
အပေါ်အသင်းတွေ ဘက်ကနေ ပြတ်ပြတ်သားသား ရပ်ကြမယ်
စီးရီးအေ ပွဲစဉ် ၉ ပွဲကြိုသုံးသပ်ချက်
ဆက်စ်ဆူလို – အင်တာမီလန် (ည ၈:၃၀)
နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက် ရလဒ်ပိုင်း ကျဆင်းနေတဲ့ အင်တာမီလန်ဟာ ယနေ့ညမှာ စီးရီးအေအမြင့်ပျံ ဆက်စ်ဆူလိုအား မာပိုင်းကွင်းသို့ သွားရောက်ကာ ပွဲကျပ် ရင်ဆိုင်ကစားရပါမယ်။
ဆက်စ်ဆူလိုဟာ စီးရီးအေ ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၁၈ မှတ်ရရှိထားပြီး ရှုံးပွဲတစ်ပွဲမျှ မရှိသေးပါဘူး။ ဆက်စ်ဆူလိုဟာ ထိပ်ဆုံးမှ မီလန်နဲ့ ရမှတ် ၂ မှတ်သာကွာဟပါတယ်။ ဒါကြောင့် ယနေ့မှာ သူတို့ဟာ စီးရီးအေကို ဦးဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းလာပါလိမ့်မယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ကက်ဂလီယာရီကို ၄-၂ ဖြင့် အနိုင်ရထားတဲ့ အင်တာဟာ နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲတည်းဘဲ အနိုင်ရရှိထားပါတယ်။ ဒါပေမယ့်လည်း အင်တာဟာ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဆက်စ်ဆူလိုနဲ့ ရမှတ် ၃ မှတ်သာ ကွာဟနေပါတယ်။ ဒါကြောင့် ကွန်တီ ဦးဆောင်တဲ့ အင်တာဟာလည်း ဒီပွဲမှာ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလာပါလိမ့်မယ်။
ဆက်စ်ဆူလိုက ခြေစွမ်းတည်ငြိမ်ပြီး အင်တာမီလန်က ခြေမငြိမ်ပါဘူး။ ဒါပေမယ့် အင်တာမီလန်က ၁ လုံး ၅၀ အနိုင် ဖွင့်လှစ်က အနည်းငယ်ပြင်းတယ်လို့ ပြောလို့ရပါတယ်။ ဂိုးပေါင်းက ၃ လုံး ၅၀ အရှုံး ဖြစ်ပါတယ်။ အိမ်ရှင်အောက်ကြေး လက်မနှေးနဲ့စကားအတိုင်း အောက်စုံပါမယ်။
ဘီနီဗန်တို – ဂျူဗင်တပ် (ည ၁၁:၃၀)
လက်ရှိချန်ပီယံ ဂျူဗင်တပ်ဟာ ယနေ့ညမှာ တန်းတက် ဘီနီဗန်တိုကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။ ဂျူဗင်တပ်ဟာ စီးရီးအေမှာ ရှုံးပွဲ မကြုံရသေးကာ ယခုပွဲမှာလည်း အနိုင်ရရှိရေး ကြိုးပမ်းသွားပါလိမ့်မယ်။
ဂျူဗင်တပ်ဟာချန်ပီယံလိဂ်မှာရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီး ဖြစ်တာကြောင့် ပြည်တွင်းလိဂ်ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဖီးလစ်ပိုအင်ဇာဂီရဲ့ ဘီနီဗန်တိုကလည်း လေးပွဲဆက်တိုက် ရှုံးပြီးမှ ပြီးခဲ့တဲ့အပတ်တုန်းက ဖီအိုရင်တီးနားကို အဝေးကွင်းမှာ အနိုင်ရရှိကာ နလန်ပြန်ထူခဲ့ပါတယ်။
ယခုပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုကို အနားပေးထားတာကြောင့် ဂျူဗင်တပ်တိုက်စစ်ကို မော်ရာတာနဲ့ဒိုင်ဘာလာတို့ ဦးဆောင်လာပါမယ်။
ဂျူဗင်တပ်က တစ်လုံး ၅၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၁၀ အရှုံး ဖြစ်ပါတယ်။ အိမ်ကွင်းမှာဆို ဖွင့်ကစားတတ်တဲ့အပြင် ခံစစ်ကလည်း အမှားများတဲ့ ဘီနီဗန်တိုကြောင့် ဂျူဗင်တပ်နှင့် ဂိုးပေါင်းအပေါ်ဘက်မှာ ရပ်တည်ပါမယ်။
အတ္တလန္တာ – ဗီရိုနာ (နံနက် ၂:၁၅)
အတ္တလန္တာဟာ ကြားရက်တုန်းက လီဗာပူးကို အဝေးကွင်းမှာ အနိုင်ယူပြီး အကောင်းဆုံးပြန်လည် ရရှိလာပါတယ်။ ဒါပေမယ့် ယနေ့မှာ ဂက်စ်ပါရီနီရဲ့ အတ္တလန္တာဟာ အိုင်ဗန်ဂျူရစ်ရဲ့ ဗီရိုနာကို ပွဲကြပ်ရင်ဆိုင်ရပါမယ်။

ဗီရိုနာဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆက်စ်ဆူလိုကို ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးတိုင်ထိမှု၄ကြိမ် တောင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဗီရိုနာဟာ ကြားရက်တုန်းက ကက်ဂလီယာရီကို ကိုပါအီတာလီယာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
အဆိပ်ရှိတဲ့အသင်းနှစ်သင်းတွေ့ပေမယ့် အတ္တလန္တာက ၁ လုံး ၈၀ အရှုံးပေးထားရပါတယ်။ ဂိုးပေါင်းက ၃ လုံး ၈၀ အရှုံး ဖြစ်ပါတယ်။ အတ္တလန္တာကို အရဲစွန့် ရွေးချယ်ပါမယ်။