အသက် ၉၀ အရွယ် အဒေါ်၏ပိုက်ဆံအိတ်ကို လုယူခဲ့သည့် သူခိုးအား ဖမ်းဆီးပေးခဲ့သူ လင်ဒီလော့ဖ်

မန်ယူနောက်ခံလူဗစ်တာလင်ဒီလော့ဖ်သည် အသက် ၉၀ နှစ်အရွယ် အဒေ် ဖြစ်သူ၏ပိုက်ဆံအိတ်ကို လုယူခဲ့သည့် သူခိုးတစ်ဦး မည်သို့ လိုက်လံဖမ်းဆီးခဲ့သည် ဆိုသည်ကို ဖွင့်ဟပြောကြားလာသည်။

ဆွီဒင်နောက်ခံလူသည် ပြီးခဲ့သည့်လတုန်းက မွေးရပ်မြေဆွီဒင်တွင် အားလပ်ရက် အပန်းဖြေနေစဉ် အဒေါ်ဖြစ်သူ၏ပိုက်ဆံအိတ်ကို သူခိုးတစ်ဦးက လုယူ ထွက်ပြေးသွားပြီးနောက် လိုက်လံဖမ်းဆီးက ရဲတပ်ဖွဲ့ဝင်ထံသို့ အပ်နှံပေး ခဲ့မှုကြောင့် သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူး ရေးသားခြင်းခံခဲ့ရသည်။

ယနေ့မှာ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အသက် ၂၆ နှစ်ရှိ ဆွီဒင်လက်ရွေးစင်က “အားလုံးက အလျှင်အမြန်ဘဲ ဖြစ်သွားတာ။ များများစားစားတွေးဖို့အချိန်မရှိဘူး။ ကျွန်တော့်အန်တီအိတ်ကို ပြန်ယူပေးချင်တာသိတယ်။ အဲဒီထက်မပိုပါဘူး။ ကျွန်တော်က အကူအညီပေးချင်ရုံပါ”ဟု ပြောကြားသွားခဲ့သည်။

လင်ဒီလော့ဖ်သည် ယင်းသို့ သူခိုးကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့လက်သို့ အပ်နှံနိုင်မှု ကြောင့် မွေးရပ်မြေဗာစတီရက်စ်ရဲတပ်ဖွဲ့၏ချီးကျူးခြင်းခံခဲ့ရသည်။

အဒေါ်ဖြစ်သူသည် သူ့ပိုက်ဆံကို ပြန်လည်ရယူပေးခဲ့သည့် တူဖြစ်သူ လင်ဒီလော့ဖ်ကို နေ့လည်စာကျွေးရန် ဖိတ်ကြားထားပါသည်။

လင်ဒီလော့ဖ်က “အန်တီက အင်တာဗျူးမှာ ကျွန်တော့်ကို နေ့လည်စာကျွေးဖို့ ဖိတ်ကြောင်း ပြောခဲ့ပါတယ်။ ပြန်သွားနိုင်မလား ကြည့်ရပါမယ်။ အခုအချိန်က ကိုရိုနာကာလဆိုတော့ နည်းနည်းတော့ခက်ခဲပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment