အသင်းသားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆိုးလ်ရှား ချီးကျူး

ဘရိုက်တန်အသင်းအား နောက်ကျပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းသားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးလိုက်ပြီး ထရိုဆက်၏ အနီးကပ်ပိတ်သွင်းမှုကို ကာကွယ်ခဲ့သော ဂိုးသမား ဒီဂီယာကိုလည်း ချီးကျူးသည်။

ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့သော မန်ယူသည် ဘရိုက်တန်ကို အသာစီးမှ ကစားနိုင်ခြင်းမရှိသလို ပွဲသိမ်းခရာမှုတ်ပြီးမှ ရရှိသော ပင်နယ်တီသွင်းဂိုးကြောင့်သာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုရာသီ ပထမဆုံးသော လိဂ်နိုင်ပွဲကို ရယူနိုင်ခြင်းကြောင့် ပျော်ရွှင်မိသော်လည်း တစ်ပွဲလုံး အတိုင်းအတာအရ ယူနိုက်တက်၏ စွမ်းဆောင်ရည်ကိုမူ အားရကျေနပ် ခြင်းမရှိဟု ဆိုးလ်ရှားက ဆိုသည်။

“ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကာယပိုင်းအရ ကျွန်တော်တို့အသင်း အကောင်းဆုံး အနေအထားမှာ ရှိမနေဘူး။ ပထမဂိုး မရခင်အထိ ကစားပုံက ဘာမှ ကောင်းမလာဘူး။ ဘာပဲဖြစ်ဖြစ် အသင်းသားတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ ချီး ကျူးပါတယ်” ဟု ဆိုးလ်ရှားက ပြောသည်။

၎င်းက နာကျင်အချိန်ပို ၂ မိနစ်တွင် ဘရိုက်တန် တောင်ပံကစားသမား ထရိုဆက်၏ အနီးကပ် ပိတ်သွင်းမှုကို ကာကွယ်ခဲ့သော ဂိုးသမား ဒီဂီယာကိုလည်း ချီးကျူးလိုက်ပြီး အိမ်ရှင်အသင်း၏ ဂိုးသွင်းခွင့်အချို့ကို တားဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆိုးလ်ရှားက အနိုင်ဂိုးရှင် ဖာနန်ဒက်စ်ကိုလည်း စိတ်ဓာတ်ကြံ့ခိုင်သူဟု ကင်ပွန်းတပ်ခဲ့သည်။

“သူက စိတ်ဓာတ် အရမ်းကြံ့ခိုင်တယ်။ ပင်နယ်တီကန်တဲ့ နေရာမှာလည်း ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတယ်။ ဂိုးသမားနဲ့ ပင်နယ်တီကန်သွင်းတဲ့လူက အာရုံစူးစိုက်မှုရှိဖို့ လိုအပ်သလို စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုအပ်တယ်။ ဘရူနိုက စိတ်ဓာတ်အသန်မာဆုံး လူတွေထဲက တစ်ယောက်ပါ” ဟု ဆိုးလ်ရှားက သုံးသပ်သည်။

Ref:manutd

Facebook Comments Box
Facebook Comment