အင်္ဂလန်နံပါတ်တစ်ဂိုးသမားနေရာအတွက် တိုက်ပွဲဖွင့်ပေးလိုက်သည့် ဆောက်ဂိတ်

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က ဂျော်ဒန်ပစ်ဖို့ဒ်ကို အင်္ဂလန်နံပါတ် ၁ ဂိုးသမားအဖြစ် အာမ မခံနိုင်ကြောင်းနှင့် ယူနိုက်တက်၏ဒိန်းဟင်ဒါဆင်၊ ဘန်လေ၏နစ်ပုပ်တို့အတွက် တံခါးဖွင့်ပေးထားကြောင်း ပြောကြားလိုက်သည်။

အင်္ဂလန်သည် ယနေ့ညတွင် ဝင်ဘာလေကွင်းတွင် ဝေးလ်နှင့် ခြေစမ်းပွဲကစားသွားမည် ဖြစ်သည်။ ဆောက်ဂိတ်သည် ဝေးလ်နှင့်ပွဲတွင် ဟင်ဒါဆင် (သို့မဟုတ်) ပုပ်ကို အသုံးပြုသွားမည် ဖြစ်သည်။

ပစ်ဖို့ဒ်သည် နောက်ပိုင်း ပွဲစဉ်များတွင် အဲဗာတန်၌ အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်လာခဲ့ရသည့်အပြင် အမှားများ ကျူးလွန်လာခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် ဆောက်ဂိတ်သည် ဟင်ဒါဆင်နှင့် နစ်ပုပ်တို့အား နေရာအတွက် တိုက်ပွဲဝင်ရန် တံခါးဖွင့်လာခြင်းလည်း ဖြစ်သည်။

ဆောက်ဂိတ်က “ဂျော်ဒန် အမှားတွေ လုပ်တာ သိပါတယ်။ နစ်လည်း အမှားလုပ်ခဲ့တယ်။ ဒိန်းကလည်း လိဂ်ဖလားပွဲစဉ်တွေဘဲ ကစားရသေးတယ်။ ဒီတော့ သူတို့အကြား ကွာဟချက်က သိပ်မများပါဘူး။ ဝေးလ်ပွဲမှာ အပြောင်းအလဲ တစ်ခု လုပ်ပါမယ်။ ဒါက အခြားတစ်ယောက်အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်နေပါတယ်။ ဂိုးတွေကို ရွေးချယ်နေပြီး အခွင့်အရေး မပေးတာ မျှတမှုမရှိပါဘူး။ ဂျော်ဒန်(ပစ်ဖို့ဒ်)က ကျွန်တော်တို့အတွက် အကောင်းဆုံး လုပ်ပေးလာခဲ့တဲ့သူပါ။ သူ့ရဲ့ အဲဗာတန်လက်စွမ်း(အမှား)ကို မျက်ကွယ်မပြုထားပါဘူး။ ကျွန်တော်တို့ကတော့ သူတို့ ကျွန်တော်တို့ဆီ ရောက်နေတဲ့အချိန်မှာ အကောင်းဆုံး လက်စွမ်းရအောင် အကူအညီပေးသွားပါမယ်” ဟု‌ ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment