
အနားယူရမယ့် ကွန်တီ
စပါးနည်းပြ အန်တိုနီယိုကွန်တီသည် သည်းခြေအိတ် ခွဲစိတ်ခဲ့ရ၍ အနားယူရမည်ဖြစ်ကြောင်း လန်ဒန်ကလပ်က ကြေညာသည်။
အီတလီသားသည် ယခုလပိုင်းအတွင်း ဝမ်းဗိုက် မကြာမကြာနာကျင်နေသည်ကို ခံစားသိရှိခဲ့သည်။
ထို့ကြောင့် စစ်ဆေးမှုခံယူခဲ့ရာ သည်းခြေအိတ် ရောင်ရမ်းနေသည်ကို တွေ့ရှိခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့သည်။
ခွဲစိတ်မှုကို ယနေ့ပြုလုပ်ခြင်းဖြစ်ပြီး အမြန်ဆုံး ပြန်လည်သက်သာလာပါစေကြောင်း စပါးက ကြေညာထားသည်။
၎င်း အနားယူနေချိန်တွင် လက်ထောက်နည်းပြ စတယ်လီနီက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။
ကွန်တီ အနားယူရမည့် အချိန်အတိအကျကို မသိရသော်လည်း တနင်္ဂနွေည မန်စီးတီးအား လက်ခံကစားရမည့်ပွဲကိုမူ လွဲချော်ရမည်ဖြစ်သည်။
Ref:bbc
Facebook Comments Box
Facebook Comment