
အဆုံးသတ်သေချာလို့ အနိုင်ရတဲ့ မော်ရိုကို
မော်ရိုကို ၂ – ၁ ကနေဒါ
၂၀၁၈ ဒုတိယဆုရှင် ခရိုအေးရှား၊ ကြေးတံဆိပ်ဆုရှင် ဘယ်လ်ဂျီယံတို့ပါဝင်တဲ့ အုပ်စုမှာ မော်ရိုကို အုပ်စုဗိုလ်ဖြစ်မယ်လို့ ဘယ်သူထင်မလဲ။
ဒါပေမဲ့လည်း အာဖရိကအသင်းက အဆုံးသတ်သေချာမှုကို အခြေတည်ကာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြခဲ့ပါတယ်။
ကနေဒါက အုပ်စုက ထွက်ခဲ့ရပြီဖြစ်ပေမယ့်လည်း ပထမဆုံးနိုင်ပွဲရဖို့အတွက် ကြိုးစားခဲ့လို့ မော်ရိုကို ခက်ခက်ခဲခဲ ကစားခဲ့ရပါသေးတယ်။
ဒါပေမဲ့ လက်ရွေးစင်အသင်းဆီ တကျော့ပြန်ရောက်လာတဲ့ ဟာကင်ဇီရက်ချ်ကြောင့် ၂ ပွဲဆက်အနိုင်ယူကာ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
မော်ရိုကိုအတွက်တော့ ၁၉၈၆ တုန်းက ၁၆ သင်းအဆင့် တက်ရောက်နိုင်တဲ့ စံချိန်ကောင်းကို လိုက်မီခဲ့တာဖြစ်ပြီး ကွာတားအထိ ဆက်တက်ရလှမ်းနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။
Facebook Comments Box
Facebook Comment