
အာဆင်နယ်ကို စိတ်မဝင်စားတဲ့ စပိန်ကွင်းလယ်လူ
ဆိုစီဒက်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီကို အာဆင်နယ်အသင်းက ခေါ်ယူရန်ကြိုးစားနေသော်လည်း ကာယကံရှင်က လန်ဒန်ကလပ်အား စိတ်ဝင်စားခြင်းမရှိကြောင်း စပိန်သတင်းစာ carrusel deportivo က ဖော်ပြသည်။
မီခေးလ်အာတီတာ၏အသင်းသည် ထရိုဆက်နှင့် ဂျာကက်ကီဝီယာတို့ကို ခေါ်ယူထားသော်လည်း ဇန်နဝါရီစျေးကွက်မပိတ်မီ ၂၃ နှစ်အရွယ် စပိန်သား ဇူဘီမန်ဒီကို ထပ်ခေါ်ရန် ကြိုးစားနေသည်။
အောက်တိုဘာလတွင်မှ ဆိုစီဒက်နှင့် ၂၀၂၇ အထိ သက်တမ်းတိုးထားသော ဇူဘီမန်ဒီ၏ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၆၀ ခန့်ရှိသည်ဟု ယုံကြည်ရသည်။
အာတီတာက စပိန်လက်ရွေးစင်အသင်းအတွက် တပွဲကစားထားသော ဇူဘီမန်ဒီကို စာချုပ်ဖျက်သိမ်းကြေး၍ ခေါ်ယူရန်ကြိုးစားနေသည်။
သို့သော်လည်း ကာယကံရှင်က ယခုဆောင်းရာသီအတွင်း အာဆင်နယ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားခြင်းမရှိပေ။
ဘာစီလိုနာနည်းပြ ဇာဗီက ယခုရာသီအကုန်တွင် အသင်းမှထွက်ခွာမည့် ကပ္ပတိန် ဆာဂျီယိုဘူးစကက်၏နေရာ၌ ဇူဘီမန်ဒီနှင့် အစားထိုးရန် ကြိုးစားသွားမည်ဟု သတင်းများထွက်ပေါ်နေသည်။
ထို့ကြောင့် ၎င်းက အာဆင်နယ်ဘက်မှ တရားဝင်ကမ်းလှမ်းလာလျှင်လည်း ပယ်ချဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။
Ref:carrusel deportivo