အသက် အန္တရာယ် ခြိမ်းခြောက် ခံနေရသော ပီရူဂျီယာ ကစားသမားများ

ပီရူဂျီယာအသင်းနှင့်ကစားသမားတို့ဟာ ပလေးအော့ဖ်မှာ ပက်စ်ကာရာကို ရှုံးနိမ့်ကာ စီးရီးစီသို့ တန်းဆင်းသွားရပြီးနောက် ပရိသတ်များရဲ့အကြီးအကျယ်ဒေါသထွက်ခြင်းခံနေရကာ အသက်အန္တရာယ်ခြမ်းခြောက်ခြင်း ခံနေရပါတယ်။


ပီရူဂျီယာဟာ ပက်စ်ကာရာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် ၃-၃ စီဖြစ်နေကာ အချိန်ပိုကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပီရူဂျီယာအသင်း စီးရီးစီသို့ တန်းဆင်းသွားရမှုနဲ့အတူ အကြီးအကျယ်ဒေါသထွက်နေတဲ့ ပရိသတ် ၇၀၀ ဝန်းကျင်တို့ဟာ ပရိသတ်များကို ကွင်းအတွင်းမှ ထွက်ခွာလို့ မရအောင် နံနက် ၂.၂၅ မိနစ်အထိ ပိတ်ဆို့ထားခဲ့ကြပါတယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတည်းသာ လုံခြုံရေးအတွက် ရှိနေရာ ပရိသတ်များကို တားဆီးမရဖြစ်နေခဲ့ပါတယ်။


ပီရူဂျီယာပရိသတ်များဟာ တစ်ညလုံးနီးပါး ကွင်းဂိတ်ပင်များကို ပိတ်ဆို့ထားကာ ပုလင်းများ၊ မီးရှူးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။
ထိုမျှမက ပီရူဂျီယာပရိသတ်များဟာ ကျောနံပါတ် ၉၊ ၂၃ ၊ ၂၇ (ပီထရိုအီမီလီယို၊မာဆယ် လိုဖယ်ဇီရာနို၊ ဂျီယန်လူကာဒီချီယာရာတို့ကို ရည်ရွယ်)ပါ ဝတ်စုံများနှင့် ကလပ်ဒါရိုက်တာကို ရည်ညွှန်းတို့ ဝတ်စုံတစ်ခုတို့အား ပီရူဂျီယာမြို့အဓိကလမ်းမကြီးရဲ့တံတား တစ်ခုမှာ ချိတ်ဆွဲထားခဲ့ကြသေးတယ်။
ဒါ့အပြင် This is how we want you ဆိုတဲ့ စာတမ်းပါ နဖူးစည်းကိုလည်း ကပ်ထားခဲ့ပါသေးတယ်။


ပီရူဂျီယာအသင်းဟာ ၁၉၈၆-၈၇ နောက်ပိုင်းတွင် စီးရီးဘီမှ စီးရီးစီသို့ ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
ပီရူဂျီယာအသင်းကို လာဇီယို၊ အေစီမီလန်နှင့်ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း မက်ဆီမိုအော့ဒိုက ကိုင်တွယ်နေတာဖြစ်ပြီး စီးရီးစီသို့ တန်းဆင်းရမှုနဲ့အတူ ထုတ်ပယ်ခံရဖို့ သေချာနေပါတယ်။

Facebook Comments Box
Facebook Comment