အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ ကယ်ဗတ်လီဝင်နဲ့ ဆာကာ

ယခုလအတွင်း ဝေးလ်စ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နှင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ပွဲစဉ်များအတွက် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က လက် ရွေးစင် ၃၀ ဦးစာရင်းကို ထုတ်ပြန်လိုက်သည်။

ဟယ်ရီကိန်း ဦးဆောင်သည့် အဆိုပါစာရင်းတွင် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် တစ်ကြိမ်မှ ကစားဖူးခြင်း မရှိသေးသော အဲဗာတန်တိုက်စစ်မှူး ကယ်ဗတ်လီဝင်နှင့် အာဆင်နယ် ဘယ်နောက်ခံလူ ဘူကာယိုဆာကာတို့ ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံရသည်။

၂၃ နှစ်အရွယ် ကယ်ဗတ်လီဝင်သည် ယခုရာသီတွင် ခြေစွမ်းပြ ကစားနေပြီး ပရီးမီးယားလိဂ် ၃ ပွဲတွင် ၅ ဂိုး သွင်းထားသလို ကာရာဘောင်ဖလား ၂ ပွဲတွင်လည်း ၃ ဂိုးသွင်းထားသည်။

၎င်းသည် အင်္ဂလန် ယူ-၂၁ အသင်းအတွက် ၁၇ ပွဲတွင် ၇ ဂိုးသွင်းနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းကြီးတွင်မူ ယခုတစ်ကြိမ်တွင်မှ ပထမဆုံးအကြိမ် ရွေး ချယ်ခံရခြင်း ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဆာကာသည် တောင်ပံတွင်ပါ ကစားနိုင်စွမ်းရှိပြီး အာဆင်နယ် အသင်းကြီးအတွက် ၄၅ ပွဲတွင် ၄ ဂိုး သွင်းယူထားသည်။

ဆာကာသည် ယခုနှစ်အတွင်း အင်္ဂလန် ယူ-၂၁ တွင် ပထမဆုံးအကြိမ် ရွေးချယ်ခံထားရသလို လက်ရွေးစင်အသင်းတွင်လည်း ထပ်မံရွေးချယ်ခံရခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းသည် အောက်တိုဘာ ၈ ရက်တွင် ဝေးလ်စ်နှင့် ခြေစမ်းပွဲ၊ အောက်တိုဘာ ၁၁ ရက်တွင် ဘယ်လ်ဂျီယံ၊ အောက်တိုဘာ ၁၄ ရက်တွင် ဒိန်းမတ်တို့နှင့် နေးရှင်း လိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အင်္ဂလန် လူစာရင်း

ဂိုး – ဟန်ဒါဆန်(ယူနိုက်တက်))၊ နစ်ပုပ်(ဘန်လေ)၊ ပစ်ဖို့ဒ်(အဲဗာတန်)

နောက် – အာနိုး၊ ဂျိုးဂိုမက်ဇ်(လီဗာပူးလ်)၊ ဆာကာ၊ မိတ်လန်းနိုင်းစ်(အာဆင်နယ်)၊ တိုင်ရုန်းမင်းစ်(ဗီလာ)၊ ထရစ်ပီယာ(အက်သလက်တီကို)၊ ဘန်ချီဝဲလ်(ချဲလ်ဆီး)၊ မက်ဂွိုင်းယား(ယူနိုက်တက်)၊ ကိုအာဒီ(ဝုဗ်)၊ ဒီယာ(စပါး)၊ မိုက်ကယ်ကိန်း(အဲဗာတန်)၊ ဝေါ်လ်ကာ(မန်စီးတီး)

လယ် – ဟန်ဒါဆန်(လီဗာပူးလ်)၊ ဒက်ကလန်ရိုက်စ်(ဝက်စ်ဟမ်း)၊ မေဆန်မောင့်(ချဲလ်ဆီး)၊ ကယ်ဗင်ဖိလစ်(လိဒ်စ်)၊ ဝက်ပရောက်စ်(ဆောက်သမ်တန်)၊ ဟယ်ရီဝင့်ခ်(စပါး)

ရှေ့ – စတာလင်း(မန်စီးတီး)၊ ဆန်ချို(ဒေါ့မွန်)၊ ဒန်နီအင့်စ်(ဆောက်သမ်တန်)၊ ဟာဗေးဘန်းစ်(လက်စတာ)၊ အေဘရာဟမ်(ချဲလ်ဆီး)၊ ဂရီးလစ်ရှ်(ဗီ လာ)၊ ဟယ်ရီကိန်း(စပါး)၊ ရက်ရှ်ဖို့ဒ်(ယူနိုက်တက်)၊ ကယ်ဗတ်လီဝင်(အဲဗာတန်)

Ref:FA

Facebook Comments Box
Facebook Comment