အသက် ၄၀ အထိ အကောင်းဆုံးခြေစွမ်းဖြင့် စီရော်နယ်ဒို ကစားနိုင်မည်

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ရှာမှရှားသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၄၀ အထိ အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ဦးမည်ဟု ပြောသည်။

လာမည့် ဖေဖော်ဝါရီတွင် ၃၆ နှစ်ပြည့်မည့် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ၁၆၅ ပွဲတွင် ၁၀၁ ဂိုး သွင်းယူထားပြီး နိုင်ငံတကာသွင်းဂိုး ၁၀၀ နှင့်အထက် သွင်းနိုင်သော ဒုတိယမြောက် ကစားသမားအဖြစ် စံချိန်တင်ထားသည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ဆုရှင် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆၊ ၂၀၁၉ ဥရောပနေးရှင်းလိဂ် ဖလားတို့ကို ရယူပေးထားသည်။

မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးထားသော ၎င်းသည် ယခုရာသီ စီးရီးအေ ၂ ပွဲကစားအပြီး ၃ ဂိုးသွင်းကာ လူငယ်ကစားသမားတစ်ဦးလို နေရာအနှံ့ ပြေးလွှားကစားနိုင်ဆဲဖြစ်သည်။

စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင်လည်း ၁၇၀ ပွဲကစားကာ ၁၃၀ ဂိုး သွင်း ထားပြီး ဒုတိယနေရာတွင်ရှိနေသော မက်ဆီထက် ၁၅ ဂိုး ပိုသွင်းထား၍ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

စီရော်နယ်ဒိုနှင့်အတူ ယူရို ၂၀၁၆၊ ၂၀၁၉ ဥရောပနေးရှင်းလိဂ် ဖလားများ ဆွတ်ခူးထားသူ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က “ခရစ္စတီယာနိုဟာ အသက် ၄၀ အထိ ကစားနိုင်မှာပါ။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။

ဘယ်အချိန်မှာမဆို ခံနိုင်ရည် မရှိတော့ဘူးလို့ သူ ခံစားရနိုင်ပါတယ်။ ခရစ္စတီယာနိုက သူ့ကိုယ်သူ နိမ့်ပါးတဲ့ အဆင့်တစ်ခုမှာ ကစားဖို့ ခွင့်ပြုမယ့်သူတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

Ref:ronaldo

Facebook Comments Box
Facebook Comment