
အင်္ဂလန်မှ ထုတ်ပယ်ခံရပြီးနောက် တွစ်တာအကောင့်ကို ဖျက်လိုက်သည့် ဂရင်းဝုဒ်
မာဆင်ဂရင်းဝုဒ်သည် အင်္ဂလန်လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် သူ၏တွစ်တာအကောင့်ကို ဖျက်လိုက်ကြောင်း သိရသည်။
မန်ယူတိုက်စစ်သမားသည် မန်စီးတီးကွင်းလယ်ကစားသမားဖိုဒင်နှင့်အတူ အိုက်စလန်ရှိ အသင်းတည်းခိုရာ ဟိုတယ်သို့ အိုက်စလန်သူလေးများကို ဖိတ်ကြားပြီးနောက် အင်္ဂလန်အသင်း၏ ထုတ်ပယ်ခြင်းခံခဲ့ရကာ လူများ၏အာရုံ စိုက်ခြင်းခံနေရသည်။

အက်ဖ်အေသည် အဆိုပါကစားသမားနှစ်ဦး၏ကွာရန်တေးစည်းမျဉ်းချိုးဖောက်မှု အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အင်္ဂလန်ပွဲလေးပွဲအထိ မရွေးချယ်ဘဲ အပြစ်ပေးနိုင်ကြောင်း သိရသည်။ ၎င်းတို့သည် အိုက်စလန်တွင် ကွာရန်တေးစည်းမျဉ်းချိုးဖောက်မှုကြောင့် အိုက်စလန်ရဲတပ်ဖွဲ့၏ပေါင် ၁၃၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရသည်။

ဂရင်းဝုဒ်သည် ပြီးခဲ့သည့် ရာသီတုန်းက မန်ယူအတွက် ၁၈ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ပြီးနောက် အိုက်စလန်ပွဲတွက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အ တွက် ကစားခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းသည် ဟိုတယ်သို့ မိန်းကလေး များကို ဖိတ်ကြားမှု ပြုလု်ပခဲ့မှုကြောင့် အွန်လိုင်းတွင် ဝေဖန်ရေးသားမှုများ ခံရပြီးနောက် တွစ်တာအကောင့်ကိုပါ ဖျက်လိုက်ပြီ ဖြစ်သည်။

သူသည် ပြီးခဲ့သည့်ရာသီတုန်းက အကောင်းဆုံးခြေစွမ်းပြနိုင်မှုနှင့်အတူ လာမည့် ရာသီတွင် ဂစ်ဝတ်ဆင်ခဲ့သည့် မန်ယူဂန္ထဝင်ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ခွင့်ရထား သည်အထိ အခွင့်အရေး ရရှိထားသူဖြစ်သော်လည်း အိုက်စလန်ဖြစ်ကြောင့် ကလပ်၏ အပြစ်တင်ခြင်းခံခဲ့ရသည်။
လက်ရှိအချိန်တွင် ဂရင်းဝုဒ်နှင့်အတူ ကွာရန်တေးစည်းမျဉ်းချိုးဖောက်ခဲ့သည့် ဖိုဒင်က သူ့အမှားအတွက် အားလုံးကို တောင်းပန်မှု ပြုလုပ်ထားသည်။