အာဂျင်တီးနား၏ ၃၆ ပွဲဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်

ကမ္ဘာ့ဖလားအား နှစ်ကြိမ်ရယူဖူးသော နာမည်ကြီး အာဂျင်တီးနားအသင်းသည် ကာတာပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ဆော်ဒီအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အာဂျင်တီးနားသည် ကပ္ပတိန် လီယွန်နယ်မက်ဆီ၏ ပွဲအစ ၁၀ မိနစ် ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ကစားခဲ့သေးသည်။

စကာလိုနီဦးဆောင်သော အသင်းသည် ပထမပိုင်းမှာပင် ၃ ဂိုးသွင်းယူသေးသော်လည်း ရုပ်သံမှတ်တမ်းများပြန်ကြည့်၍ ပယ်ဖျက်ခံခဲ့ရသည်။

အာရှထိပ်သီး ဆော်ဒီသည် ပထမပိုင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း ၄၈ မိနစ်၌ အယ်ရှရီ၊ ၅၃ မိနစ်၌ အယ်ဒေါ်ဆာရီတို့၏ သွင်းဂိုးများကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားသည် ဘောလုံးပိုင်ဆိုင်မှု ၆၉ %၊ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက် ၆ ကြိမ်အထိ အသာစီးရခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အာဂျင်တီးနားသည် ၂၀၁၉ ဇူလိုင်လနောက်ပိုင်း တင်ထားသည့် ၃၆ ပွဲဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့သည်။

အာဂျင်တီးနားသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် မက္ကဆီကိုနှင့် ကစားရမည်ဖြစ်သည်။

Ref:guardian

Facebook Comments Box
Facebook Comment