ်သည် ယမန်နှစ်ရာသီက ယခုလိုပင် အဖွင့် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း နောက် ၁၁ ပွဲ ဆက် နိုင်ပွဲမရတော့ဘဲ ၇ ပွဲသရေ၊ ၄ ပွဲရှုံးခဲ့။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲတွင် ၄ ဂိုးသွင်းထားပြီး ၎င်းအတွက် ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်သည်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကဖြစ်ကာ ထိုနောက်ပိုင်း လိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခြင်း မရှိတော့။

ဖြစ်နိုင်ဖွယ် လူစာရင်း

လီဗာပူးလ်(၄-၃-၃)

ဂိုး – အလစ်ဆန်

နောက် – အာနိုး၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်

လယ် – သီယာဂို၊ ဖာဘင်ညို၊ ဝိုင်နယ်ဒမ်

ရှေ့ – ဆာလက်၊ ဖာမီနို၊ မာနေး

အာဆင်နယ်(၃-၄-၃)

ဂိုး – ဘန်းလီနို

နောက် – တီယာနေး၊ ဂါဘရီရယ်၊ ဒေးဗစ်လူးဝစ်ဇ်

လယ် – ဆာကာ၊ ဆီဘယ်လော့စ်၊ ရှာကာ၊ ဘယ်လာရင်

ရှေ့ – အော်ဘာမီယန်၊ လာကာဇက်၊ ဝီလျံ

ဒဏ်ရာရ/ပွဲပယ်

လီဗာပူးလ် – ဟန်ဒါဆန်၊ မာတစ်၊ ချိန်ဘာလိန်

အာဆင်နယ် – စမစ်ရိုး၊ မူစတာဖီ၊ ဆိုကရာတစ်

သုံးသပ်ချက်

အဖွင့် ၂ ပွဲဆက် အနိုင်ရထားတဲ့ အသင်းချင်းအတူတူ လီဗာပူးလ်က အာဆင်နယ်ကို ၁-၃၀ အထိ အကျောပေးထားပါတယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ အာဆင်နယ်နဲ့အတူ စွန့်စားချင်ပါတယ်။

Facebook Comments Box
Facebook Comment