“ အမ်းမရိတ်ကောင်းကင်ယံမှာ စင်ရော်တွေပျံသန်းခွင့်မရှိ”

(တနင်္ဂနွေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ရဲ့ စာဖတ်သူပရိသတ်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ မနေ့ညရဲ့ ရွေးချယ်မှုလေးကွက်ထဲက တစ်ကွက်နစ်နာခဲ့ရပေမယ့် ကျန်သုံးကွက်က အပြည့်အဝပျော်ရွှင်စေခဲ့ပါတယ်။ ဒီညမှာလည်း စူပါဆန်းဒေးပွဲစဉ်တွေထဲက ကောင်းနိုးရာရာရိုက်ကွက်တွေကို ဦးစားပေးအဆင့်တွေနဲ့ မိတ်ဆွေတို့အတွက် ရွေးချယ်ထားပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ မိတ်ဆွေတို့အကြိုက်နဲ့ တူညီနေမလားဆိုတာ ဖတ်ရှုပေးစေလိုပါတယ်။

🎯 ဦးစားပေး (၁)

⚔️ အာဆင်နယ် Vs ဘရိုက်တန်
🎲 အာဆင်နယ် (၁+၅၀) / (၃-၃၀)

🔴 အာဆင်နယ်
စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အာဆင်နယ် ချန်ပီယံဖြစ်ဖို့က ၁၃%သာရှိပါတယ်။ တကယ်လို့ ဒီညမှာ မန်စီးတီးက အဲဗာတန်ကို ရှုံးခဲ့ရင်တောင် အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေက ၂၀%ပဲရှိဦးမတဲ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုဆိုဆို အာတီတာတို့ကတော့ သူတို့လုပ်စရာရှိတာကို လုပ်နေဆဲပါပဲ။ ပြီးခဲ့တဲ့ပွဲမှာ အဆင့်(၃)က နယူးကာဆယ်ကို အဝေးကွင်းထိ တက်ရိုက်ခဲ့တယ်။ ဒါပေမယ့် ဆာလီဘာမပါတည်းက ယိုယွင်းလာတဲ့ နောက်တန်းဟာ ဇင်ချန်ကိုပါ မပါနိုင်တော့တာမို့ အနည်းငယ် စိုးရိမ်စရာပါ။ နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံမျှော်လင့်ချက်ကို ထိန်းသိမ်းသွားဖို့ ဒီညပွဲက ဂန်းနားတို့အတွက် အဆုံးအဖြတ်ဖြစ်လာပါပြီ။

🔵 ဘရိုက်တန်
စင်ရော်တို့ကတော့ အရေးကြီးမှ ထဖောက်တတ်တဲ့အသင်းပါ။ လက်ကျန်ပွဲတွေထဲက ဒုတိယအားနည်းဆုံးလို့ ပြောနိုင်တဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ခွက်ခွက်လန်ရှုံးခဲ့ရတာ အရှက်စရာပါ။ ပိုဆိုးတာက နည်းပြဒီဇာဘီ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ဒဏ်ရာအသေးစားရနေတဲ့ ဆိုလီမာ့ခ်ျကို ထည့်ကစားရာကနေ ဒဏ်ရာပိုဆိုးသွားပြီး နောက်နှစ်ပွဲလောက် မပါနိုင်တော့တဲ့အဖြစ်ပါ။ သူနဲ့အတူ နောက်ခံလူ ဝက်ဘ်စတာကလည်း အတူတူနားရပြီမို့ မလွယ်တော့တဲ့အဖြစ်ပါပဲ။ ဒီအတိုင်းဆိုရင်တော့ စင်ရော်တို့ ကွန်းဖရန့်လိဂ်ဝင်ဖို့တောင် မနည်းကြိုးစားရတော့မှာဖြစ်ပါတယ်။

🎯ရွေးချယ်မှု
မူလတည်ကြေးက အာဆင်နယ် (၁+၈၀)နဲ့ ဂိုးပေါင်း (၃+၁၀) ဖြစ်ပါတယ်။ ဒီမနက်မှာတော့ အာဆင်နယ်(၁+၅၀)နဲ့ ဂိုးပေါင်းကြေး (၃-၃၀)ကို တက်လာပါတယ်။ ဘရိုက်တန်ဟာ ကစားကွက်ကို Build upလုပ်တဲ့နေရာမှာ ဂွါဒီယိုလာကတောင် ချီးကျူးရတဲ့အထိ ကောင်းမွန်ပေမယ့် အင်္ဂလိပ်ဘောလုံးလောကရဲ့ အရေးကြီးဆုံးဖြစ်တဲ့ Physical Strengthမှာတော့ အားနည်းပါတယ်။ ဒါကြောင့်လည်း လူထွားကြီးတွေပါတဲ့ အဲဗာတန်ကို မကျော်ဖြတ်နိုင်ဘဲ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီညမှာလည်း အဲ့ပြဿနာကို စင်ရော်တို့ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမစုံတဲ့ အာဆင်နယ်နောက်တန်းဟာ နယူးနဲ့ပွဲကလို ကျစ်လစ်မှုမျိုးမြင်ရဖို့ခက်တာမို့ မီတိုမာတို့ ဂိုးရနိုင်ချေရှိနေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂန်းနားတို့ပဲ အောင်ပွဲဆင်ပါလိမ့်ဦးမယ်။

✅ အာဆင်နယ် + ဂိုးပေါ်

🎯 ဦးစားပေး (၂)

⚔️ လိုက်ဇစ် Vs ဝါဒါဘရီမင်
🎲 လိုက်ဇစ် (၂+၃၀) / (၃-၆၀)

🔴 လိုက်ဇစ်
ကျွဲရိုင်းတို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အပြိုင်လုနေရတဲ့ ဖရိုင်းဘတ်က မနေ့က ယူနီယံဘာလင်ကို ရှုံးခဲ့တယ်။ ဒါကြောင့် ဒီညမှာသာ အနိုင်ကစားထားမယ်ဆိုရင် နောက်အပတ် ဘိုင်ယန်ကွင်းမှာ သွားကစားရမယ့်ပွဲကို လျော်လိုက်လို့ရမယ့်အနေအထားပါ။ အန်ကူကူလည်း ပြန်ပါလာနိုင်ပြီဖြစ်သလို တစ်သင်းလုံးလည်း ဒဏ်ရာကင်းစင်နေတာမို့ အိမ်ကွင်း ရက်ဘူးအရီနာမှာ ကျွဲရိုင်းတို့ အားမာန်အပြည့်ဖြစ်နေမှာပါ။ ဒါပေမယ့် နောက်ဆုံးအိမ်ကွင်း ၅ပွဲမှာ ဟော့ဖန်ဟိမ်းနဲ့ပွဲကလွဲရင် ဂိုးတွေပြန်ပေးထားရတယ်။ လိဂ်ပွဲနှစ်ပွဲဆက်လုံးလည်း ဂိုးအောက်တွေကစားထားတာမို့ ဒီညမှာ ဝါဒါဘရီမင်ကို ဂိုးပြတ်နိုင်ပါ့မလားတော့ စိုးရိမ်ရပါတယ်။

🟢 ဝါဒါဘရီမင်
ဘရီမင်က တန်းဆင်းဇုန်ကနေ ၅မှတ်သာကွာတာမို့ လွတ်ပြီလို့တော့ ပြောဖို့ခက်နေသေးတယ်။ လက်ကျန်သုံးပွဲထဲက တစ်ပွဲနိုင်လိုက်ရင်တော့ လွတ်ပါပြီ။ ဒါပေမယ့် လတ်တလောအဝေးကွင်းပွဲတွေမှာ ဟာသာဘာလင်ကို အနိုင်ရခဲ့တာကလွဲရင် နိုင်ပွဲပျောက်နေတယ်။ အစဉ်အလာအရလည်း ဟိုးရှေးရှေးတုန်းကစလို့ အခုချိန်ထိ လိုက်ဇစ်ကွင်းမှာ ခေါင်းတောင် မော်ကြည့်ခွင့်မရခဲ့ဘူး။ ဘွန်ဒက်လီဂါရဲ့ ခံစစ်အညံ့ဆုံးလေးသင်းထဲမှာ ပါနေတဲ့အနေအထားအရ ဂိုးတွေမပေးရဖို့ထက် ဂိုးပြန်သွင်းနိုင်ဖို့ပဲ အားစိုက်လာမယ့်သဘောကိုတွေ့ရတယ်။ ဒါပေမယ့် အသင်းရဲ့ဂိုးသွင်းစက် ဖူးခရက်မပါနိုင်တာမို့ အားကိုးလို့ရမယ်မထင်ပါဘူး။

🎯 ရွေးချယ်မှု
လိုက်ဇစ်က (၂+၉၀) ပေးထားရာကနေ (၂+၃၀)ကိုတက်လာတယ်။ ဂိုးပေါင်းကြေးကလည်း (၃-၂၀)ကနေ (၃-၆၀)ဖြစ်လာတယ်။ ပအကျော့မှာ (၁-၂)နဲ့ပြီးခဲ့တာကို ဒုအကျော့ရဲ့ ဂိုးပေါင်းကြေးက ပြင်းလာတယ်။ လိုက်ဇစ်က နှစ်ပွဲဆက် ဂိုးအောက်ကန်ထားတာကို ဂိုးပေါင်းကြေးပြင်းနေပုံအရ ဘရီမင်ရဲ့ဂိုးတွေကို မျှော်နေပုံပါပဲ။ ဒါပေမယ့် လိုက်ဇစ်ရဲ့ အမှတ်လိုနေမှုကြောင့် ပွင့်ထွက်လာမယ့် ရုန်းအားကို ဘရီမင်ခံစစ်က တောင့်ခံနိုင်ဖို့မလွယ်တာမို့ လိုက်ဇစ်နဲ့ ဂိုးပေါ်ကို တွဲယူထားရင် နှစ်ကွက်လုံးဝင်သွားနိုင်တယ်လို့ ပြောခဲ့ချင်ပါတယ်။

✅ လိုက်ဇစ် + ဂိုးပေါ်

ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ ဒီလိုရှိပါတယ်။

🎯 အာဆင်နယ် + ဂိုးပေါ်

🎯 လိုက်ဇစ် + ဂိုးပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေနဲ့အတူ ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment