“အယ်လင်လမ်းမှာ ငှက်ကျားတွေပြန်လာမယ့်ညနေ”

(စနေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ရဲ့ စာဖတ်သူပရိသတ်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဘောလုံးရာသီပြီးဆုံးဖို့နီးကပ်လာတာနဲ့အမျှ ချန်ပီယံလုပွဲ၊ ဥရောပဝင်ခွင့်တိုက်ပွဲ၊ တန်းဆင်းဇုန်တိုက်ပွဲအစရှိတဲ့ အသည်းအသက်ဆန်လှတဲ့ အသင်းတွေရဲ့ ကြိုးစားမှုကိုမြင်နေရပြီဖြစ်ပါတယ်။ ဒါ့အပြင် ဇယားအလယ်မှာ ဘာဖိအားမှရှိမနေပေမယ့် အမှတ်လိုနေတဲ့အသင်းတွေကို ဆွဲချတတ်တဲ့ ဖျက်မြင်းတွေကလည်း ဇောင်းကြွလျက်ပါ။ ဒီအပတ် စနေညမှာကစားကြမယ့် လိဂ်ပွဲစဉ်တွေထဲက ကောင်းနိုးရာရာရိုက်ကွက်တွေကို ဦးစားပေးအဆင့်တွေနဲ့ မိတ်ဆွေတို့အတွက် ရွေးချယ်ထားပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ မိတ်ဆွေတို့အကြိုက်နဲ့ တူညီနေမလားဆိုတာ ဖတ်ရှုပေးစေလိုပါတယ်။

🎯 ဦးစားပေး (၁)

⚔️ လိဒ် Vs နယူးကာဆယ် (ညနေ ၆:၀၀)
🎲နယူးကာဆယ် (၁+၄၀) / (၃+၂၀)

⚪ လိဒ်
တန်းဆင်းဖို့ နီးကပ်လာမှ အန်ကယ်ဆမ်ကို ကပျာကယာခန့်လိုက်တဲ့ လိဒ်ရယ်ပါ။ အန်ကယ်ကရော အဖြူရောင်တွေကို တန်းဆင်းငရဲကနေ ချွတ်ဖို့စွမ်းနိုင်မတဲ့လား။ စကိုင်တဲ့ပွဲမှာ မန်စီးတီးကို အီတီဟတ်မှာ တစ်ဂိုးနဲ့ပဲကပ်ရှုံးခဲ့တာကို ကျေနပ်ရမတဲ့လား။ တကယ်တော့ ဆမ်အလာဒိုက်ဟာ နယူးကာဆယ်ကို တစ်ချိန်က နည်းပြလုပ်ခဲ့ဖူးသူပါ။ ‌အလိုမကျမှု၊ စိတ်ပျက်မှုတွေနဲ့ သူ့ကို နည်းပြရာထူးကနေ ဖယ်ရှားခဲ့မှုအပေါ် အန်ကယ်ဆမ်က မကျေနပ်ကြောင်း အကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။ လိဒ်အတွက်လည်း ပွဲတိုင်းက အသက်လုပွဲလို အရေးပါနေချိန်မှာ တစ်ချိန်ကရန်ငြိုးတွေကို ထုတ်ရှင်းတော့မယ့်သဘောပေါ့။ ဒီတော့ ဒီညမှာ တန်းဆင်းအရုန်းလိဒ်အနေနဲ့ ငှက်ကျားတို့ကို ဘာတွေလုပ်ပြဦးမလဲ စောင့်ကြည့်ရပါဦးမယ်။

⚫ နယူးကာဆယ်
ငှက်ကျားတို့က လီဗာပူးထက် တစ်ပွဲလျော့ကစားပြီး (၃)မှတ်ဖြတ်ထားတာမို့ Top 4အတွက်က သိပ်စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် ဘရိုက်တန်၊ လက်စတာ၊ ချယ်ဆီးတို့နဲ့ ကစားရဖို့ရှိနေသေးတယ်။ အခုတွေ့ရမယ့် လိဒ်ကိုမှ အနိုင်မယူနိုင်ရင် နောက်သုံးပွဲက ပိုခက်ဖို့ပဲရှိပါလိမ့်မယ်။ ပြီးခဲ့တဲ့ပွဲက အာဆင်နယ်ကို နည်းစနစ်ချင်းမယှဉ်နိုင်လို့ အားမတန် မာန်လျှော့ခဲ့ရပေမယ့် ဒီပွဲမှာတော့ အူလည်လည်လုပ်လို့ မရတော့ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်မြဲဖို့ အဝေးကွင်းမှာ ငှက်ကျားတို့ ရလဒ်ကောင်းယူနိုင်မလား ကြည့်ရပါမယ်။

🎯 ရွေးချယ်မှု
မူလတည်ကြေးက (၁+၂၀) ကစခဲ့ပြီး (၁+၄၀)ကို ပြန်ကျလာတယ်။ ဂိုးပေါင်းကြေးကတော့ (၃+၄၀)ငနေ (၃+၂၀)ကိုတက်လာတယ်။ မြေပြင်အနေအထားအရလည်း အောက်အသင်းဖြစ်တဲ့ အိမ်ရှင်လိဒ်က ဂိုးရနိုင်ချေရှိနေတယ်။ နယူးကာဆယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မလုပ်လို့မဖြစ်တော့တဲ့အနေအထား။ ဒီတော့ Safeအဖြစ်ဆုံးက ဂိုးပေါ်ကို ရွေးယူထားခြင်းပါ။ ဘော်ဒီအနေနဲ့ကတော့ ကန်တင်ပြေးကစားတဲ့ လိဒ်ထက် နယူးကာဆယ်ကပိုပြီး ကစားကွက်ကို စနစ်တကျနဲ့တည်ဆောက်နိုင်တယ်။ လိဒ်နဲ့အိမ်ကွင်းတန်ကြေး သိပ်မကွာတဲ့ အဲဗာတန်ကိုတောင် (၁+၅၀)ပေးပြီး ကြေးအောင်ခဲ့တာမို့ ဒီည(၁+၄၀)ကြေးက ပြန်ကျလာသည့်တိုင် နေရာမှန်မှာရှိနေဆဲပါ။ ဂိုးပေါ်များများနဲ့ နယူးဘော်ဒီပါးပါး ကစားသင့်တဲ့ပွဲလို့ ဆိုချင်ပါတယ်။

✅ နယူးကာဆယ် + ဂိုးပေါ်

🎯 ဦးစားပေး(၂)

⚔️ ဒေါ့မွန် Vs မိုချန်ဂလာဘတ် (ည ၁၁:၀၀)
🎲 ဒေါ့မွန် (၂+၁၀) / (၄+၃၀)

🟡 ဒေါ့မွန်
၂၀၂၃ထဲ ကစားရသမျှ အိမ်ကွင်းပွဲတိုင်း ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဒေါ့မွန်ဖြစ်ပါတယ်။ နောက်ဆုံးအိမ်ကွင်း(၃)ပွဲကိုကြည့်ရင် ယူနီယံဘာလင်ကို (၂-၁) ၊ ဖရန့်ဖတ်ကို (၄-၀) ၊ ဝုဖ်ဘတ်ကို (၆-၀)ဆိုပြီး အပြတ်သိပ်ခဲ့တာပါ။ တခါတလေမှာ အကန်ပြုချင်စိတ်နဲ့ ဒေါ့မွန်ကို ဘက်ကန်ကြည့်ချင်ရင်တောင် သူတို့အိမ်ကွင်းမှာတော့ မလုပ်မိတာကောင်းပါတယ်။ အမှတ်ပေးဇယားအနေအထားအရလည်း ထိပ်ဆုံးက ဘိုင်ယန်နဲ့ တစ်မှတ်သာကွာတဲ့အခြေအနေမို့ ချန်ပီယံဖြစ်ဖို့ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားပြနေတာတွေ့ရပါတယ်။ အာရုံစိုက်စရာလည်း ဒီတစ်ခုသာကျန်တော့တာဖြစ်ပြီး လူအင်အားအစုံအလင်နဲ့ရှိနေတဲ့ ဒေါ့မွန်တို့ အိမ်ကွင်းမှာ နောက်ထပ် ဂိုးပြတ်နိုင်ပွဲယူနိုင်မလား ကြည့်ရပါဦးမယ်။

⚫ မိုချန်ဂလာဘတ်
ဂလာဘတ်က အဝေးကွင်းဆို အရှင်းကြီးညံ့ပါတယ်။ အခုထိ အဝေးကွင်းနိုင်ပွဲတစ်ပွဲပဲရှိပါသေးတယ်။ နောက်ဆုံးအဝေးကွင်း၅ပွဲမှာလည်း ၃ပွဲရှုံး၊ ၂ပွဲသရေကျထားပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာတော့ ရုန်းအားကောင်းတာကြောင့် တန်းဆင်းဇုန်နဲ့ ဝေးလံသောအရပ်မှာ နေခွင့်ရထားပါတယ်။ ဒီတော့ ဒေါ့မွန်ကွင်းမှာ ဂိုးပြတ်မရှုံးဖို့ကပဲ သူတို့အတွက် အမြင့်ဆုံးရည်ရွယ်ချက်ဖြစ်ပါလိမ့်မယ်။ တိုက်စစ်မှူး မားကပ်သူရမ်မပါနိုင်ချိန်မှာ ဘယ်တောင်ပံတိုက်စစ်က ပလီယာကလည်း ပွဲပယ်မိပြန်တာမို့ ဂလာဘတ်ဟာ ပါးစပ်ကိုဖြဲပြီး လက်ထိုးထည့်ပေးတောင် ကိုက်စရာသွားမရှိတော့တဲ့ အဖြစ်ပါပဲ။ သူတို့ခံစစ်က ဘယ်အထိ တောင့်ခံနိုင်မလဲဆိုတာပဲ ကြည့်ရပါမယ်။

🎯 ရွေးချယ်မှု
မူလတည်ကြေးမှာ (၂+၈၀)နဲ့ စခဲ့တဲ့ပွဲက (၂+၁၀)ထိ တက်လာပါတယ်။ ဒေါ့မွန်ရဲ့ အိမ်ကွင်းဆိုတာကို စဉ်းစားလိုက်ရင် ဘာလို့ ဒီကြေးလဲဆိုတာ နားလည်ပါလိမ့်မယ်။ ဂိုးပေါင်းကြေးကလည်း (၄+၇၀)ကနေ (၄+၃၀)အထိ တက်လာပါတယ်။ မိတ်ဆွေကို ရှုပ်ထွေးအောင်မလုပ်လိုတော့ပါဘူး။ ရှင်းရှင်းပဲ‌ ပြောရရင် ပွဲတစ်ပွဲကို အပေါ်စီးကနေ ကြည့်ရတာကိုမှ အရသာခံချင်သူတွေအတွက် ဒီပွဲဟာ လက်မလွှတ်သင့်တဲ့ စုံအပေါ်တစ်ပွဲပါ။ ဒါကို မိတ်ဆွေလည်း သဘောတူမယ်ထင်ပါတယ်။
✅ ဒေါ့မွန် + ဂိုးပေါ်

ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ ဒီလိုရှိပါတယ်။

🎯 နယူးကာဆယ် + ဂိုးပေါ်

🎯 ဒေါ့မွန် + ဂိုးပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်မှာ ကစားမယ့် စူပါဆန်းဒေး လိဂ်ပွဲစဉ်တွေနဲ့အတူ ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment