
အာဂျင်တိုင်းတို့ ပထမပွဲအရှုံးကနေ အကောင်းဆုံး ရုန်းထလာနိုင်ပါ့မလား
မောင်ရဲတိုက်

တူနီးရှား Vs ဩစတြေးလျ
အာဖရိကန်အသင်းတစ်သင်းဖြစ်တဲ့ တူနီးရှားဟာ ပြီးခဲ့တဲ့ပွဲမှာ ဒိန်းမတ်ကို ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။ ဒိန်းမတ်ရဲ့ ပွဲချိန်ပြည့်စိုးမိုးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး မိနစ်ကိုးဆယ်လုံး ခံစစ်ကအမှားအယွင်းမရှိခဲ့ဘဲ အကောင်းဆုံးပုံစံပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် ဒိန်းမတ်ရဲ့ သေချာပေါက်ဂိုးတွေကို အကောင်းဆုံးလက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒါမန်ကို ချီးကျူးရမှာဖြစ်ပါတယ်။ တူနီးရှားတို့အတွက် အခုရင်ဆိုင်ရမယ့်ပွဲက အရေးကြီးပါတယ်။ နောက်တစ်ပွဲမှာ လက်ရှိချန်ပီယံပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲမှာ အမှတ်များများရှာထားနိုင်ဖို့လိုပါတယ်။
ဩစတြေးလျက လက်ရှိချန်ပီယံပြင်သစ်ကို ပွဲချိန်ကိုးမိနစ်မှာတည်းက တစ်ဂိုးစသွင်းပြီး ဦးဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့နောက်မှာတော့ ကြောင်ကြာကြာရေမငုပ်နိုင်ဘဲ ပြင်သစ်ရဲ့ တရစပ်ဖိအားပေးမှုနောက်မှာ လေးဂိုးအထိ ပြန်ခွင့်ပြုခဲ့ရတာပါပဲ။ ပိုဆိုးတာက အဲဒီ့သွင်းဂိုးကလွဲရင် ပြင်သစ်ကို နောက်ထပ်တစ်ကြိမ်တောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ ကစားကွက်အရပါ အပြတ်အသတ်ရှုံးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ တူနီးရှားဘက်က သရေ၅၀ရှုံးနဲ့ စတင်ကြေးကျောပေးထားပြီး ဂိုးပေါင်းကတော့ (၂-၅၀)ဝန်းကျင်မှာ ဈေးကွက်ဖွင့်လှစ်မှုပြုထားပါတယ်။ ဒီနှစ်သင်းကြားမှာ ကမ္ဘာ့အဆင့်ကွာခြားချက်က ၈ဆင့်ကွာပြီး တူနီးရှားက (၃၀)၊ ဩစတြေးလျက (၃၈)ဖြစ်ပါတယ်။ အသင်းနှစ်သင်းကြား ကွာခြားမှုသိပ်မရှိတာမို့ ဒီပွဲရဲ့ ဖြစ်နိုင်ချေအရှိဆုံးရလဒ်က (၁-၁)နဲ့ သရေကျဖို့ဖြစ်နေတာကို correct score ဈေးကွက်အရ တွေ့မြင်ရပါတယ်။ ဒါပေမယ့် ဒီပွဲကို မြင်တွေ့ထားရတဲ့ခြေစွမ်းတွေအရ ပြောရရင် တူနီးရှားဘက်က အနိုင်ရဖို့ အနည်းငယ် အလေးသာနေတာ ဖြစ်ပါတယ်။ ဈေးကွက်ခေါ်ပြောမှုအရ အမှန်သာ သရေကျမယ့်ပွဲဆိုရင် ကမ္ဘာ့ဖလားမှာ မျက်နှာသစ်လေးဖြစ်နေတဲ့ တူနီးရှားအစား ဩစတြေးလျဘက်ကနေ ကြေးကျောပေးသင့်တာဖြစ်ပြီး အခုအနေအထားအရ တူနီးရှားတို့ အနိုင်ရဖို့ ပိုပြီးနီးစပ်တယ်လို့ မြင်မိပါတယ်။ တူနီးရှားနဲ့ ဂိုးအောက်ကို မိမိကြိုက်သလို သုံးဖို့ပါပဲ။
တူနီးရှား

ပိုလန် Vs ဆော်ဒီအာရေဗျ
လီဝန်ဒေါစကီးဦးဆောင်တဲ့ ပိုလန်ဟာ ပြီးခဲ့တဲ့ပွဲမှာ မက္ကဆီကိုကို သရေကျခဲ့ပါတယ်။ လီဝီကိုယ်တိုင် ပင်နယ်တီတစ်လုံးရခဲ့ပေမယ့် သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုး ဖြစ်လာအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ထိုပွဲမှာ မက္ကဆီကိုက ပိုပြီးပွဲကိုအသာစီးရခဲ့သလို ပိုလန်တို့ ခံစစ်နဲ့ကွင်းလယ်မှာပဲ အလုပ်ရှုပ်နေခဲ့ရတာဖြစ်ပါတယ်။ လီဝီဆီကို ဘောလုံးပေးပို့ဖို့ အခွင့်မရခဲ့တာမို့ ကိုယ်တိုင်ကွင်းလယ်အထိ ဘောလုံးဆင်းယူနေခဲ့ရပြီး final thirdထိ မသယ်နိုင်တော့တာကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒီပွဲပြီးရင် အာဂျင်တီးနားနဲ့တွေ့ရဦးမှာမို့ ကျားနာခဲ ခဲမယ့် မက်ဆီတို့အဖွဲ့နဲ့ မတွေ့ခင် ဒီပွဲကို အနိုင်ရထားဖို့လိုနေတာ ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျတို့ အာဂျင်တီးနားကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး အုပ်စုရဲ့ထိပ်မှာ နေရာယူခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ သရေတစ်မှတ်ရရင်ကို နောက်တစ်ဆင့်ရောက်ဖို့ အလားအလာကောင်းနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ အာဂျင်တိုင်းတို့ကို အကြောက်အလန့်မရှိ ရဲဝံ့စွာရင်ဆိုင်ခဲ့ကြသလို အရှုံးကနေလည်း အကောင်းဆုံးရုန်းထနိုင်ခဲ့တာဖြစ်ပါတယ်။ ခြေစွမ်းနဲ့ ကမ္ဘာ့အဆင့်အရ မယှဉ်နိုင်ပေမယ့် စိတ်ဓာတ်ခွန်အားကို အကောင်းဆုံးအသုံးချပြီး တစ်သင်းလုံး အလဲလဲအကွဲကွဲဖြစ်တဲ့အထိ ခုခံခဲ့ကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ ပိုလန်ဆီကနေ အနိမ့်ဆုံးသရေတစ်မှတ်ရဖို့ အားထုတ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ပိုလန်ဘက်ကနေ (၁+၇၀)နဲ့ ကြေးကျောပေးထားပါတယ်။ အာဂျင်ကိုအနိုင်ရထားလို့ ယုံကြည်မှုအပြည့်ရှိနေမယ့် ဆော်ဒီကို ပိုလန်ဘက်က ပေးတဲ့ကြေးက ပြင်းလွန်းတယ်လို့ ပြောရမှာပါ။ ဆော်ဒီဘက်က သရေတစ်ပေါက်ကို အားလုံးမျှော်လင့်နေကြမယ့်အချိန်မှာ ဒီကြေးက ဆော်ဒီဘက်က ခေါ်ကြေးဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ကြေးအရမချဉ်းကပ်တော့ဘဲ ကစားကွက်အရ ချဉ်းကပ်ကြည့်ပါမယ်။ ပိုလန်ဟာ အကြံကုန်သွားတာမဟုတ်ဘဲ ဂျုဗင်တပ်တိုက်စစ်မှုး မီလစ်ကို လီဝီနဲ့တွဲသုံးတဲ့ (၃-၅-၂)ကစားကွက်တစ်ခုကို အသုံးပြုဖို့ကျန်ပါသေးတယ်။ ပြီးခဲ့တဲ့ပွဲမှာ မက္ကဆီကိုကို သရေခံဆော့ဖို့ရည်ရွယ်ထားလို့ လီဝီတစ်ယောက်တည်း တိုက်စစ်မှာ ရုပ်ထွက်မလှခဲ့ပေမယ့် မီလစ်ကိုထည့်သုံးလာရင် နေရာလွတ်တွေပိုထွက်လာနိုင်ပါတယ်။ ဆော်ဒီက အာဂျင်ကို ခံစစ်ပိတ်ကစားပြီး အောင်မြင်ခဲ့တာက အာဂျင်နည်းပြရဲ့ တလွဲလူထုတ်ပုံတွေကြောင့် လုပ်ရကိုင်ရလွယ်ကူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ သူတို့ဘက်က ခံစစ်ပိတ်ဆော့ဖို့ ပြင်ဆင်မိရင်တော့ ကိုယ့်ရှူးကိုယ်ပတ်သွားနိုင်တဲ့ အနေအထားပါ။ ပိုလန်နဲ့ စွန့်စားကြည့်ချင်ပါတယ်။
ပိုလန်

ပြင်သစ် Vs ဒိန်းမတ်
ဩစတြေးလျကို (၄-၁)နဲ့ comeback လုပ်နိုင်ခဲ့တဲ့ ချန်ပီယံကြက်ဖကြီးတို့ဟာ ဒီပွဲကိုနိုင်လိုက်ရင် နောက်တစ်ဆင့်အတွက် သေချာသွားတော့မှာလည်း ဖြစ်ပါတယ်။ ဘင်ဇီမာမပါနိုင်တော့ပေမယ့် ဂျီရူးဒ်ရဲ့ သွင်းဂိုးနှစ်ဂိုးက နောင်တော်ကြီးကို အလွမ်းပြေစေခဲ့ပါတယ်။ အမ်ဘာပေ၊ ဒမ်ဘီလီတို့ရဲ့ တောင်ပံတိုက်စစ်တွေကလည်း ဩဇီကို အကြီးအကျယ်ဒုက္ခပေးခဲ့ပြီး ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ အခုကစားရမယ့် ဒိန်းမတ်က အုပ်စုတွင်းမှာ သတိထားရမယ့် အသင်းတစ်သင်းဖြစ်ပေမယ့် သူတို့ရဲ့ခြေစွမ်းက ပုံစံကောင်းရနေတဲ့ ပြင်သစ်ကို သရေထက်ပိုပြီး တုန့်ပြန်နိုင်စွမ်းတော့ မရှိပါဘူး။
ဒိန်းမတ်က အာဖရိကန်အသင်း တူနီးရှားကို ပွဲချိန်ပြည့်စိုးမိုးနိုင်ခဲ့ပေမယ့် ဂိုးဖြစ်လာအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲရစ်ဆင်တို့ရဲ့ ကွင်းလယ်က ရုန်းအားကောင်းပေမယ့် တိုက်စစ်ရဲ့ သေချာပေါက်ဂိုးတွေကို တူနီးရှားဂိုးသမားက အကောင်းဆုံးကာကွယ်သွားခဲ့တာမို့ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုကနေတက်ဖို့ ပြင်သစ်ကို မရှုံးအောင် ကစားဖို့လိုနေတာဖြစ်ပြီး ၂၀၁၈ကမ္ဘာ့ဖလားတုန်းက ဂိုးမရှိသရေနဲ့ တုန့်ပြန်နိုင်ခဲ့သလို နေးရှင်းလိဂ်မှာလည်း နှစ်ကျော့လုံး အနိုင်ရထားတာမို့ ဒိန်းမတ်အသင်းသားတွေ လက်ရှိချန်ပီယံကို ဖြုံနေမှာမဟုတ်ပါဘူး။
ဒီပွဲရဲ့ဈေးကွက်ဖွင့်လှစ်မှုက (၁+၇၀)နဲ့ ပြင်သစ်ဘက်က ခေါ်ထားလို့ အစက အံ့အားသင့်ခဲ့ရပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ဒီကြေးက ပျော့လွန်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒိန်းမတ်နဲ့နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု၃ကြိမ်စလုံး ပြင်သစ်ကမနိုင်ခဲ့ဘူးဆိုတာ နည်းနည်းများပါတယ်။ ဈေးကချိုလွန်းနေတာမို့ လန့်ရပေမယ့် မနေ့က အောက်အသင်းတွေချည်း နိုင်ထားလို့ ဒီညတော့ အချိုလေးတွေကျွေးဖို့ လိုနေပါပြီ။ ပြင်သစ်ဘက်က (၂-၁)ဆိုတာမျိုး ကျွန်တော် စိတ်ကူးယဉ်ကြည့်ချင်ပါတယ်။
ပြင်သစ်

အာဂျင်တီးနား Vs မက္ကဆီကို
တောင်အမေရိကနဲ့ မြောက်အမေရိက အသင်းတို့တွေ့ဆုံမှုဖြစ်ပါတယ်။ အာဂျင်တီးနားက ပြီးခဲ့တဲ့ပွဲမှာ နည်းပြစကာလိုနီ လက်တည့်စမ်းထားတဲ့ လူထုတ်ပုံမှာ ချာချာလည်သွားခဲ့ပြီး အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ မက်ဆီရဲ့ အစောပိုင်းဂိုးမှာ စိတ်ချလက်ချနဲ့ သွေးအေးသွားခဲ့ပြီး ပေါ့ဆခဲ့တာတွေက သူတို့ကို ဆွဲချသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ မှားသွားရင် ဆောရီးမရှိတော့ပါဘူး။ မက်ဆီက မက်ဆီလို၊ အာဂျင်က အာဂျင်လို ကစားရတော့မယ့် အနေအထားကိုရောက်လာပါပြီ။ သမိုင်းစာအုပ်ကို ပြန်လှန်ရရင် ၁၉၉၀တုန်းက အာဂျင်တီးနားဟာ အခုလို အုပ်စုဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် မာရာဒိုနာရဲ့ ရုန်းကန်မှုက ဖိုင်နယ်အထိ ရောက်စေခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ဂျာမနီကိုရှုံးပြီး ဒုတိယနဲ့ကျေနပ်ခဲ့ရတာပေါ့။ အခုလည်း မက်ဆီဟာ မာရာဒိုနာရဲ့ ခြေရာကိုနင်းနိုင်ဖို့ သူ့အသင်းကို ဖိုင်နယ်ထိ ထမ်းတင်နိုင်ဦးမလား၊ သမိုင်းတစ်ပတ်လည်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မက္ကဆီကိုက ပိုလန်ကို အစီးသရေနဲ့ ကစားပြီး တစ်မှတ်ခွဲယူထားတာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၁၃)မှာရှိနေတဲ့ ဒီအသင်းဟာ အာဂျင်တီးနားနဲ့ ၅ကြိမ်ရင်ဆိုင်ဖူးပြီး ၁ကြိမ်သရေ၊ ၄ကြိမ်ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ သရေကစားခဲ့တာ ၂၀၁၅တုန်းက ခြေစမ်းပွဲမှာဖြစ်ပြီး ဒီနောက်ပိုင်းနှစ်တွေမှာတော့ အာဂျင်ရဲ့ငယ်နိုင်လိုဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ပိုလန်ကို တရစပ်ဖိအားပေးနိုင်ခဲ့သည်တိုင် အဆုံးသတ်မသေချာမှုတွေက သူတို့ကို အခုလိုကျပ်တည်းတဲ့ပွဲအထိ ရုန်းကန်ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီကို လက်စွမ်းပြခဲ့တဲ့ အိုချိုအာကို ချီးကျူးရမှာဖြစ်ပေမယ့် open playကနေ များများစားစားမခြိမ်းခြောက်နိုင်တဲ့ ပိုလန်ကြောင့် သက်သာခဲ့တာလည်း ဖြစ်ပါတယ်။ ပထမပွဲအရှုံးကြောင့် သွေးဆာနေမယ့် အာဂျင်တိုင်းတွေနဲ့ အတွေ့မှာတော့ သူတို့အတွက် မစားသာပါဘူး။
ဖွင့်လှစ်မှုအရ အာဂျင်တီးနားဘက်က ၁သရေနဲ့ ကြေးကျောပေးထားတာဖြစ်ပါတယ်။ ဂိုးပေါင်းမှာတော့ (၂-၉၀)နဲ့ ဖွင့်လှစ်ထားပါတယ်။ ပထမပွဲမှာ ပုံစံကောင်းမရခဲ့တဲ့ အာဂျင်အတွက် ဒီအနေအထားက သင့်တော်တယ်လို့ ဆိုရမှာဖြစ်သလို ဂိုးနံ့ကင်းတဲ့ မက္ကဆီကိုတိုက်စစ်ကြောင့်လည်း ဂိုးပေါင်းကြေးက အပေါ်၊အောက် ၅၀-၅၀အနေအထားပါ။ ဒီပွဲအတွက် အရေးကြီးနေတာက အာဂျင်တိုင်းကစားသမားတွေမဟုတ်ဘဲ သူတို့နည်းပြဖြစ်ပါတယ်။ ဆော်ဒီနဲ့တုန်းကလို လူထုတ်ပုံ၊ ပွဲဖတ်နိုင်စွမ်းနဲ့ လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း ကင်းမဲ့နေဦးမယ်ဆိုရင် မက္ကဆီကိုဘက်က ပျော်ခွင့်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမြေပြင်အနေအထားအရတော့ အာဂျင်ဘက်က အသာစီးရနေတာ ထင်ရှားတာမို့ အမှားခံလို့မရတော့တဲ့ပွဲမှာ အာဂျင်တီးနားကိုပဲ ရွေးချယ်ထားကြည့်ချင်ပါတယ်။
အာဂျင်တီးနား
ဒီညအတွက် ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
အာဂျင်တီးနား
တူနီးရှား
ပြင်သစ်
ပိုလန်
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။