အင်္ဂလန်ယူ-၂၁ သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ အဖြစ် အာဆင်နယ်စတားနကီတာ စံချိန်သစ်ရေးထိုး

အက်ဒီနကီတာသည် တူရကီအား အင်္ဂလန်ယူ-၂၁ က အနိုင်ရရှိသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်ယူ-၂၁ သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် မှတ်တမ်းရေးထိုးလာနိုင်ခဲ့သည်။ အင်္ဂလန်ယူ-၂၁ သည် တူရကီယူ-၂၁ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့မှုကြောင့် လာမည့်နှစ်တွင် ကျင်းပမည့် ဥရောပယူ-၂၁ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

နကီတာသည် ပွဲချိန် ၈၄ မိနစ်တွင် ပင်နယ်တီ လွဲချော်ခဲ့သော်လည်း ပွဲချိန် ၈၄ မိနစ်၌ အင်္ဂလန်ယူ-၂၁ အတွက် ၁၄ ဂိုးမြောက်ဂိုးအား သွေးအေးအေးဖြင့် သွင်းယူခဲ့သည်။

အင်္ဂလန်ယူ-၂၁ သည် ပွဲချိန် ၁၇ မိနစ်၌ တာ့ခ်မန်း၏ Own Goal ဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၈၈ မိနစ်တွင် နကီတာက ဒုတိယဂိုး သွင်းယူခဲ့သည်။ တူရကီယူ-၂၁ အတွက် ချေပဂိုးကို နာကျင်အချိန်ပိုတွင် ဒါဗီဆိုဂလိုက သွင်းယူခဲ့သည်။

နကီတာသည် အစောပိုင်းတုန်းက အင်္ဂလန်ယူ-၂၁ အတွက် ဂိုးအများဆုံးသွင်းယူသူအဖြစ် အလန်ရှီးယား၊ ဖရန်ဆစ်ဂျက်ဖားတို့နှင့်အတူ ၁၃ ဂိုးဖြင့် ရပ်တည်နေခဲ့တာ ဖြစ်ပြီး ယခုအခါ ၁၄ ဂိုးဖြင့် အင်္ဂလန်ယူ-၂၁ သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်ယူ-၂၁ သည် ဥရောပယူ-၂၁ ခြေစစ်ပွဲတွင် အုပ်စုပွဲ ၈ ပွဲတွင် ၇ ပွဲ အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ လာမည့်နှစ် ဥရောပ ယူ-၂၁ ပြိုင်ပွဲကို ဟန်ဂေရီနှင့် ဆလိုဗေးနီးယားတို့က အိမ်ရှင်အဖြစ် ကျင်းပသွားမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment