အဆိုးများထဲမှ မက်ဂွိုင်းယား ပြန်လာနိုင်မည်ဟု ဆိုးလ်ရှား သုံးသပ်

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ရာသီအစတွင် ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရသော အင်္ဂလန်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား အနေဖြင့် အဆိုးများထဲမှ ပြန်လည်ရုန်းထွက်နိုင်မည်ဟု ပြောကြားလိုက်သည်။

ယူနိုက်တက်ကပ္ပတိန် မက်ဂွိုင်းယားသည် ယခုနှစ် ဘောလုံးရာသီမစမီ ဂရိနိုင်ငံတွင် ရန်ပွဲဖြစ်ပွားကာ တရားရုံးအထိ ဖြေရှင်းနေရသလို ပွဲကစားရချိန်တွင်လည်း ပုံမှန်ခြေစွမ်းမရဘဲ ဝေဖန်ခံနေရသည်။

ထို့အပြင် အင်္ဂလန်က ဒိန်းမတ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း အနီကတ်ပြ သခံခဲ့ရသောကြောင့် ကွင်းတွင်းကွင်းပြင် စည်းကမ်းပိုင်း ညံ့ဖျင်းသူအဖြစ် ကင်ပွန်းတပ်ခြင်း ခံနေရသည်။

လက်စတာ ကစားသမားဟောင်း ၎င်းကို ဝေဖန်နေသူများထဲတွင် ယူနိုက်တက် ကစား သမားဟောင်းများ ပါဝင်နေသောကြောင့် မက်ဂွိုင်းယားအနေဖြင့် ခက်ခဲကြမ်းတမ်းသော နေ့ရက်များကို ဖြတ်သန်းနေရသည်။

ဆိုးလ်ရှားက မက်ဂွိုင်းယား၏ စိတ်နေစိတ်ထားနှင့် တွေးခေါ်ပုံကို မိမိ အနီးကပ် လေ့ လာစောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။

“ဟယ်ရီ(မက်ဂွိုင်းယား)က ခံနိုင်ရည် အရမ်းရှိသူပါ။ ဒါကြောင့် သူ ပြန်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူက ဝေဖန်ခံနေရတဲ့ နောက်ဆုံးပွဲတွေကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာချင်နေပါတယ်။

ဘယ်လ်ဂျီယံကို အနိုင်ရတဲ့ပွဲမှာ ဟယ်ရီက အဆင့်သတ်မှတ်ချက်အရ နံပါတ် ၁ မှာရှိ တယ်။ ဒါက ပုံမှန်နေ့တစ်နေ့ပဲလေ။ နောက်ပွဲကျတော့ အထုတ်ခံလိုက်ရရော။ ဒါက ဘောလုံးပါ။ အနိမ့်အမြင့်၊ အတက်အကျ ရှိပါတယ်။ ဒါကို ခင်ဗျားအနေနဲ့ ကိုင်တွယ်နိုင်ရမယ်” ဟု ဆိုးလ်ရှားက ပြောသည်။

ဆိုးလ်ရှားက အဆိုးများထဲမှ ပြန်လာနိုင်မည်ဟု ဆိုနေသော်လည်း မက်ဂွိုင်းယားသည် ကြံ့ခိုင်မှု အပြည့်မရှိသောကြောင့် နယူးကာဆယ်နှင့် ကစားရမည့်ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေသည်။

Ref:dailymail

Facebook Comments Box
Facebook Comment