
အင်္ဂလန်ပရီမီးယားလိဂ် ပွဲစဉ်(၁၈) စိတ်ကြိုက်ရွေးချယ်မှု

ပရိသတ်အားလုံး မင်္ဂလာပါဗျ။ အရင်ပတ်က ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ တစ်ပတ်စာစိတ်ကြိုက်ပွဲတွေကတော့ လေးကွက်လုံး All Winနဲ့လွတ်မြောက်နိုင်ခဲ့တာမို့ အထူးဝမ်းသာမိပါတယ်။ ဒီအပတ်မှာလည်း အင်္ဂလန်ပရီမီးယားလိဂ်ပွဲစဉ်တွေထဲက ကျွန်တော်နှစ်သက်မိတဲ့ ပွဲစဉ်အချို့ကို တင်ဆက်ပေးပါရစေ။ထုံးစံအတိုင်း စနေညအတွက် နှစ်ပွဲ၊ တနင်္ဂနွေညအတွက် နှစ်ပွဲဆိုပြီး ရွေးချယ်ပေးချင်ပါတယ်။ အခုပွဲကြိုမှာတော့ စနေညမှာကစားမယ့် ပွဲစဉ်အချို့ထဲက ကျွန်တော်စိတ်ကြိုက်ဖြစ်တဲ့ နှစ်ပွဲကို အရင်ဆုံးတင်ဆက်ပေးခဲ့ပါရစေ။
“ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ အဲရစ်တန်ဟက်ဖြေရှင်းရမယ့် အဝေးကွင်းပုစ္ဆာ”
⚔️ ဝုဗ် Vs မန်ယူ
🎲 မန်ယူ (၁+၉၀)
🟡ဝုဗ်
နည်းပြ လိုပက်တီဂူလက်ထက်မှာ ဝံပုလွေတို့ အစွယ်ပြန်ပေါက်လာပါတယ်။ လိဂ်ဖလားမှာ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့အပတ်က အဝေးကွင်းမှာလည်း အဲဗာတန်ကို အသည်းခွဲဂိုးနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ ဒီလောက်ဆို လိုပက်တီဂူနဲ့အတူ ဝံပုလွေလက်မှတ်တွေ အပြေးဝယ်ထားရတော့မှာလားဆိုရင်တော့ မသေချာသေးဘူးလို့ပဲ ပြောရမှာပါ။ တော်ဖီတွေကို အနိုင်ရခဲ့တဲ့ပွဲမှာ ဝုဗ်ရဲ့ခံစစ်ကောင်းတာထက် အဲဗာတန်က အခွင့်အရေးတွေဖြုန်းလွန်းအားကြီးတာကြောင့်သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုခေတ်လွန်ကာလမှာ ပုံစံကောင်းပြန်ရနေတဲ့ သရဲနီတို့ကို အိမ်ကွင်းမှာ သရေတစ်မှတ်ရဖို့တောင် မနည်းရုန်းကန်ရပါလိမ့်မယ်။ လိုပက်တီဂူရဲ့ အရည်အချင်းကို အစမ်းသပ်ခံရမယ့် ပွဲပါပဲ။
🔴 မန်ယူ
ကမ္ဘာ့ဖလားပြီးတဲ့နောက်မှာ ယူနိုက်တက်ဟာ အဟုန်တစ်ခုကို စတင်ထိစမ်းမိနေပါတယ်။ အသင်းတိုင်းမှာတွေ့နေကျဖြစ်တဲ့ ဆက်တိုက်ကြီးကြွေတက်နေမှုမျိုးပေါ့။ ဒါပေမယ့် ယူနိုက်တက်ဟာ အဲ့လိုအဟုန်တစ်ခုရလာတိုင်း upsetတစ်ပွဲနဲ့ ထိုးဆင်းတတ်တာကြောင့် မယုံရဲရဲ ယုံရဲရဲဖြစ်ရပါတယ်။ ဒီရာသီအဝေးကွင်းပွဲတွေမှာ ခြေအရ ကြေးအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ရလဒ်တွေ ပေါ်ခဲ့တာဆိုလို့ မန်စီးတီးကို(၆-၃)နဲ့အရှုံး၊ ဖူဟမ်ကို(၁-၂)နဲ့အနိုင်တို့ပဲ ဖြစ်ပါတယ်။ ကျန်အဝေးကွင်းရလဒ်တွေက ဘရန်းဖို့ဒ်ကို(၄-၀)၊ဘရိုက်တန်ကို(၄-၁)၊ အေဗီလာကို (၃-၁)တို့ဖြစ်ကြတာမို့ တကယ့်ကို upsetတွေပဲဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ယူနိုက်တက်ဟာ အဝေးကွင်းခြေမငြိမ်သေးဘူးလို့ ပြောရမှာပါ။ ထိပ်ဆုံးလေးသင်းထဲဝင်ပြီး ချန်ပီယံလိဂ်ဆီ ချီတက်ဖို့ဆိုရင် အိမ်ကွင်းမှာပဲ အိမ်ကျယ်ဖြစ်မနေဘဲ အဝေးကွင်းမှာလည်း တူတူတန်တန်ရလဒ်တွေ ဖန်တီးနိုင်ရမှာဖြစ်ပါတယ်။ နည်းပြတန်ဟက်အနေနဲ့ ဒီပွဲမှာ ရမှတ်အပြည့်ယူပြပြီး ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်တစ်နေရာကို အပီအပြင်ပုံဖော်ပြတော့မှာလည်း ဖြစ်ပါတယ်။
📝 သုံးသပ်ချက်
ဝုဗ်အိမ်ကွင်းလို့ ကြားလိုက်တာနဲ့ ဂိုးအောက်ကို ထကိုင်မိတဲ့အထိ ဝုဗ်ဟာ ခေတ်အဆက်ဆက် အိမ်ကွင်းခံစစ်ကောင်းပါတယ်။အခုလို နည်းပြသစ်နဲ့ ကြွေပြန်မိနေတဲ့အချိန်မှာဆိုရင် ပြောစရာကိုမလိုပါဘူး။ အလားတူပဲ တစ်ဖက်က သရဲနီတို့ကလည်း အဝေးကွင်းဆို သိသိသာသာကို တိုက်စစ်က ရုန်းကန်ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးအောက်တစ်ကွက်ဟာ လာပါယူပါဆိုပြီး ဖွင့်ထားသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပွဲကို ဘော်ဒီရွေးချယ်မှုနဲ့ သွားကြည့်ချင်ပါတယ်။ မန်ယူဘက်က (၁+၉၀)ဆိုတာ ကြေးပျော့နေသယောင်ရှိပေမယ့် မူလတည်ကြေးအရ အနည်းငယ်တက်လာတာဖြစ်ပါတယ်။ နှစ်သင်းလုံး ပြီးခဲ့တဲ့အပတ်က ရလဒ်ကောင်းတွေရခဲ့သည့်တိုင် ဝုဗ်ရဲ့နိုင်ပွဲကို ဘွတ်ကီတွေ အလေးမပေးထားဘူးဆိုတာ မြင်သာပါတယ်။ မန်ယူရဲ့ အဝေးကွင်းရလဒ်တွေ လျော့ရဲတတ်တာနဲ့ ယှဉ်ကြည့်ရင် ဒီကြေးဟာ မျှတတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ မန်ယူကို ဂိုးအောက်နဲ့တွဲမြည်းရင်း new yearညကို ကျော်ဖြတ်ကြည့်ရအောင်ပါ။
🎯ရွေးချယ်မှု
✅မန်ယူ ဘော်ဒီ / ဂိုးအောက်
⚽ ခန့်မှန်းရလဒ် = (၀-၂)
“လန်ဒန်မြေပေါ်မှာ သူတော်စင်တွေ ဒူးထောက်ရဦးမလား”
⚔️ ဖူဟမ် Vs ဆောက်သမ်တန်
🎲ဖူဟမ် (-၉၀) / (၃+၅၀)
⚪ဖူဟမ်
တန်းတက်အသင်းဖြစ်ပေမယ့် ဖူဟမ်ဟာ ပုံစံကောင်းကို ပြသထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲက လန်ဒန်ဒါဘီအဖြစ် ပဲလေ့စ်ရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ (၀-၃)ဆိုတဲ့ရလဒ်နဲ့ အပြတ်အောင်ပွဲရခဲ့ပါတယ်။ အနီကတ်မိသွားတဲ့ ပဲလေ့စ်ကြောင့် ၃ဂိုးထိပြတ်သွားတယ်လို့ ပြောနိုင်ပေမယ့် ၁၁ယောက်ချင်းကစားလည်း ဖူဟမ်ဟာ ခြေအသာနဲ့ အနိုင်ရဦးမှာ ထင်ရှားပါတယ်။ ဖူဟမ်ဟာ လက်ရှိအဆင့်(၁၀)မှာရပ်တည်နေပြီး ကမ္ဘာ့ဖလားပြီးမှ ပုံစံကောင်းကို ပြန်ရှာတွေ့နေတဲ့အသင်းလည်း ဖြစ်ပါတယ်။နောက်ဆုံးအိမ်ကွင်း၅ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး နှစ်ပွဲရှုံးထားပေမယ့် ရှုံးခဲ့တဲ့အသင်းတွေက ဇယားအထက်ပိုင်းက နယူးကာဆယ်နဲ့ မန်ယူတို့ကို ရှုံးထားတာမို့ နားလည်ပေးလို့ရပါတယ်။ထိပ်တိုက်တွေ့ဆုံမှုအရ သူတော်စင်တွေကို အသာစီးမရခဲ့ပေမယ့် လက်ရှိမှာတော့ တိုက်စစ်မှူးမီထရိုဗစ်ရဲ့ ဂိုးသွင်းခြေတွေ့နေမှုနဲ့အတူ ကစားပုံအားရစရာကောင်းနေတာမို့ ဒီညမှာ ဖူဟမ်အသင်းအနိုင်ရဖို့ အားကောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
🔴 ဆောက်သမ်တန်
သူတော်စင်တွေကတော့ လက်ရှိမှာ ဇယားအောက်ဆုံးကို ရောက်နေပြီး တန်းမဆင်းရဖို့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ စိန့်တို့ဟာ ခံစစ်မာကျောမှုနဲ့အတူ ပရီမီးယားလိဂ်မှာ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခံစစ်က အတော့်ကိုပျက်ယွင်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီမီးယားလိဂ်သုံးပွဲမှာ ၁၀ဂိုးအထိ ခွင့်ပြုခဲ့ရတာလည်းတွေ့ရပါတယ်။ တန်းမဆင်းရဖို့ ရုန်းကစားနေရတာဖြစ်လို့ တိုက်စစ်ကလည်း ပွဲတိုင်းနီးပါး ဂိုးရလာပေမယ့် ခံစစ်ညံ့ဖျင်းမှုကြောင့် အိတ်ပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် အဝေးကွင်း၈ပွဲမှာ ၆ပွဲအထိရှုံးနိမ့်ထားတာက ဒီညကစားမယ့်ပွဲမှာ သူတို့ကို ယုံကြည်ပေးဖို့ ခဲယဉ်းစေတာဖြစ်ပါတယ်။
📝 သုံးသပ်ချက်
ထိပ်တိုက်တွေ့ဆုံမှုတွေအရ စိန့်တို့ဟာ ဖူဟမ်ကွင်းမှာဆို ရလဒ်ကောင်းတတ်တာတွေ့ရပါတယ်။ ဖူဟမ်ကွင်းမှာ လာကစားခဲ့တဲ့ နောက်ဆုံး၅ကြိမ်မှာ ၃ကြိမ်နိုင်၊ ၁ကြိမ်သရေကျထားပြီး ၁ကြိမ်သာ ရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းအရတော့ ဖူဟမ်က အသာစီးရယူနိုင်စွမ်းရှိနေပြီး စိန့်တို့နဲ့တွေ့တိုင်း အရေးနိမ့်ခဲ့တာကို ချေဖျက်ပြရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ စိန့်တို့ရဲ့ တန်းမဆင်းရဖို့ ရုန်းကန်နေမှုကိုလည်း မြင်ရတာမို့ သူတို့ဘက်က တစ်ဂိုးရနိုင်ချေကိုလည်း မျက်ကွယ်ပြုလို့မရပါဘူး။ ဒါကြောင့် ဖူဟမ်ရဲ့အနိုင်မှာ စိန့်တို့ရဲ့ တစ်ဂိုးကိုထည့်ပေါင်းရဖို့ရှိနေပြီး ကြေးပြောင်းအရလည်း (၃+၈၀)ကနေ (၃+၅၀)အထိ ဂိုးပေါင်းကြေးမြင့်လာတာကို ကြည့်ရင် နီးစပ်မှုရှိတာ တွေ့ရပါတယ်။ ဒါကြောင့် ဖူဟမ်ကို ဂိုးပေါ်နဲ့တွဲပြီး ရွေးချယ်ကြည့်ချင်ပါတယ်။
🎯ရွေးချယ်မှု
✅ ဖူဟမ် ဘော်ဒီ / ဂိုးပေါ်
⚽ခန့်မှန်းရလဒ် = (၂-၁)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။