
အန်ဖီးလ်မှာ အောင်ပွဲခံမယ့် လီဗာပူးလ်
ကစားမည့်ရက် – ၁၂-၉-၂၀၂၀
ကစားမည့်အချိန် – ည ၁၁း၀၀ နာရီ
ကစားမည့်ကွင်း – အန်ဖီးလ်(လီဗာပူးလ်)
ဒိုင်လူကြီး – မိုက်ကယ်အိုလီဗာ
ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အတွက် အရေးပါတဲ့ ရာသီအဖွင့်ပွဲစဉ်ပါပဲ။ အာဂျင်တီးနား ဝါရင့်နည်းပြ ဘီယယ်ဆာကတော့ လိဒ်စ်ယူနိုက်တက်ကို ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ပြန်လည်ပို့ဆောင်ပေးပြီးနောက် အကြီးအကျယ် ပြင်ဆင်နေပါတယ်။
လီဗာပူးလ်ရဲ့လက်ရှိအနေအထား

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမှတ်ပေးဖလားကို ပထမဆုံးအကြိမ် ရယူထားတဲ့ လီဗာပူးလ်ဟာ နွေဈေးကွက်မှာ တည်ငြိမ်လျက်ရှိပြီး အိုလံပီယာကို့စ် နောက်ခံလူ ဆီမီကက်စ် တစ်ယောက်တည်းကိုသာ ပေါင် ၁၁ သန်းကျော်နဲ့ ခေါ်ယူထားပါတယ်။
ယာဂန်ကလော့ပ်ဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို စောင့်ကြည့်လျက်ရှိပြီး တကယ်လို့ သူရောက်လာခဲ့ရင် ဝိုင်နယ်ဒမ်က သူ့ဆရာဟောင်း ရော်နယ်ကိုးမန်းရှိတဲ့ ဘာစီလိုနာကို ထွက်ခွာဖို့ များနေပါတယ်။
တိုက်စစ်အတွက် မာနေး၊ ဆာလက်၊ ဖာမီနိုတို့ကိုပဲ ဆက်လက်အသုံးပြုသွားမယ့် လီ ဗာပူးလ်ဟာ နောက်ဆုံးကစားထားတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဘလက်ပူးလ်ကို ဂိုးပြတ်အနိုင်ရထားပါတယ်။
ဘရူးစတား၊ မီနာမီနိုတို့လို လူငယ်ကစားသမားတွေ ခြေစွမ်းပြနေတာက လီဗာပူးလ်အတွက် အားတက်စရာ အနေအထားလို့ ဆိုနိုင်ပါတယ်။
လိဒ်စ်ရဲ့လက်ရှိအနေအထား

၂၀၀၄ ခုနှစ်နောက်ပိုင်း ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ဆီ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်လာပြီးနောက် လိဒ်စ်ဟာ ဗလန်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူထားပါတယ်။
အသက် ၆၅ နှစ်အရွယ် ဝါရင့်နည်းပြ ဘီယယ်ဆာဟာ ယမန်နှစ်ကလိုပဲ တည်ငြိမ်တဲ့ အသင်းလိုက်စုဖွဲ့မှုနဲ့ ဆက်လက်မောင်းနှင်ဖို့ ပြင်ဆင်နေပြီး လူသိပ်မသိတဲ့ ကစားသမားလေးတွေကို ခေါ်ယူထားပါတယ်။
ယမန်နှစ်ရာသီက အသင်းအတွက် ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှူး ပက်ထရစ်ဘမ်ဖို့ဒ်ကို ဆက်လက်ထိန်းထားနိုင်တာက လိဒ်စ်အတွက် ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး ရိုဒရီနဲ့အတူ သူတို့နှစ်ယောက်တိုက်စစ်က စိတ်ဝင်စားစရာ ကောင်းပါတယ်။
ကယ်ဗင်ဖိလစ်၊ အဒမ်ဖော်ရှော၊ ပက်ဘလိုဟာနန်ဒက်ဇ်တို့ရဲ့ကွင်းလယ်ပိုင်းကလည်း ဖန်တီးနိုင်မှုကောင်းပြီး နောက်ဆုံးကစားထားတဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ စတုတ်စီးတီးကို ၃ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူးလ်နဲ့လိဒ်စ်ဟာ သမိုင်းတစ်လျှောက် စုစုပေါင်း ၉၄ ကြိမ်ဆုံတွေ့ဖူးပြီး မာဆေးဆိုက်အခြေစိုက် ကလပ်က ပွဲ ၅၀ နိုင်၊ လိဒ်စ်က ၂၂ ပွဲနိုင်ကာ ၂၂ ပွဲ သရေကျထားပါတယ်။ အန်ဖီးလ်ကွင်း ၄၇ ကြိမ်မှာ လီဗာပူးလ်က ၃၀ ပွဲနိုင်၊ ၁၀ ပွဲသရေကျပြီး ၇ ပွဲသာ ရှုံးထားပါတယ်။
အီလန်ရုတ်ကွင်း ၄၇ ပွဲမှာတော့ အိမ်ရှင်လိဒ်စ်က ၁၅ ပွဲနိုင်၊ ၁၂ ပွဲသရေကျပြီး ဧည့်သည် လီဗာပူးလ်က ပွဲ ၂၀ အနိုင်ရထားတာပါ။ ထိပ်တိုက်ဆုံတွေ့မှု ၉၄ ကြိမ်မှာ လီဗာပူးလ်က ၁၅၁ ဂိုးသွင်းထားပြီး လိဒ်စ်က တော့ ၅၁ ဂိုး သွင်းထားပါတယ်။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၃၀-၁၁-၂၀၁၆ လီဗာပူးလ် ၂ – ၀ လိဒ်စ်
၂၃-၉-၂၀၀၉ လိဒ်စ် ၀ – ၁ လီဗာပူးလ်
၂၉-၂-၂၀၀၄ လိဒ်စ် ၂ – ၂ လီဗာပူးလ်
၂၅-၁၀-၂၀၀၃ လီဗာပူးလ် ၃ – ၁ လိဒ်စ်
၂၃-၃-၂၀၀၃ လီဗာပူးလ် ၃ – ၁ လိဒ်စ်
လီဗာပူးလ် နောက်ဆုံး ၅ ပွဲရလဒ်
၅-၉-၂၀၂၀ လီဗာပူးလ် ၇ – ၂ ဘလက်ပူးလ်
၂၉-၈-၂၀၂၀ အာဆင်နယ် ၁ – ၁ လီဗာပူးလ်
၂၅-၈-၂၀၂၀ ဆဲလ်ဘတ် ၂ – ၂ လီဗာပူးလ်
၂၂-၈-၂၀၂၀ လီဗာပူးလ် ၃ – ၀ စတုဂတ်
၂၆-၇-၂၀၂၀ နယူးကာဆယ် ၁ – ၃ လီဗာပူးလ်
လိဒ်စ် နောက်ဆုံး ၅ ပွဲရလဒ်
၁-၉-၂၀၂၀ စတုတ် ၃ – ၀ လိဒ်စ်
၂၃-၇-၂၀၂၀ လိဒ်စ် ၄ – ၀ ချာလ်တန်
၁၉-၇-၂၀၂၀ ဒါဘီ ၁ – ၃ လိဒ်စ်
၁၆-၇-၂၀၂၀ လိဒ်စ် ၁ – ၀ ဘန်စလေ
၁၂-၇-၂၀၂၀ ဆွမ်ဆီး ၀ – ၁ လိဒ်စ်
ထူးခြားအချက်အလက်များ
လီဗာပူးလ်တိုက်စစ်မှူး ဆာလက်သည် မာဆေးဆိုက်အခြေစိုက် ကလပ်နှင့်အတူ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များတွင် ၃ ရာသီဆက်တိုက် ဂိုးသွင်းထားပြီး ယခုလိဒ်စ်နှင့်ပွဲတွင်သာ ဂိုးသွင်းနိုင်ပါက ၄ ရာသီဆက် ဂိုးသွင်းနိုင်မှု ဖြစ်လာမည်။
ယာဂန်ကလော့ပ်မှာလည်း လီဗာပူးလ်နှင့်အတူ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲများတွင် ၃ ပွဲဆက်တိုက် မရှုံးသေးဘဲ ၁၁ ဂိုးသွင်းကာ ၄ ဂိုးပြန်ပေးထားရ။(ဝက်ဖို့ဒ်နှင့် ၃-၃၊ ဝက်စ်ဟမ်းအား ၄-ဝ၊ နောရစ်ချ်အား ၄-၁ တို့ဖြင့်နိုင်)
လီဗာပူးလ်သည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၂၆ ပွဲတွင် ၂၅ ပွဲအနိုင်ရထား။
ချန်ပီယံရှစ်တွင် ဗိုလ်စွဲထားသော လိဒ်စ်သည် နောက်ဆုံးကစားထားသော ပြိုင်ပွဲအသွင် အဝေးကွင်း ၇ ပွဲတွင် ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထား။
ဖြစ်နိုင်ဖွယ် လူစာရင်း
လီဗာပူးလ်(၄-၃-၃)
ဂိုး – အလစ်ဆန်
နောက် – အာနိုး၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်
လယ် – ဟန်ဒါဆန်၊ ဖာဘင်ညို၊ ကီတာ
ရှေ့ – ဆာလက်၊ ဖာမီနို၊ မာနေး
လိဒ်စ်(၄-၄-၂)
ဂိုး – မက်စ်လီယာ
နောက် – ဒါးလက်စ်၊ ကူးပါး၊ ရော်ဘင်ကော့ချ်၊ အေလင်း
လယ် – ဟာနန်ဒက်ဇ်၊ ဖိလစ်၊ ကလစ်ချ်၊ ကော်စတာ
ရှေ့ – ရိုဒရီဂို၊ ဘမ်ဖို့ဒ်
ဒဏ်ရာရ/ပွဲပယ်
လီဗာပူးလ် – ချိန်ဘာလိန်၊ မာတစ်၊ ဆီမီကက်စ်
လိဒ်စ် – မရှိ
သုံးသပ်ချက်
အိမ်ရှင်လီဗာပူးလ်က တန်းတက်လိဒ်စ်ကို ၂+၉၀ လို့ ဖွင့်လှစ်ထားပါတယ်။ ကစားသ မားအင်အားအရ ကလော့ပ်ရဲ့အသင်းက အသာရနေတာ အမှန်ပါပဲ။
ဘီယယ်ဆာရဲ့အစွမ်းကို လျှော့တွက်လို့မရပေမယ့် အိမ်ကွင်းမှတ်တမ်းကောင်းကို ဆက်လက်ရေးထိုးမယ့် လီဗာပူးလ်နဲ့ပဲ စွန့်စားရမှာပါ။