“အင်္ဂလန်ပရီမီးယားလိဂ်ကို သွင်းဂိုးများနဲ့ နှုတ်ဆက်ခြင်း”

(စူပါဆန်းဒေး စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ကို ဖတ်ရှုအား‌ပေးနေကြတဲ့ ဘောလုံးဝါသနာရှင် ညီကိုများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ မနေ့ညရဲ့ ဘွန်ဒက်လီဂါမောင်းတွဲကတော့ နှစ်သင်းနိုင်၊ နှစ်သင်းကျဖြစ်ခဲ့ပါတယ်။ မောင်းတွဲလုံးတွေရဲ့ အဓိကမင်းသားဖြစ်တဲ့ ဒေါ့မွန်ရဲ့ ရင်နင့်ဖွယ်ရလဒ်မှာ ကျွန်တော်တို့လဲ ထပ်တူနာကျင်ခဲ့ရပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသောပရီမီးယားလိဂ်ရဲ့ နောက်ဆုံး နှုတ်ဆက်ချိန်ပါ။ ဒါကြောင့် ဒီညမှာတော့ ပရီမီးယားလိဂ်သီးသန့်ထဲကနေ ထပ်မံရွေးချယ်မှုပြုခဲ့ချင်ပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ ညီကိုတို့ရဲ့ စိတ်ကြိုက်နဲ့တူနေမလားဆိုတာကို စောင့်ကြည့်ပေးကြပါဦး။

1️⃣ အေဗီလာ Vs ဘရိုက်တန် { အေဗီလာ (=-၈၀) / (၃=) }
ဒီပွဲကတော့ ဇယားအထက်ပိုင်းက ဂဏန်းမငြိမ်သေးတဲ့ ကွန်ဖရန့်လိဂ်ဝင်ခွင်နဲ့ သက်ဆိုင်နေပါတယ်။ ဘရိုက်တန်က ယူရိုပါလိဂ်ဝင်ခွင့် သေချာနေပြီဖြစ်ပေမယ့် အိမ်ရှင်ဗီလာကတော့ ဒီပွဲမှာ သုံးမှတ်ရထားမှ နေရာမြဲမှာပါ။ အဆင့်(၈)မှာရှိနေတဲ့ စပါးသာ အနိုင်ရခဲ့ပြီး၊ သူတို့က အနိုင်မရခဲ့ရင် ကွန်ဖရန့်လိဂ်ဝင်ခွင့်ကို ဆုံးရှုံးနိုင်ပါတယ်။ ဘရိုက်တန်ကတော့ အဝေးကွင်းမှာ သိက္ခာအရပဲ ကစားဖို့ရှိတော့မှာပါ။ ဘရိုက်တန်ကို ကျွန်တော်တို့က ဘွတ်ကီရဲ့မွေးစားသားလို့‌ ခေါ်ကြပါတယ်။ အကြောင်းကတော့ ဘွတ်ကီဟာ ဘရိုက်တန်ကို အရမ်းအထင်ကြီးလေ့ရှိပြီး ဖြစ်သင့်တဲ့ကြေးထက် အမြဲပိုဖွင့်လေ့ရှိပါတယ်။ ဒါကိုတောင် ဒီည ဘွတ်ကီက အေဗီလာဘက်ကနေ (=-၈၀)အထိ တင်ဖွင့်ပုံအရ မွေးစားသားကိုဆန့်ကျင်ရမယ့်ညပါပဲ။ ဂိုးပေါင်းကြေးကလည်း မြင့်တက်လာတာမို့ ဗီလာအပေါ်စုံကစားဖို့ နှစ်သက်ဖွယ်ကောင်းနေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ တစ်ကွက်တည်းရွေးရရင် ဂိုးအပေါ်ကို ရွေးယူချင်ပါတယ်။
🎯 အေဗီလာ ဂိုးပေါ်

2️⃣ ချယ်ဆီး Vs နယူးကာဆယ် { နယူးကာဆယ် (=-၃၀) / (၃+၃၅) }
ပွဲတိုင်းကို ဆက်တိုက်ရှုံးနေတဲ့ အလှူ့ဒကာကြီး ချယ်ဆီးရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ပါတယ်။ ချယ်ဆီးဟာ ပြီးခဲ့တဲ့မန်ယူနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု၊ ခြိမ်းခြောက်မှုအစရှိတာတွေကို ပိုမိုလုပ်ပြနိုင်ခဲ့ပေမယ့် (၄-၁)ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာပြီးနောက်မှာ လက်စတာကို အိမ်ကွင်းမှာပဲ ဂိုးမရှိသရေနဲ့ လျော်ကစားခဲ့ပါတယ်။ အားထုတ်မှုမရှိတော့တဲ့ငှက်ကျားတွေကို ပျော်သလိုကန်နေကြတဲ့ ချယ်ဆီးအနေနဲ့ ဂိုးရဖို့မခက်ပါဘူး။ ဒါ့အပြင် အမှားများလွန်းတဲ့ ချယ်ဆီးခံစစ်အပေါက်အပြဲကြီးနဲ့ နယူးကို ဂိုးပေးရဖို့ကလည်း သေချာသလောက်ပါ။ ဒါကြောင့် (၁-၁)တစ်ပေါက်သာ ဂိုးအောက်ဖို့ရှိပြီး အဲ့ထက်လည်းပိုသွားနိုင်တဲ့ အခင်းအကျင်းကြောင့် ဒီပွဲကိုလည်း ဂိုးပေါ်ပဲရွေးချယ်ချင်ပါတယ်။
🎯 ချယ်ဆီး ဂိုးပေါ်

3️⃣ လိဒ် Vs စပါး { စပါး (=-၂၀) / (၃-၃၀) }
ဒီပွဲကတော့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ရမယ့် လိဒ်နဲ့ ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ရမယ့် စပါးတို့ရဲ့ အယ်လင်လမ်းက အားပြိုင်မှုပါ။ ဒီပွဲနဲ့ဆင်တူအဖြစ် ‌မနေ့ညက ဘိုချမ် Vs လေဗာကူဆင်ပွဲကို တွေ့ရမှာပါ။ အဲ့ပွဲမှာ လေဗာကူဆင်က (=-၈၀) ပေးခဲ့တာတောင် ကြေးလဲမအောင် ဘောလဲရှုံးခဲ့ပါတယ်။ ဒါကြောင့် စပါးရဲ့ ဒီည (=-၂၀)ကြေးဟာ အသင်းကြီးငယ်ကို ဘေးခဏထားဦး၊ အမှတ်လိုအပ်ချက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲနဲ့တင် အားရစရာမရှိပါဘူး။ အောက်ကြေးကြိုက်တဲ့ ညီကိုများအတွက် လိဒ်ဘော်ဒီကို ညွှန်းပေးခဲ့ချင်ပါတယ်။ ကျွန်တော်ကတော့ ဒဲ့နီးပါးပေါက်နေတဲ့ ဘော်ဒီကြေးကို လှမ်းထောက်ထားတဲ့ ဂိုးပေါင်းကြေးက (၃-၃၀)အထိ ပြင်းနေတာမို့ ဒီပွဲမှာလည်း တခြားပွဲတွေနည်းတူ ဂိုးပေါ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
🎯 လိဒ် ဂိုးပေါ်

4️⃣ အဲဗာတန် Vs ဘုန်းမောက် { အဲဗာတန် (၁-၂၀) / (၃+၅၀) }
ပရီမီးယားလိဂ်မှာ ဖျက်မြင်းတစ်ကောင်အဖြစ် အစဉ်အလာကြီးမားခဲ့တဲ့ အဲဗာတန်ဟာ ဒီနှစ်မှာလဲ မနှစ်ကလိုပဲ ရာသီကုန်ခါနီးအထိ တန်းဆင်းတိုက်ပွဲကို နွှဲရပြန်ပါပြီ။ အိမ်ကွင်းနောက်ဆုံးသုံးပွဲဆက်ရှုံးထားတဲ့ အဲဗာတန်အနေနဲ့ ဘုန်းမောက်ကို (၁-၂၀)ပေးထားတာက အမှတ်လိုအပ်ချက်ကြောင့်ဆိုတာ ထင်ရှားပါတယ်။ ဘုန်းမောက်ကတော့ ဖိအားကင်းကင်းနဲ့ ကစားခွင့်ရနေပြီး အဝေးကွင်းရလဒ်တွေလည်း သိပ်မဆိုးတာတွေ့ရပါတယ်။ ‌နှစ်ပွဲဆက်ဂိုးအောက်ဝင်ထားတဲ့ အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုမှာ ဖွင့်လှစ်ထားတဲ့ (၃+၅၀)ဂိုးပေါင်းကြေးဟာ သင့်လျော်မှုရှိပါတယ်။ အထူးသဖြင့် အဲဗာတန်ရဲ့ ဂိုးအောက်စရိုက်ကြောင့် အိမ်ကွင်းပွဲတွေမှာ (၂-၈၀)သာ မိုင်ကုန်ဖွင့်လေ့ရှိတဲ့ အစဉ်အလာကို ဆန့်ကျင်ထားတဲ့ ဂိုးပေါင်းကြေးဖြစ်နေတာမို့ ဒီပွဲမှာလည်း ဂိုးပေါ်သွားမယ်လို့ ယုံကြည်မိပါတယ်။
🎯 အဲဗာတန် ဂိုးပေါ်

ဒီညအတွက် ကျွန်တော့်ရဲ့ မောင်းတွဲလုံးများကတော့ ဒီလိုရှိပါတယ်။

🎯 အေဗီလာ ဂိုးပေါ်

🎯 ချယ်ဆီး ဂိုးပေါ်

🎯လိဒ် ဂိုးပေါ်

🎯 အဲဗာတန် ဂိုးအပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ

Facebook Comments Box
Facebook Comment