
အပြာရောင် အချစ်ည
အာဆင်နယ်နှင့်ကစားမည့်ပွဲအား အနိုင်ယူပြီး ချန်ပီယံဖြစ်ရေး ရှေ့တလှမ်းတက်မည်ဟု မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာက ပြောသည်။
လက်ရှိတွင် အာဆင်နယ်က မန်စီးတီးအား ၅ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
သို့သော်လည်း မန်ချက်စတာကလပ်က ၂ ပွဲလျော့ကစားထားရာ အချိန်မရွေး ဇယားထိပ်ဆုံးသို့ ပြန်လည်တက်ရောက်နိုင်ခြေရှိသည်။
ဗုဒ္ဓဟူးည အစ်တီဟတ်ပွဲတွင် မန်စီးတီးအနိုင်ရပါက ချန်ပီယံတိုက်ပွဲက ပိုမိုပြင်းထန်လာမည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်သည်။
ဂွါဒီယိုလာက ချန်ပီယံအိပ်မက်အား ဆုပ်ကိုင်နိုင်ရေးအတွက် အာဆင်နယ်ကို အနိုင်ကစားမည်ဟုလည်း ကြုံးဝါးသည်။
“တကယ်လို့ အနိုင်ကစားနိုင်ရင် ချန်ပီယံဖြစ်ဖို့ ပိုနီးစပ်လာမယ်။ ချန်ပီယံအိပ်မက်ကလည်း ကိုယ့်လက်ထဲ ရောက်လာမယ်။
ကျွန်တော်တို့မှာ အခွင့်အရေးရှိနေတယ်။ ဒါကိုလည်း ရယူချင်တယ်။ ကစားသမားတွေကို အနားမပေးဘူး။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလားက အရေးမကြီးပါဘူး” ဟု ၎င်းက ဆိုသည်။