အနှောက်အယှက်ပေးမှုဖြင့် လာလီဂါဒိုင်လူကြီးဟောင်း ဖမ်းဆီးခံရ

လာလီဂါဒိုင်လူကြီးဟောင်း ဟိုဆေးလူးဝစ် ပါရာဒက်စ် ရိုမီရိုသည် မြို့တော်ကောင်စီ အကြီးအကဲကို အနှောက်အယှက်ပေးမှုဖြင့် စပိန်ရဲတပ်ဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ထားရ ကြောင်း သိရသည်။

စပိန်မီဒီယာများ၏ဖော်ပြချက်အရ မာလာဂါမြို့တော်ကောင်စီ၏အားကစားနှင့်ပွဲတော်များဌာနအကြီးအကဲပါရာဒက်စ်ရိုမီရိုသည် အခြားအရပ်ဘက်ဆိုင်ရာဝန်ထမ်းကို အနှောက်အယှက်ပေးမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စပိန်လာလီဂါတွင် ပွဲ ၉၀ အထိကြီးကြပ်ခဲ့ကာ ၂၀၁၃ ခုနှစ်တုန်းက ဒိုင်လူကြီးဘဝမှ အနားယူခဲ့သည့်သူသည် ပြီးခဲ့သည့်သုံးလအတွင်းတွင် မာလာဂါမြို့တော်ကောင်စီ အကြီးအကဲဂျူအန်ဆက်စ်ဆာကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် အနှောက်အယှက်ပေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆက်စ်ဆာ၏ဖုန်းနံပါတ်ကို ညအချိန်အပါအဝင် တစ်နေကုန် ဖုန်းဆက်ကာ အနှောက်အယှက်ပေးနေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူသည် ဖုန်းဆက်သော်လည်း တစ်စုံတစ်ရာပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါရာဒက်စ်ရိုမီရိုသည် နိုင်ငံရေးပါတီ Ciudadanos ၏ပါတီဝင်တစ်ဦးဖြစ်ပြီး ဆက်စ်ဆာမှာလည်း ပါတီဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ဆက်စ်ဆာသည် နေအိမ်ကို မီးရှို့ခံခဲ့ရဖူးသူဖြစ်ပြီး ယခု တယ်လီဖုန်းဆက်ကာ အနှောက်အယှက်ပေးမှုနှင့် အိမ်မီးတင်ရှို့မှုအကြား အဆက်အစပ် မရှိကြောင်း သိရသည်။

Facebook Comments Box
Facebook Comment