အလာဘာကို ခေါ်ယူခွင့်ရရန် ရီးရဲလ် ရေပန်းအစားဆုံး ဖြစ်လာ

ယခု ဘောလုံးရာသီ အကုန်တွင် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် သြစတြီးယား နောက်ခံလူ ဒေးဗစ်အလာဘာကို ထိပ်တန်းကလပ်များက စိတ်ဝင်စားနေသော်လည်း လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံး ဖြစ်နေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် အလာဘာသည် ၂၀၀၈ ခုနှစ်ကတည်းက မြူးနစ်အခြေစိုက်က လပ်သို့ ရောက်ရှိလာပြီး ဘိုင်ယန် လူငယ်အသင်းတွင် တစ်ရာသီကစားကာ ၂၀၁၀ ပြည့်နှစ်၌ အသင်းကြီးသို့ ရောက်ရှိခဲ့သည်။

၂၀၁၀-၂၀၁၁ ရာသီတွင် ဟော့ဖန်ဟိမ်း၌ တစ်ရာသီ အဌားကစားကာ ကျန်အကြိမ်များတွင် ဘိုင်ယန်တွင်သာ သစ္စာရှိရှိကစားလာသော အလာဘာ၏ လက်ရှိစာချုပ်က လာမည့်ဇွန်လအတွင်း ကုန်ဆုံးတော့မည် ဖြစ်သည်။

ဘိုင်ယန်ဘက်က ၎င်းအား သက်တမ်းတိုးရန် နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့သော်လည်း အလာဘာက သူ့အပေါ် အသုံးချသလို ခံစားနေရသည်ဟု ယူဆကာ ပယ်ချခဲ့သောကြောင့် နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့လျက်ရှိသည်။

၁၂ နှစ်တာအတွင်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၃၉၅ ပွဲတွင် ၃၁ ဂိုးသွင်းကာ ဘွန်ဒက်စ်လီဂါ ၉ ကြိမ်၊ ဂျာမန်ပိုကာ်ဖလား ၆ ကြိမ်၊ ဂျာမန် စူပါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ဥရောပ စူပါဖလား ၂ ကြိမ်၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရယူထားသော အလာဘာသည် ဘွန်ဒက်စ်လီဂါမှ ထွက်ခွာတော့မည်ဖြစ်ပြီး လာမည့် ဇန်နဝါရီတွင် အခြား အသင်းများနှင့် ဆွေးနွေးခွင့် ရရှိထားသည်။

ကွင်းလယ်တွင်ပါ ကစားနိုင်သော အလာဘာကို လီဗာပူလ်း၊ ရီးရဲလ်တို့က စိတ်ဝင်စား နေပြီး စပိန် အားကစား သတင်းစာ AS က အလာဘာ၏ အေးဂျင့်သည် ဇန်နဝါရီတွင် မက်ဒရစ် အခြေစိုက်ကလပ်နှင့် အကြိုစာချုပ်ရန် ဆွေးနွေးမှုများပင် ပြုလုပ်နေသည်ဟု ဖော်ပြသည်။

Ref:Bild

Facebook Comments Box
Facebook Comment