အင်္ဂလန်လူစာရင်းတွင် ဖိုဒန် ပါဝင်လာသော်လည်း ဂရင်းဝုဒ်အတွက် နေရာမရှိသေး

မန်စီးတီးအလယ်တန်းကစားသမားဖီးလ်ဖိုဒန်သည် နိုဝင်ဘာလတွင် အင်္ဂလန်အသင်းကစားရမည့် အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်တို့နှင့် ပွဲများအတွက် အင်္ဂလန်အသင်းလူစာရင်းတွင် ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရသည်။

သို့ရာတွင် စက်တင်ဘာလတုန်းက အိုက်စလန်သို့ နိုင်ငံတကာပွဲကစားရန် ရောက်စဉ် ကွာရန်တင်းစည်းမျဉ်းအား ဖိုဒန်နှင့်အတူ ချိုးဖောက်ခဲ့သည့် မန်ယူလူငယ် မာဆင်ဂရင်းဝုဒ်မှာ အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ခြင်း မရှိချေ။ ဖီးလ်ဖိုဒန်နှင့် မာဆင်ဂရင်းဝုဒ်တို့သည် အိုက်စလန်ရှိ ဟိုတယ်သို့ အိုက်စလန်သူ နှစ်ဦးကို ခေါ်ဆောင်ကာ ကွာရန်တင်းစည်းမျဉ်းချိုး ဖောက်ခဲ့ကြပြီး ယင်းဖြစ်ရပ်ကြောင့် အိမ်ပြန်ပို့ခံခဲ့ရသည်။ ထို့အပြင် အင်္ဂလန်နည်းပြဆောက်ဂိတ်သည် ပြီးခဲ့သည့်လ နိုင်ငံတကာပွဲများအတွက် လူစာရင်းတွင် ၎င်းတို့အား ချန်လှပ်ခဲ့သည်။

ထို့အပြင် အင်္ဂလန်အသင်း၏လူစာရင်းတွင် ဒဏ်ရာပြဿနာများကြုံနေရသည့် တိုက်စစ်မှူးဒန်နီအင်းစ်နှင့် အလယ်တန်းကစားသမားကယ်ဗင်ဖီးလစ်တို့ ပါဝင်လာခြင်း မရှိချေ။ ဒိန်းမတ်နှင့်ပွဲတွင် အထုတ်ခံခဲ့ရသည့် ရီစီဂျိမ်းစ်မှာ အင်္ဂလန်လူစာရင်းတွင် ဆက်လက်ပါဝင်ခဲ့သည်။ ချဲလ်ဆီးနောက်ခံလူသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကစားမည့် အိုင်ယာလန်နှင့် ခြေစမ်းပွဲတွင်သာ ပါဝင်နိုင်မည် ဖြစ်ပြီး နှစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘယ်လ်ဂျီယံ၊ အိုက်စလန်တို့နှင့် ပွဲများတွင် ပါဝင်နိုင်မည်မဟုတ်ချေ။ ထို့အပြင် မန်ချက်စတာယူနိုက်တက်အ သင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနှင့် ကစားရမည့် နေးရှင်းလိဂ်အဝေးကွင်းပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ချေ။ အသေးစားတံကောက်ကြောဒဏ်ရာကြောင့် နောက်ဆုံးနိုင်ငံတကာပွဲကို လွဲခဲ့သည့် မန်စီးတီးတိုက်စစ်သမားစတာလင်းမှာလည်း အင်္ဂလန်လူစာရင်းတွင် ပါဝင်ခဲ့သည်။

အင်္ဂလန်နည်းပြဆောက်ဂိတ်သည် လီဗာပူးနောက်ခံလူဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ် ကစားမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကိုလည်း ရွေးချယ်ခဲ့သည်။

အင်္ဂလန်အသင်းလူစာရင်း

ဂိုးသမား – ဂျော်ဒန်ပစ်ဖို့ဒ် (အဲဗာတန်)၊ နစ်ပုပ်(ဘန်လေ)၊ ဒိန်းဟင်ဒါဆင် (ယူနိုက်တက်)။

နောက်တန်း – ထရန်းအလက်ဇန္ဒားအာနိုး (လီဗာပူး)၊ ဘန်ချဲလ်ဝဲလ် (ချဲလ်ဆီး)၊ ကော်နာကွာဒီ (ဝုဗ်)၊ အဲရစ်ဒီယာ (စပါးစ်)၊ ဂျိုးဂိုမက်ဇ် (လီဗာပူး)၊ ရီစီဂျိမ်းစ် (ချဲလ်ဆီး)၊ မိုက်ကယ်ကိန်း (အဲဗာတန်)၊ မက်ဂွိုင်းယား (ယူနိုက်တက်)၊ မိုက်လန်းနေးလ် (အာဆင်နယ်)၊ တိုင်ရုန်းမင် (ဗီလာ)၊ ဆာကာ (အာဆင်နယ်)၊ ထရစ်ပီယာ (အက်သလက်တီကို)၊ ကိုင်လီဝေါလ်ကား (မန်စီးတီး)။

အလယ်တန်း – ဖီးလ်ဖိုဒန် (မန်စီးတီး)၊ ဟင်ဒါဆင် (လီဗာပူး)၊ ဂျက်ဂရယ်လစ် (ဗီလာ)၊ မာဆင်မောင့် (ချဲလ်ဆီး)၊ ဒစ်လန်းရိုက်စ် (ဝက်စ်ဟမ်း)၊ ဂျိမ်းစ်ဝတ်ပရော်စီ (ဆောက်သမ်တန်)၊ ဟယ်ရီဝင့် (စပါးစ်)။

ရှေ့တန်း – အေဘရာဟမ် (ချဲလ်ဆီး)၊ ကယ်ဗတ်လီဝင်း (အဲဗာတန်)၊ ဟယ်ရီကိန်း (စပါးစ်)၊ ရပ်ရှ်ဖို့ဒ် (ယူနိုက်တက်)၊ ဂျာဒွန်ဆန်ချို (ဒေါ့မွန်)၊ စတာလင်း (မန်စီးတီး)။

Facebook Comments Box
Facebook Comment