
အင်္ဂလန်တစ်သင်းလုံး ကိုဗစ်ကင်းစင်
နေးရှင်းလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်နေသည့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်အတွက် အားသာ ချက်တစ်ရပ်အဖြစ် လက်ရွေးစင်အသင်းသားအားလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ဆေးစစ်မှုရလဒ် များက ဖော်ပြလျက်ရှိသည်။
ကမ္ဘာကြီးအား အကျပ်တွေ့စေသည့် ကိုရိုနာဗိုင်းရပ်စ်သည် အားကစားနယ်ပယ်ကို ကြီးကြီးမားမား ရိုက်ခတ်ခဲ့ပြီး နာမည်ကျော် ကစားသမားအချို့ ကူးစက်ခံထားရသည်။
နေးရှင်းလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမည့် အသင်းအချို့မှာလည်း အပြီးသတ်လူစာရင်း ရွေးချယ်ပြီးမှ ကိုရိုနာဗိုင်း ရပ်စ်ရှိသူ ကစားသမားများရှိနေ၍ နည်းပြများအတွက် အခက်တွေ့လျက်ရှိသည်။
သို့သော်လည်း အင်္ဂလန်လက်ရွေးစင် အသင်းသားများတွင်မူ ရောဂါပိုးကင်းစင်ကြောင်း တွေ့ရှိရသောကြောင့် နည်း ပြဆောက်ဂိတ်အတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သည်။

အင်္ဂလန်အသင်းသားများကို ပြီးခဲ့သည့်တစ်ပတ်က ဗိုင်းရပ်စ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အားလုံးတွင် Negative အဖြေ ထွက်ခဲ့သည်။
အင်္ဂလန်လက်ရွေးစင် ကစားသမားများမှာ ဘောလုံးရာသီအပြီး ကမ္ဘာအနှံ့သွားရောက်ကာ အပန်းဖြေခဲ့သော ကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ရှိသော်လည်း ဆေးစစ်ရာတွင်မူ Negative ထွက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ခဲ့သော အင်္ဂလန်အသင်းသည် နေးရှင်းလိဂ်ပွဲစဉ်များအဖြစ် အိုက် စလန်၊ ဒိန်းမတ်တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
Ref:dailymail