အမ်ဘာပီအပါအဝင် အဓိက ကစားသမား ၇ ဦး ကွာရန်တင်း ဝင်နေရ၍ ပီအက်စ်ဂျီ အခက်တွေ့

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသည် စက်တင်ဘာ ၁၀ ရက်တွင် လန်းအသင်းနှင့်ကစားမည့် လီဂူးအဖွင့်ပွဲစဉ်မတိုင်မီ အသင်းမှ အဓိက ကစားသမား ၇ ဦးခန့် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကြောင့် သီးခြားနေထိုင်လျက်ရှိရာ ပွဲပြင်ဆင်ရာတွင် အခက်တွေ့နေရကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်က ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသော နောက်ဆုံး ပီအက်စ်ဂျီ ကစားသမား ဖြစ်လာသည်။

ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က အမ်ဘာပီတွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း စက်တင်ဘာ ၇ ရက်က စစ်ဆေးတွေ့ရှိရသည်ဟု ကြေညာပြီး ၎င်းသည် စက်တင်ဘာ ၅ ရက်က ဆွီဒင်နှင့်ပွဲကို ပါဝင်ကစားကာ တစ်လုံးတည်းသော အနိုင်ဂိုးကိုပင် သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ၂ ရက်အကြာတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရပြီး မိမိတို့ အသင်းထံ အကြောင်းကြားခြင်းမရှိရာ လက်ခံနိုင်စရာမရှိသော လုပ်ရပ်ဖြစ်ကြောင်း ပီအက်စ်ဂျီ အားက စားဒါရိုက်တာ လီယိုနာဒိုက ဝေဖန်သည်။

ပိုးတွေ့သော ကစားသမားများအနေဖြင့် ၁၄ ရက်ခန့် သီးခြားနေထိုင်ရမည်ဖြစ်ရာ အမ်ဘာပီမှာ လန်းစ်နှင့်ကစားမည့် လီဂူးအဖွင့်ပွဲကိုသာမက စက်တင်ဘာ ၁၃ ရက်တွင် မာဆေးလ်အား ဧည့်ခံကစားရမည့်ပွဲကိုပါ အခြား ကူးစက်ခံရသူ ၆ ဦးနှင့်အတူ လွဲချော်ရတော့မည်ဖြစ်သည်။

ပြင်သစ်လီဂူးမှာ ပွဲစဉ် ၂ အထိ ကစားပြီးသွားပြီဖြစ်သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့သော ပီအက်စ်ဂျီက နားရက်ရကာ လန်းစ်နှင့်ပွဲကျမှသာ စတင်ကစားခွင့် ရရှိထား သည်။

အမ်ဘာပီလိုပင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော အခြား ပီအက်စ်ဂျီ ကစားသ မား ၆ ဦးမှာ တိုက်စစ်မှူးနေမာ၊ ဒီမာရီယာ၊ ပါရီဒက်စ်၊ အိုင်ကာဒီ၊ မာကွင်ဟို့စ်နှင့် ကေလာနာဗက်စ်တို့ ဖြစ်သည်။

အဆိုပါ ကစားသမားများမှာ ပီအက်စ်ဂျီအသင်း၏ အဓိက ကစားသမားများဖြစ်ရာ ၎င်းတို့ မပါဝင်နိုင်ခြင်းကြောင့် ပြင်ဆင်ရာတွင် အခက်တွေ့နေရသည်ဟုလည်း နည်း ပြ သောမတ်စ်တူချယ်က ညည်းတွားသည်။

ထို့ကြောင့် ၎င်းသည် လာမည့်ပွဲများတွင် တိုက်စစ်အတွက် ဒုတိယ ဦးစားပေး ကစား သမားများဖြစ်သော ချူပိုမိုတင်း၊ ဒရက်စလာနှင့် ဆာရာဘီယာတို့ကိုသာ မဖြစ်မနေ အသုံးပြုသွားဖွယ် ရှိနေသည်။

Ref:dailymail

Facebook Comments Box
Facebook Comment