အလိုမရှိတော့လျှင် မိမိအား တိုက်ရိုက် ပြောရန် ဘာတိုမြူကို ဆွာရက်ဇ် ပြောကြား

လူးဝစ်ဆွာရက်ဇ်က ဘာစီလိုနာဥက္ကဌဘာတိုမြူအနေဖြင့် မိမိအား ကလပ်မှ ထွက်ခွာစေလိုလျှင် တိုက်ရိုက်ပြောကြားသင့်ကြောင်း ပြောကြားလိုက်သည်။ ဘာစီလိုနာသည် နည်းပြရော်နယ်ကိုးမန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် ယခုနွေတွင် အကြီးအကျယ် အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေသည်။


ဘာစီလိုနာသည် ဝင်ငွေ လျှော့နည်းလာမှုနှင့် လုပ်ခလျှော့ရန် စီစဉ်နေပြီး အသက်ရှိ အသက် ၃၀ နှစ်အထက် ကစားသမားအများစုကို လျှော့ချရန် စီစဉ်ထားကြောင်း သိရသည်။ ဘာစီလိုနာက ထွက်ခွာရမည့်ကစားသားမားများစာရင်းတွင် ရာကီတစ်၊ အမ်တီတီ၊ ဘက်စကွက်၊ အယ်လ်ဘာ၊ ဒမ်ဘီလီတို့နှင့်အတူ လူးဝစ်ဆွာရက်ဇ်လည်း ပါဝင်နေကြောင်း သတင်းထွက်နေသည်။


အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးသည် ပြီးခဲ့သည့် ရာသီတုန်းက ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲကစားကာ ၂၁ ဂိုးသွင်းယူခဲ့သူဖြစ်သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ဒူးဒဏ်ရာပြဿနာနှင့် ရုန်းကန်ခဲ့ရကာ ဘာစီလိုနာနှင့် တစ်နှစ်စာချု်ပကျန်တော့သည့် ကစားသမားလည်း ဖြစ်သည်။


အေဂျက်စ်နှင့်လီဗာပူးစတားဟောင်းက မိမိမှာ ဘာစီလိုနာတွင်ပင် ဆက်ကစားသွားလိုကြောင်း နှင့် ကလပ်ဘက်က မိမိအနာဂတ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောကြားသင့်ကြောင်း ပြောကြားသွားသည်။


ဆွာရက်ဇ်က “ကလပ်ကအပြောင်းအလဲလုပ်ရာမှာဥက္ကဌက ထွက်ခွာစေမယ့်ကစားသမားတွေ ရှိတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်တော်မပါဝင်မဘဲ ရှေ့ဆက်လျှောက်မယ်လို့ မပြောကြပါဘူး။ တကယ်လို့ ကလပ်က ဆန္ဒရှိမယ်၊ အကျိုးလည်း ရှိလာမယ်ဆိုရင် အပြောင်းအလဲကို ကျွန်တော့်ဆီ တိုက်ရိုက်ပြောသင့်ပါတယ်။ ဘာစီလိုနာမှာ ကျွန်တော်ကစားလာတာ ခြောက်နှစ်ရှိပါပြီ။ သူတို့ ဘာတွေးနေလဲ ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့လူရင်းတစ်ယောက်ဖြစ်နေပါပြီ။ သူတို့ ဆက်မလိုချင်တော့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောတာအကောင်းဆုံးပါ။ ကျွန်တော်ကတော့ ကလပ်အတွက် အကောင်းဆုံးဘဲ ဖြစ်စေချင်ပါတယ်။ ဒီနေ့စဉ်းစားတာကတော့ ဆက်ကစားသွားဖို့ပါ။ ကလပ်က သက်တမ်းတိုးချင်တယ်ဆိုရင်လည်း စကားပြောဖို့ ပြဿနာမရှိပါဘူး။ ကျွန်တော်ကတော့ ဒီမှာ အတတ်ဆုံးနိုင်ကစားသွားချင်ပါတယ်။ ကိုယ်စွမ်းရှိသလောက် ဆက်လက်လုပ်ပေးသွားချင်ပါတယ်။ဒီကို ရောက်ကတည်းက ပရိသတ်တွေရဲ့အားပေးမှုရလာတယ်လို့ခံစားရပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်ဖို့ အားအင်တွေ ရှိနေတာဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ဆက်လက်၍ လူးဝစ်ဆွာရက်ဇ်က ယခုနွေရာသီတွင် တိုက်စစ်ကို အားဖြည့်လာမှုကြောင့် လာမည့်ရာသီတွင် အရန်ခုံတွင် ထိုင်နေရပါကလည်း ပြဿနာမရှိကြောင်း ပြောကြားသွားသည်။
ဆွာရက်ဇ်က “ကစားသမားဘဝတစ်လျှောက် အမြဲတမ်းလက်ခံလာခဲ့တာပါ။ ယှဉ်ပြိုင်မှု ရှိတာကောင်းတယ်။နည်းပြသာဆန္ဒရှိရင် အရန်ခုံမှာ ထိုင်ခိုင်းထားလို့ရပါတယ်။ကျွန်တော့်အတွက်သူတို့ပေးတဲ့နေရာအတွက် ဘာ ပြဿနာမှ မရှိပါဘူး။ ကျွန်တော်ကတော့ ဒီကလပ်အတွက် အတတ်ဆုံးလုပ်ပေးသွားဖို့ဘဲ တွေးပါတယ်” ဟု ပြောကြားသွားသည်။

Ref: Goal

Facebook Comments Box
Facebook Comment