
အင်္ဂလန်နောက်ကိုဆက်လိုက်မယ် ဟာရီကိန်းဂိုးတွေ တွေ့ရတဲ့အထိ…
✍️ မောင်ရဲတိုက်

⬛ ဝေးလ် Vs အီရန်
ဝေးလ်က ကံသီလို့ USAနဲ့ သရေကျခဲ့ပြီး တစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ ကံဆိုတာကလည်း ဒီလိုပြိုင်ပွဲတွေမှာအနည်းနဲ့အများ လိုအပ်တဲ့အရာပဲ မဟုတ်လား။ USAကို အစီးသရေမကစားနိုင်ပေမယ့် တန်ပြန်တိုက်စစ်ကနေဂိုးပေါက်ကို ခြိမ်းခြောက်ရာမှာတော့ သူတို့က ပိုသာခဲ့တာတွေ့ရပါတယ်။ ဂါရက်ဘေးရဲ့ ဦးဆောင်နိုင်စွမ်းက ဝေလသားတွေကို ပွဲချိန်ပြည့် ကစားအားတင်နိုင်ဖို့ ဖြစ်စေခဲ့သလို ဝီလီယမ်၊ အမ်ပါဒူတို့ရဲ့ ကွင်းလယ်က USAရဲ့တိုက်စစ်လမ်းကြောင်းကို ကောင်းစွာဖြတ်တောက်နိုင်ခဲ့တာတွေ့ရပါတယ်။ တိုက်စစ်မှာ ဒန်နီရယ်ဂျိမ်းထက် ဝီလ်ဆင်က ပိုပြီးရုပ်ထွက်လှခဲ့သလို အရန်တိုက်စစ်မှူးတွေကလည်း အားရစရာကောင်းခဲ့ပါတယ်။ လုပ်ရည်ကိုင်ရည်လည်းပိုရှိတဲ့အပြင် ဒီပွဲပြီးရင် အင်္ဂလန်နဲ့တွေ့ရမယ်ဆိုတာကြီးက သူတို့ကို မဖြစ်ဖြစ်အောင် အနိုင်ကစားစေဖို့ဖြစ်လာစေမှာပါ။
အီရန်က အင်္ဂလန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် သူတို့ခြေစွမ်းကို လျှော့တွက်လို့မရပါဘူး။ အင်္ဂလန်ကို ခံစစ်ပိတ်ဆော့ဖို့ ရွေးချယ်လိုက်ခြင်းက ဘယ်လင်ဂမ်တို့ကို စိတ်ကြိုက်လှုပ်ရှားဖို့ခွင့်ပေးလိုက်သလိုဖြစ်သွားပြီး သူတို့ကိုဒုက္ခများစေခဲ့တာပါ။ ဒုတိယပိုင်းမှာ တိုက်စစ်ကစားသမားတွေထည့်ပြီး ဖွင့်ကစားချိန်မှာတော့ နှစ်ဂိုးပြန်ရခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ဝေးလ်နဲ့ပွဲမှာ သူတို့ရဲ့အနိုင်ရနိုင်ခြေကိုလည်း ထည့်မတွက်လို့မရပါဘူး။ ကွင်းလယ်လူဂိုလီဇာဒက်နဲ့ ပေါ်တိုတိုက်စစ်မှူး တာရီမီတို့ အတူတူပွဲထွက်လာခဲ့ရင် ဝေးလ်နောက်တန်းကို အလုပ်များစေနိုင်မှာဖြစ်ပါတယ်။ ရမှတ်(၀)ဖြစ်နေတာမို့ သရေကိုရည်ရွယ်ကစားနေဖို့ မဖြစ်တော့တာကြောင့် ပထမပွဲက ခြေစွမ်းနဲ့ မတူတော့တဲ့ အီရန်ကို တွေ့မြင်ရနိုင်ပါတယ်။
ဖွင့်လှစ်မှုအရ လွန်ခဲ့တဲ့ငါးရက်အထိ ဝေးလ်ဘက်က သရေ၃၀ရှုံးနဲ့ ကြေးကျောပေးထားတာမို့ ပြတ်ပြတ်သားသားမဖြစ်တဲ့ကြေးက ဒွိဟဖြစ်စေနိုင်ပါတယ်။ ဂိုးပေါင်းမှာတော့ (၂-၃၀)ခန့်နဲ့ ကြေးကျောပေးထားတာတွေ့ရပါတယ်။ဒါပေမယ့် ဘော်ဒီကြေးက သရေ(၈၀)ရှုံးအထိ ဒီမနက်မှာ မြင့်တက်လာခဲ့ပြီး ကြေးအရကြည့်ရင် ဝေးလ်ဘက်ကအနိုင်ရဖို့ အတော့်ကိုအားကောင်းလာတာ တွေ့ရပါတယ်။ ဒါကြောင့် ခြေစွမ်းတည်ငြိမ်မှု၊ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အသင်းလိုက်အတွဲညီညီကစားနိုင်မှုမှာ ဝေးလ်ကပိုသာနေသလို အင်္ဂလန်နဲ့မတွေ့ခင် အမှတ်ရထားဖို့လည်းလိုနေတာမို့ ဂါရက်ဘေး၊ ဒန်နီရယ်ဂျိမ်းတို့နဲ့ လက်တွဲထားကြည့်ချင်ပါတယ်။ ဝေးလ်ဘော်ဒီကို ယူပါမယ်။
ဝေးလ် ⭐⭐

⬛ ကာတာ Vs ဆီနီဂေါ
အိမ်ရှင်ကာတာရဲ့ ပထမပွဲခြေကတော့ အတော့်ကိုဆိုးရွားခဲ့တာပါ။ ဂိုးပေါက်ကိုတောင် တစ်ကြိမ်တည့်အောင် မကန်နိုင်ခဲ့သလို ခံစစ်၊ ဂိုးသမား၊ ကွင်းလယ်တို့မှာလည်း အတော်ဆိုးဆိုးပါပဲ။ ဒီကမ္ဘာ့ဖလားမတိုင်ခင် ကျွန်တော်သူတို့ရဲ့ replayပွဲတွေ ရှာကြည့်တော့ ဒီလောက် ရုပ်ပျက်တာ မတွေ့ခဲ့ရပါဘူး။ Asian Cupကိုတောင် အနိုင်ရထားတဲ့အသင်းက အာရှအသင်းတွေအားလုံးထဲ အဆိုးဆုံးဖြစ်နေတာ စိတ်မချမ်းသာစရာပါပဲ။ ကြားနေရတဲ့ကောလဟာလတွေနဲ့ သူတို့နိုင်ငံရဲ့ အရှုပ်အထွေးတွေကြားမှာ ကစားသမားတွေ ဖိအားဝင်သွားခဲ့ပုံရပါတယ်။ ဒါကြောင့် ဒီညမှာတော့ သူတို့လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်မယ်၊ အနိုင်ရတဲ့ထိ မဟုတ်တောင် ရုပ်မပျက်အောင်တော့ ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တစ်ဖက်က ဆီနီဂေါက ဒီအုပ်စုမှာ ဒုတိယရေပန်းစားနေတဲ့ အသင်းပါ။ နယ်သာလန်ကို ခြေအသာနဲ့ မာမာထန်ထန်ကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးအမှားတစ်ချို့က သူတို့ကို ကံဆိုးစေခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်ကာတာကို မဖြစ်မနေအနိုင်ကစားရတော့မယ့် အနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မာနေးမရှိတော့တဲ့ တိုက်စစ်ကို အစ္စမိုင်ဆားက ဦးဆောင်နေပြီး နယ်သာလန်နဲ့တုန်းက ဗန်ဒိုက်တို့ခံစစ်ကြောင့်သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ကာတာခံစစ်နဲ့အတွေ့မှာတော့ ဒီယာနဲ့ အစ္စမိုင်ဆားတို့ ဂိုးတွေပွင့်လန်းဖို့ရှိမယ်လို့ မျှော်လင့်ရပေမယ့် မာနေးရှိစဉ်မှာတည်းက တစ်ပွဲကို ၂ဂိုးထက်ပိုမရတာမို့ ဒီညပွဲကို ဂိုးအောက်နဲ့သာ ဖြတ်ကျော်ကြည့်ချင်ပါတယ်။
ဆီနီဂေါ ဂိုးအောက် ⭐⭐

⬛ နယ်သာလန် Vs အီကွေဒေါ
ဆီနီဂေါကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဖရန်ကီဒီဂျောင်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ နယ်သာလန်တို့ (၃)မှတ်စုဆောင်းထားနိုင်ခဲ့တာကြောင့် ယုံကြည်မှုအပြည့်ရှိနေမှာပါ။ ဒီပွဲကိုပါ ထပ်နိုင်လိုက်ရင် နောက်တစ်ဆင့်တက်ဖို့အတော်အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ အကြိတ်အနယ်အားထုတ်ခဲ့ရပေမယ့် ဒီဂျောင်၊ ဂက်ပိုတို့ ဒဏ်ရာပြဿနာမရှိခဲ့ခြင်းက အခုပွဲအတွက် အားရစရာပါပဲ။ ဒါ့အပြင် ဆီနီဂေါပွဲမှာ အရန်အဖြစ်သာကစားရတဲ့ ဘာစီလိုနာတိုက်စစ်မှူးဒီပေးကို ဒီပွဲမှာ ထည့်သုံးလာတော့မယ်ဆိုရင် နယ်သာလန်တိုက်စစ်က အရင်ပွဲထက် ပိုပြီးအဆိပ်ပြင်းသွားနိုင်ပါတယ်။
အီကွေဒေါကတော့ အန်နာဗလင်စီယာရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်ကာတာကို အပြတ်ဆုံးမပြီး (၃)မှတ်ရယူထားနိုင်ခဲ့ပါတယ်။ အဲ့ပွဲမှာ အီကွေဒေါကပဲ တစ်ဖတ်သက်စိုးမိုးကစားနိုင်ခဲ့တယ်ဆိုပေမယ့် တစ်ဖက်က အိမ်ရှင်ကာတာရဲ့ ကန်တင်ပြေးထက်မပိုတဲ့ ကစားကွက်ကြောင့်လည်း အသာစီးရနိုင်ခဲ့တာပါ။ ဥရောပအသင်းတွေထဲ အင်အားကြီးတစ်သင်းဖြစ်တဲ့ နယ်သာလန်နဲ့အတွေ့မှာတော့ သူတို့ရုန်းကန်ရမှာ အထင်အရှားပါပဲ။ သရေကစားပြီး အုပ်စုတက်ဖို့ ကြိုးစားလာကြမယ်ဆိုပေမယ့် တစ်ဖက်က လိမ္မော်ရောင်တွေက ဒါကိုခွင့်ပြုလိမ့်မယ် မထင်ပါဘူး။(၁+၆၀)ဘော်ဒီကြေးမှာ နယ်သာလန်ကိုပဲ တည့်တည့်ယူချင်ပါတယ်။ လိမ္မော်ရောင်တွေနဲ့အတူ စီးမျောရမယ့်ညပါပဲ။
နယ်သာလန် ⭐⭐⭐

⬛ အင်္ဂလန် Vs အမေရိကန်
အင်္ဂလန်က ဒီပြိုင်ပွဲကို ဝေဖန်မှုတွေ၊ အားမလိုအားမရဖြစ်မှုတွေကြားက ရောက်လာခဲ့ရတာပါ။ ဆောက်ဂိတ်ရဲ့ လူရွေးပုံတွေ၊ ကစားသမားတွေရဲ့ ပုံစံကောင်းပျောက်ဆုံးနေမှုတွေကြောင့် မယုံရဲယုံရဲဖြစ်နေတဲ့ အနေအထားမှာပဲ သူတို့က အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အီရန်ကိုနိုင်မယ်ဆိုတာ သိနေလည်း ဒီလောက်ကြီးဂိုးပြတ်သွားမယ်တော့ ဘယ်သူမှ မတွေးခဲ့မိတာပါ။ ဖြစ်ချိန်တန်လာတော့ အမြဲဆေးထိုးနေကျ ခေါင်းကြီးတောင် သပ်သပ်ရပ်ရပ်ကစားပြခဲ့ပြီး 2022ကမ္ဘာ့ဖလားရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်တဲ့ ဘယ်လင်ဂမ်ကလည်း စီနီယာကြီးတွေကြားထဲ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ လိုနေသေးသလို ခံစားရပါတယ်။ အဲ့ဒါက ဟာရီကိန်းရဲ့ ဂိုးတွေဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့ နှစ်ဂိုးသာလိုတော့တဲ့ ကိန်းဟာ ပြီးခဲ့တဲ့ပွဲမှာ မိမိဂိုးရဖို့ထက် အသင်းဖော်တွေကိုသာ နှစ်ကြိမ်ပံ့ပိုးပေးခဲ့ပြီး ခေါင်းဆောင်ကောင်းပီသစွာ ကစားပြခဲ့ပါတယ်။ အခုညမှာတော့ ကိန်းရဲ့ဂိုးတွေကို မြင်ရတော့မယ်လို့ မျှော်လင့်မိပါတယ်။
အမေရိကန်တို့က ပြီးခဲ့တဲ့ပွဲမှာ ဝေးလ်ကို ပွဲပြီးခါနီးမှ ပင်နယ်တီခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရပါတယ်။ပူလီဆစ်၊ တီမိုသီဝီးတို့ရဲ့ တိုက်စစ်နဲ့ တိုင်လာအဒမ်တို့ရဲ့ ကွင်းလယ်က အကောင်းဆုံးထိန်းချုပ်ကစားနိုင်ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဝေးလ်ရဲ့ဖိအားပေးမှုကို အာရုံမစိုက်နိုင်တာကြောင့် ပင်နယ်တီခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။အခုသူတို့တွေ့ရမယ့် အင်္ဂလန်က ချန်ပီယံလောင်းတစ်သင်းဖြစ်သလို လက်ရှိမှာလည်း ဂိုးပြတ်နိုင်ပွဲတစ်ခုနဲ့ ပုံစံကောင်းပြထားတဲ့အသင်းပါ။ အင်္ဂလန်ကို အလိုမတူလည်း ဘောလုံးပေးကိုင်ရမှာဖြစ်ပြီး ဂိုးမပေးရဖို့ကိုသာအချိန်ပြည့်အားထုတ်နေရမယ့် အနေအထားပါ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်ဖို့ရာ သူတို့ခံစစ်စုဖွဲ့မှုက မာဂုဏ်အပြည့်အဝမရှိပါဘူး။ ဆာကာ၊ ဖိုဒန်၊ ဟာရီကိန်းတို့ရဲ့ တိုက်စစ်က ဝေးလ်နဲ့တုန်းကထက် ပိုပြီး ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ ပေါက်ကြေးက 1သရေနဲ့ အင်္ဂလန်ဘက်က အကျောပေးထားပြီး လက်ရှိအနေအထားအရ နှစ်ဂိုးပြတ်ဖို့မခက်တဲ့ အင်္ဂလန်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ ဟာရီကိန်းရဲ့ဂိုးတွေကို မြင်ရဖို့ ကျွန်တော် အင်မတန် တက်ကြွနေပါပြီ။
အင်္ဂလန် ⭐⭐⭐
ဒီညအတွက် ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
အင်္ဂလန် ⭐⭐⭐
နယ်သာလန် ⭐⭐⭐
ဝေးလ် ⭐⭐
ဆီနီဂေါ ဂိုးအောက် ⭐⭐
မနေ့က ရွေးချယ်မှုတွေမှာတော့ ဥရုဂွေးတစ်ပွဲနစ်နာခဲ့ရပေမယ့် ကျန်ပွဲတွေမှာ
အောင်မြင်နိုင်ခဲ့တာမို့ စာဖတ်သူမိတ်ဆွေတို့ကို အကျိုးပြုနိုင်ခဲ့မယ် ထင်မိပါတယ်။ ဒီညမှာလည်း အပေါင်းများများပြပြီး ထပ်မံအကျိုးပြုနိုင်ပါစေကြောင်း မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။