အာဂျင်တိုင်းတွေနဲ့အတူ ဂိုးအောက်ပုလင်းတွေရိုက်ခွဲရမယ့်ည

✍️ မောင်ရဲတိုက်

Day -2မှာတော့ အင်္ဂလန်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲကို အရသာရှိရှိကြည့်ရှုရင်းနဲ့ ပွဲတော်ဟာ ပွဲတော်ပြန်ဆန်လာခဲ့ပါတယ်။ ဂိုးတွေဒါဇင်ဝက်လောက်သွင်းယူပြီး အင်္ဂလန်ဟာ ၎င်းတို့အနေနဲ့ ချန်ပီယံဆုကို ချိန်ရွယ်ပြီး‌ဒီမြေကိုနင်းခဲ့တယ်ဆိုတဲ့အကြောင်းကို ကမ္ဘာကြီးဆီ မက်ဆေ့တစ်ခုပေးပို့လိုက်ပါတယ်။ ဒါဟာ တခြားသော ချန်ပီယံလောင်းအဖြစ် လျာထားခံရတဲ့အသင်းတွေကို တွန်းအားတစ်ခုပေးလိုက်သလိုပါပဲ။ ဒါကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ တခြားအသင်းတွေလည်း အင်္ဂလန်လို ဂိုးမိုင်းတွေခွဲ၊ ဂိုးမိုးတွေရွာတော့မလား စိတ်ဝင်စားစရာပါပဲ။

ဒီညမှာတော့ အုပ်စု(C)နဲ့ အုပ်စု(D)တို့ရဲ့ အုပ်စုပွဲစဉ်များကို ရှုစားကြရမှာပါ။ အုပ်စု(C)မှာဆိုရင် ဒီနှစ်မှာဗိုလ်စွဲဖို့ ဒုတိယရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းပါဝင်နေပြီး အုပ်စု(D)မှာတော့ လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းတို့ပါဝင်နေတာမို့ ဒီညပွဲတွေကလည်း စိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါပွဲတွေနဲ့ပတ်သက်ပြီး ကျွန်တော်လေ့လာမိသမျှအချက်အလက်တွေကို အသုံးပြုရင်း ခန့်မှန်းရေးသားဖော်ပြပေးပါရစေ။

⬛ အာဂျင်တီးနား Vs ဆော်ဒီအာရေဗျ

Goatကြီး မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဒီနှစ်မှာဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ ခြေစွမ်းက မကျဆင်းသေးလို အသင်းမှာလည်း ရှေ့လယ်နောက် ကစားသမားတွေအားလုံးက သက်ဆိုင်ရာကလပ်အသီးသီးမှာ မင်းသားကြီးတွေဖြစ်နေတာမို့ အင်အားတောင့်တင်းတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရတာ မဆန်းပါဘူး။ အာဂျင်တိုင်းတို့ဟာ နောက်ဆုံးကစားတဲ့ ၃၆ပွဲဆက် ရှုံးပွဲမရှိထားတာမို့ ဒီညပွဲကိုအနိုင်ကစားခဲ့ရင် အီတလီရဲ့ ၃၇ပွဲစံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရလည်း ဒီစံချိန်ကိုကျော်ဖြတ်နိုင်ရုံမက နောက်ပွဲတွေကိုပါ အနိုင်ရပြီး စံချိန်သစ်တစ်ခုကိုပါ မှတ်တမ်းတင်နိုင်မယ့် အနေအထားဖြစ်နေပါတယ်။

ဆော်ဒီအသင်းဟာ ကမ္ဘာ့အဆင့်(၅၁)မှာရှိနေပြီး အိမ်ရှင်ကာတာအသင်းထက်တောင် တစ်ဆင့်နိမ့်ပါတယ်။ အသင်းကို ပြင်သစ်လူမျိုး နည်းပြရီနက်ဒ်က ‌ကိုင်တွယ်နေပြီး ခံစစ်အသားပေးတဲ့ နည်းဗျူဟာနဲ့ ခြေစစ်ပွဲကိုဖြတ်ကျော်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ခံစစ်က ဂျပန်၊ ကိုလံဘီယာတို့ကိုတောင် ဂိုးမပေးရဖို့ တောင့်ခံနိုင်ခြင်းမရှိတာမို့ မက်ဆီ၊ ဒီမာရီယာ၊ မာတီနက်တို့ရဲ့ အာဂျင်တီးနားတိုက်စစ်ကို ရေရှည်ခုခံနိုင်မယ်လို့ မထင်မိပါဘူး။

ကြေးဖွင့်လှစ်မှုအရ အာဂျင်တီးနားဘက်က (၂=)ဝန်းကျင်နဲ့ ကြေးကျောပေးထားသလို ဂိုးပေါင်းကလည်း (၃+၃၀)ခန့်နဲ့ ဖွင့်လှစ်ထားပါတယ်။ ဒီဖွင့်လှစ်မှုအရ အာဂျင်တီးနားဘက်ကိုသာ ပင်းထားတဲ့ ဖွင့်လှစ်မှုလို့ဆိုနိုင်ပြီး အောက်အသင်းဘက်က ဂိုးပြန်ရနိုင်ဖို့ အတော့်ကိုအားနည်းပါတယ်။ ဒါကြောင့် ချန်ပီယံလောင်းတစ်သင်းဖြစ်တဲ့ အာဂျင်တီးနားတို့ကပဲ ချန်ပီယံအသွေးအမွေးကိုပြရင်း ဂိုးပြတ်နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အာဂျင်တီးနား ⭐⭐⭐

ခန့်မှန်းရလဒ် (၃-၀) (၄-၀)

⬛ မက္ကဆီကို Vs ပိုလန်

မက္ကဆီကိုအသင်းဟာ ဒီအုပ်စုမှာ ဒုတိယနေရာကနေ နောက်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ထင်ကြေးပေးခံနေရတဲ့ အသင်းဖြစ်ပါတယ်။ ဂိုးကိုဂိုးချင်း တုံ့ပြန်ကစားတတ်တဲ့ သူတို့ရဲ့ကစားဟန်ကြောင့် ပရိသတ်တွေအတွက်လည်း ဖျော်ဖြေမှုပေးနိုင်တဲ့ အသင်းလို့ဆိုနိုင်ပါတယ်။ ဝင်ပြိုင်ခဲ့သမျှ ကမ္ဘာ့ဖလားတိုင်းလိုလို (၁၆)သင်းအဆင့်ထိ ရောက်ရှိနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာမို့ ဒီပြိုင်ပွဲတွေနဲ့ မစိမ်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ အသင်းရဲ့လူစာရင်းမှာလည်း ပြည်တွင်းကလပ်တွေက ကစားသမားအများစုကို အသုံးပြုထားပြီး ပရီမီးယားလိဂ်က ရာအူးဂျီမီနက်နဲ့ နာပိုလီက လိုဇာနိုတို့လို စီနီယာကစားသမားတွေလည်းပါဝင်တာမို့ ဒီအသင်းရဲ့ အသင်းလိုက်စွမ်းဆောင်ရည်က အားရစရာကောင်းတာဖြစ်ပါတယ်။

ပိုလန်ကတော့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကမကျော်နိုင်ခဲ့တာကို ချေဖျက်ပြရဖို့ ရှိနေပါတယ်။ အုပ်စုထဲမှာ အာဂျင်တီးနားပါဝင်နေခြင်းက သူတို့ကို ဒုတိယနေရာကိုသာ ရနိုင်တော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတစ်ခုခံစားရစေပါတယ်။ ပိုလန်တိုက်စစ်မှာတော့ လီဝန်ဒေါစကီးက ဦးဆောင်ပါဝင်မှာဖြစ်သလို ဂျူဗင်တပ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးမီလစ်ခ်၊ နာပိုလီကွင်းလယ်လူ ဇီယယ်လင်စကီတို့ ပါဝင်နေတာမို့ မက္ကဆီကိုကို ကောင်းကောင်းကြီး တုံ့ပြန်ကစားနိုင်စွမ်း ရှိနေတာဖြစ်ပါတယ်။

ဒီပွဲရဲ့ဖွင့်လှစ်မှုမှာတော့ မက္ကဆီကိုဘက်က သရေ၁၀ရှုံးဆိုတဲ့ ဒဲ့နီးပါးကြေးနဲ့ဖွင့်လှစ်ထားတာမို့ နှစ်သင်းကြားမှာ ကွာဟချက်သိပ်မရှိကြောင်း ယူဆနိုင်ပါတယ်။ ဂိုးပေါင်းကြေးကလည်း (၂-၁၀)ကနေ စတင်ထားတာမို့ ဖလားပွဲဆိုတိုင်း ဂိုးအောက်တတ်တဲ့လက္ခဏာကို ဖော်ပြနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီပွဲမှာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေရဲ့ စရိုက်ကြောင့် ဂိုးတွေမြင်ရဖို့ မခက်ခဲနိုင်ဘူးလို့ ကောက်ချက်ချမိပါတယ်။ အနိမ့်ဆုံး(၁-၁)ကနေ စကြည့်ရမယ့်ပွဲလို့ ထင်မြင်မိပြီး ၁၀ပြားလောက်ရင်းပြီးတော့ ဂိုးပေါ်ကိုရွေးချယ်ထားချင်ပါတယ်။

ဂိုးပေါ် ⭐⭐

ခန့်မှန်းရလဒ် (၂-၁)/(၁-၂)

⬛ ဒိန်းမတ် Vs တူနီးရှား

ဒိန်းမတ်အသင်းဟာ အဲရစ်ဆင်ပြန်လာနိုင်ခဲ့ခြင်းနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းကိုလည်း ပြန်လည်ပိုင်ဆိုင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ခြေစစ်ပွဲကိုလည်း အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သလို နောက်ဆုံးကစားတဲ့၈ပွဲမှာလည်း တစ်ပွဲသာ သွင်းဂိုးမဲ့ခဲ့ပြီး ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ခြေသိပ်မကွာအောင် ကစားပြထားတာ တွေ့ရပါတယ်။ အသင်းရဲ့လူစာရင်းမှာလည်း ဥရောပထိပ်တန်းလိဂ်တွေမှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားသလို အသင်းလိုက်စွမ်းဆောင်ရည်မှာလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်တဲ့အထိ ကောင်းမွန်နေတာ တွေ့ရပါတယ်။ အခုရင်ဆိုင်ရမယ့် တူနီးရှားက အုပ်စုတွင်းမှာ အင်အားအနည်းဆုံးပြိုင်ဘက်ဖြစ်တာကြောင့် ဒီမှာပြတ်သားတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်မှ နောက်ပွဲတွေအတွက် လက်မခက်တော့မှာဖြစ်ပါတယ်။

တူနီးရှားကတော့ ကမ္ဘာ့အဆင့်(၃၀)မှာရပ်တည်နေပြီး အာဖရိကဇုန်ကနေ ခြေစစ်ပွဲအောင်မြင်လာတာဖြစ်ပါတယ်။ ခြေစစ်ပွဲအပါအဝင် ခြေစမ်းပွဲရလဒ်တွေအရ မဆိုးဘူးလို့ မြင်ရပေမယ့် ဥရောပရဲ့ ကစားသမားတွေကိုတော့ ယှဉ်နိုင်ပါ့မလား တွေးစရာပါပဲ။ ဂျပန်ကို (၀-၃)နဲ့အနိုင်၊ ချီလီကို (၀-၂)နဲ့အနိုင်ဆိုပြီး ကစားပြထားတာမို့ ဒိန်းမတ်တို့ အလွယ်တကူရိုက်လို့ရမယ့် ဖားတစ်ကောင်တော့မဟုတ်တာ သေချာပါတယ်။ ဘရာဇီးကိုရှုံးတဲ့ပွဲဖယ်ထားလိုက်ရင် ရှေ့၅ပွဲမှာ တစ်ဂိုးမှမပေးခဲ့ရတဲ့ ခံစစ်က ဒိန်းမတ်ကို အတိုင်းအတာတစ်ခုအထိ ခက်ခဲစေမှာ အသေအချာပါပဲ။

ကြေးဖွင့်လှစ်မှုအရ ဒိန်းမတ်ဘက်က (၁+၂၀)ကနေ ဖွင့်လှစ်ထားပြီး ဂိုးပေါင်းကြေးကတော့ (၂-၃၀)ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ ဘော်ဒီကြေးအရ ဒိန်းမတ်ဘက်က အနိုင်ရဖို့များနေသလို ဂိုးပေါင်းကြေးအရ တူနီးရှားဘက်က ဂိုးမသွင်းနိုင်ဘူးလို့ ရည်ညွှန်းနေတာတွေ့ရပါတယ်။ ကျွန်တော့်အမြင်မှာတော့ တူနီးရှားဟာ ခံစစ်ကိုအသားပေးကစားနေရင်းနဲ့ကို ရလာတဲ့အခွင့်အရေးတွေကနေ ဂိုးအဖြစ်ဖန်တီးနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရတာမို့ ဒိန်းမတ်တို့ကိုလည်း ဒီညမှာတစ်ဂိုးတော့ ပြန်သွင်းနိုင်စွမ်းရှိမယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် အဲရစ်ဆင်၊ ပေါဆင်တို့ရဲ့ ဒိန်းမတ်အသင်းကို upsetရလဒ်ယူနိုင်တဲ့အထိတော့ မဖြစ်နိုင်တာမို့ ဒိန်းမတ်ဘော်ဒီကို ရွေးချယ်ထားကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။

ဒိန်းမတ် ⭐⭐⭐

ခန့်မှန်းရလဒ် (၂-၁)/(၃-၁)

⬛ ပြင်သစ် Vs ဩစတြေးလျ

လက်ရှိချန်ပီယံပြင်သစ်တို့အတွက် ဒီနှစ်ဟာခက်ခဲတဲ့နှစ်တစ်ခုဖြစ်ခဲ့သလို အသွေးအမွေးအသစ်နဲ့ တွေ့မြင်ရမယ့်နှစ်လည်း ဖြစ်ပါတယ်။ ကွင်းလယ်မှာ ပေါ့ဘာ၊ တိုက်စစ်မှာ ဘင်ဇီမာတို့လို စီနီယာကစားသမားတွေ မပါဝင်နိုင်တော့ပေမယ့် ဂွမ်ဒိုဇီ၊ မူယာနီတို့လို ကစားသမားတွေကို မြင်ရမှာမို့ ပြင်သစ် မျိုးဆက်သစ်တွေ နောင်တော်ကြီးတွေရဲ့ ခြေရာကို ဘယ်လောက်အထိနင်းနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အသင်းရဲ့လူစာရင်းမှာတော့ အမ်ဘာပေ၊ ဂျီရူးဒ်တို့အပြင် မားကပ်သူရမ်၊ ကိုးမန်း၊ ဒမ်ဘီလီတို့လို ကစားသမားကောင်းတွေရှိနေခြင်းက ဩဇီအတွက်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ အနီးကပ်ဆုံး နေးရှင်းလိဂ်ရဲ့ ခြေစွမ်းတွေအရတော့ ပြင်သစ်ဟာ ယုံချင်စရာမကောင်းပေမယ့် ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်မှာ အားထုတ်ပုံချင်း မတူကြောင်းကို အင်္ဂလန်အသင်းက ပြသခဲ့ပြီးပြီမို့ အဲ့ကရလဒ်တွေကို ခဏတော့ ခေါက်ထားဖို့ကောင်းပါတယ်။ နောက်တန်း၊ ကွင်းလယ်၊ တိုက်စစ် စသဖြင့် ဘယ်လိုကြည့်ကြည့် အင်အားတောင့်တင်းနေတဲ့ သူတို့ကို မယုံလို့လက်ရှောင်ရင်ရှောင်လိမ့်မယ်၊ ဘက်ကန်ဖို့တော့ ရဲပါ့မလားမောင်ရယ်လို့ ပြောရမှာပါ။

ဩဇီအသင်းကတော့ ကမ္ဘာ့အဆင့်(၃၈)မှာရှိနေပြီး အာရှဇုန်ကနေ ခြေစစ်ပွဲအောင်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ချိန်က ကမ္ဘာ့ဖလားမှာ အသင်းကြီးတွေကို ကောင်းကောင်းကြီး အခက်တွေ့စေခဲ့ပေမယ့် ချန်ပီယံတို့ရဲ့လမ်းမှာ နည်းနည်းဇာတ်နာအောင် ဖန်တီးပေးတဲ့ ဇာတ်ပို့အဆင့်ထက်မပို့ပါဘူး။ အခုအနေအထားအရဆိုရင်လည်း အဲ့လိုအဆင့်တောင် ဖန်တီးနိုင်ဖို့ အတော့်ကိုဝေးသွားပြီလို့ ပြောရမှာပါ။ တင်ကာဟေးတို့ မျိုးဆက်အလွန်မှာတော့ သားပိုက်ကောင်မြေမှာ အရည်အသွေးမြင့် မျိုးဆက်သစ်တွေ နည်းပါးသွားခဲ့ပြီး အခုလူစာရင်းမှာလည်း ဩဇီပြည်တွင်းကလပ်တွေက ကစားသမားတွေနဲ့ပဲ စုဖွဲ့ထားတာတွေ့ရပါတယ်။ အုပ်စုအနေအထားအရ ပြင်သစ်ကို သရေခံကစားနိုင်ရင် နောက်တစ်ဆင့်အတွက် အဆင်ပြေမှာဖြစ်လို့ ခံစစ်ကိုပဲ အသားပေးပြင်ဆင်လာမှာ အထင်အရှားပါပဲ။

ကြေးဖွင့်လှစ်မှုအရ လက်ရှိချန်ပီယံကြက်ဖကြီးတို့ဘက်က (၂+၉၀)ဆိုတဲ့ကြေးနဲ့ ဖွင့်လှစ်ထားပြီး ဂိုးပေါင်းကြေးကတော့ (၃+၅၀)ဆိုပြီး စတင်ထားပါတယ်။ ဘင်ဇီမာမပါတဲ့ ပြင်သစ်တိုက်စစ်ဟာ ဂရစ်ဇမန်း၊ အမ်ဘာပေး၊ ဂျီရူးဒ်တို့ကျန်နေသေးတာမို့ အင်အားလျော့နည်းသွားမယ်ဆိုရင်တောင် ဩဇီတို့ကို ဂိုးမသွင်းနိုင်တဲ့အထိတော့ ရုပ်မပျက်သေးဘူးလို့ ယူဆမိပါတယ်။ လက်ရှိချန်ပီယံဆိုတာ ဘာလဲဆိုတာကို ကောင်းကောင်းကြီး ပြသမယ့် အမ်ဘာပေးတို့ရဲ့ သွင်းဂိုးတွေမှာ ကျွန်တော်တို့အတူတူ ပျော်ရွှင်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

ပြင်သစ် ⭐⭐⭐

ခန့်မှန်းရလဒ် (၃-၀)

ဒီညရဲ့ရွေးချယ်မှုတွေကို အနှစ်ချုပ်ဖော်ပြရရင်

အာဂျင်တီးနား ⭐⭐⭐

မက္ကဆီကို ဂိုးပေါ် ⭐⭐

ဒိန်းမတ် ⭐⭐⭐

ပြင်သစ် ⭐⭐⭐ဆိုပြီး ဖြစ်ပါတယ်။

တစ်ပွဲမှာ တစ်ကွက်ပဲရွေးချင်တဲ့အတွက်ကြောင့် ဘော်ဒီကို တည့်တည့်ရွေးထားပေမယ့် ဖြစ်နိုင်ရင် လေးပွဲလုံးကို ဂိုးပေါ်တွဲပစ်ချင်တဲ့အထိကို ဒီညမှာ ဂိုးနံ့တွေရနေပါတယ်။ ဖလားပွဲဆိုတိုင်း ကျွန်တော်တို့ ကိုင်မြောက်ပြနေကျ ဂိုးအောက်ပုလင်းတွေကို ဒီတစ်ညတော့ ရိုက်ခွဲလိုက်ပြီး ဂိုးမင်းသားတွေအဖြစ် အတူလန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ပါတယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

#soccer88

Facebook Comments Box
Facebook Comment