အပူပြီးတော့ ဖိအား

မန်ယူနိုက်တက်ကတော့
ခရောင်းလမ်းကို
ဖြတ်နေရပြီ။
အဓိကတာဝန်ရှိသူကတော့
နည်းပြ အဲရစ်တန်ဟက်ပေါ့။
ကောင်းခြင်းဆိုးခြင်းက
သူ့အပေါ်မှာ တည်တယ်။

အခုဆိုရင် သရဲနီဟာ
ပရီးမီးယားလိဂ်
ရာသီအစ ၅ ပွဲမှာ
၃ ပွဲရှုံးထားတယ်။
ဒါဟာ သူတို့ရဲ့
ပရီးမီးယားလိဂ်သမိုင်းမှာ
အဆိုးရွားဆုံးသော
ရာသီအစပိုင်း
ရှုံးပွဲပမာဏပဲ။
ဖာဂူဆန်၊ ဒေးဗစ်မွိုက်စ်၊
ဗန်ဟားလ်၊ မော်ရင်ညို၊
ဆိုးလ်ရှား၊ ရန်းနစ်
ဘယ်သူကမှ ဒီလိုအနေအထား
မဖြစ်ခဲ့ဘူး။

ဒတ်ချ်သားလက်ထက်မှ
ဖြစ်လာတာ။ ဒီရာသီမှာ
ကွင်းတွင်းရလဒ်တွေချည်းသာ
ဆိုးနေတာ မဟုတ်ဘူး။
အတွင်းပိုင်းမှာလည်း
အက်ကြောင်းတွေ
လိုက်နေတယ်။
ဆန်ချိုနဲ့ တန်ဟက်ဂ်
ပြဿနာက နည်းပြနဲ့
ကစားသမားကြား
ကတောက်ကဆလို့
ထင်ရင် မှားမယ်။

သေသေချာချာ
စဉ်းစားကြည့်ရင်
အသင်းရဲ့ စည်းလုံးမှုကို
ကျိန်းသေပေါက်
ထိခိုက်မှာပဲ။
ဒါက ကောင်းတဲ့
လက္ခဏာတော့
မဟုတ်ပါဘူး။
အချိန်မီ ဖြေရှင်းနိုင်မှ
တော်ကာကျမယ်။

မဟုတ်ရင်တော့
အပ်နဲ့ထွင်းရမှာကို
ပေါက်ဆိန်ရွေးလိုက်သလို
ဖြစ်သွားလိမ့်မယ်။
နောက်ထပ် ခေါင်းခဲစရာက
ဒဏ်ရာပြဿနာပဲ။
ဗာရန်း၊ မေဆန်မောင့်၊
လုခ်ရှော၊ အမ်ရာဘတ်၊
မာလာစီယာ အပါအဝင်
၈ ယောက်အထိ
နားနေရတယ်။

အခုနောက်ဆုံး
ဂီလာနစာရင်းထဲ
ဝင်လာသူက
ဘစ်ဆာကာ။
အင်္ဂလန်ညာနောက်ခံလူက
ဘရိုက်တန်ကို ရှုံးတဲ့ပွဲမှာ
၈၅ မိနစ်ကျမှ
မာတီနက်ဇ်အစား
လူစားဝင်လာပြီး
ဒဏ်ရာရသွားတာ။
အခုတော့
လနဲ့ချီ အနားယူရမယ်လို့
အသင်းက ကြေညာခဲ့ရပြီ။

ချန်ပီယံလိဂ်ပါ
ဝင်လာချိန်မှာ
အဓိက ကစားသမား
အများအပြား
အနားယူနေရတာက
ဘယ်လောက်အထိ
ဆိုးရွားလိုက်ပါသလဲ။
အခုဆိုရင် သရဲနီဆိုတာ
အသင်းငယ်လေးတွေကပါ
ပမာမခန့် လုပ်နေကြပြီ။
အချဉ်ကြီးကိုဖြစ်လို့။

ဒီတော့ လက်ရှိ
ဖြတ်သန်းနေရတဲ့
ခရောင်းလမ်းကနေ
ပန်းခင်းလမ်းပေါ်
ရောက်လာဖို့
တန်ဟက်ဂ် မဖြစ်မနေ
ဦးဆောင်ရတော့မယ်။
ဘိုင်ယန်နဲ့ပွဲက
အဖြေပဲ။
ရလဒ်ကောင်းရင်ကောင်း
မကောင်းရင်တော့လား…

Facebook Comments Box
Facebook Comment