အသင်းမှာ ဆက်နေမယ်လို့ သီယာဂိုပြောကြောင်း ဖလစ် အရွှမ်းဖောက်

ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးရယူထားသော ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသော စပိန်ကွင်းလယ်ယူ သီယာဂိုအယ်ကန်တာရာသည် ဗိုလ်လု ပွဲအပြီးတွင်မူ အသင်းတွင်သာ ဆက်ကစားမည်ဟု မိမိပြောကြားခဲ့ကြောင်း အရွှမ်းဖောက်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် သီယာဂိုသည် ၂၀၁၃ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ ယူရို ၂၅ သန်းဝန်းကျင်ဖြင့် ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်ပြီး ၇ နှစ်အတွင်း ပြိုင်ပွဲစုံ ၂၃၅ ပွဲကစားကာ ၃၁ ဂိုး သွင်းယူထားသည်။

ပီအက်စ်ဂျီအားအနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးခဲ့သောပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော သီယာဂိုသည် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်လိုသောကြောင့် မြူးနစ်အခြေစိုက်ကလပ်အား စွန့်ခွာတော့မည်ဟု ပြောကြားထား သည်။

၎င်းသည် ၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ပြည့်မည်ဖြစ်ပြီး အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီ ကလည်း သီယာဂိုသည် အသင်းမှထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။

ဟန်ဆီဖလစ်ကလည်း သီယာဂိုသည် အသင်းမှထွက်ခွာရန်စီစဉ်ထားပြီး ပြောင်း ရွှေ့မည့်အသင်းကိုပင် ရွေးချယ် ထားပြီးဖြစ်သည်ဟု ပြောသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖလစ်က”သူက အသင်းမှာ ဆက်နေသွားမယ်လို့ ကျွန် တော့်ကိုပြောတယ်။ ဟား ဟား။ ဒီအသင်းမှာ အတူတကွရှိနေတဲ့ အချိန်တွေအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ တခြားကစားသမားတွေကိုလည်း ဒီလိုပါပဲ။ သူရော၊ ကျွန်တော်တို့ပါ အနာဂတ်နဲ့ပတ်သက် ပြီး မသိပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကိုပဲ အာရုံစိုက်နေရလို့ပါ။ လာမယ့်ရက်တွေမှာ သူ့ရဲ့အနာဂတ် ဘာဆက် ဖြစ်မလဲဆိုတာကိုပဲ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ” ဟု ပြောသည်။

Ref: Skysports

Facebook Comments Box
Facebook Comment