အင်တာမီလန်၊ ဖီအိုရင်တီးနားတို့ဘက်က ရပ်တည်ပြီး နာပိုလီနှင့် မီလန်တို့ရဲ့ သွင်းဂိုးတွေကို ရေတွက်နေမယ်

တနင်္ဂနွေည စီးရီးအေပွဲစဉ် (၈) သုံးသပ်ချက်

ဖီအိုရင်တီးနား – ဘီနီဗန်တို (ညနေ ၆:၀၀)

ဘီနီဗန်တိုနှင့်ပွဲက ဖီအိုရင်တီးနားတစ်ကျော့ပြန် ဆီဇာပရန်ဒယ်လီရဲ့ပထမဆုံးပွဲ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားကို နှစ်အတန်ကြာကိုင်တွယ်ပြီး ဆယ်နှစ်ကြာမှာ ပြန်ရောက်လာတဲ့ ပရန်ဒယ်လီဟာ သူ့ရဲ့ပထမဆုံးမှာပွဲမှာ ဖီးလစ်ပို အင်ဇာဂီရဲ့ဘီနီဗန်တိုကို ဧည့်ခံကစားရပါမယ်။ ဖီအိုရင်တီးနားဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ရိုးမားကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပါးမားနဲ့ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲက ဖီအိုရင်တီးနားအတွက် အောက်တိုဘာလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ပထမဆုံးကစားရတဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်ပါတယ်။

ဘီနီဗန်တိုက အိမ်ကွင်းနောက်ဆုံးလေးပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့ပွဲစဉ်ဖြစ်ပြီး နိုင်ငံတကာပွဲစဉ်များမတိုင်မီ ဘဝတူတန်းတက် စပီဇီယာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ပရန်ဒယ်လီဟာ ယခုပွဲစဉ်မှာ ၃-၅-၂ ကစားကွက်ကို အသုံးပြုလာမယ်လို့ ယူဆရပြီး တိုက်စစ်ကို ဆားဘီးယားတိုက်စစ်သမားဒူဆန်ဗလာဟိုဗစ်နှင့်ဝါရင့်တိုက်စစ်သမားရီဘာရီတို့ ဦးဆောင်လာဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကယ်လီဂွန်ပွဲထွက်လာဖို့ မရှိသေးပါဘူး။ ကွင်းလယ်ကစားသမားငါးဦးမှာ ဘိုနာဗန်ကူရာအစား ကွာမီပါဝင်လာဖို့ရှိပါတယ်။

ပရန်ဒယ်လီဟာ တစ်ချိန်တုန်းက သူ့ရယူခဲ့တဲ့အောင်မြင်မှုမျိုး ပြန်လည်ရယူနိုင်ရေးအတွက် ပြင်ဆင်လာမှာ ဖြစ်လို့ ဖီအိုရင်တီးနားက အိမ်ရှင်ပီပီ ပြင်းပြတဲ့အနိုင်ရလိုစိတ်နဲ့ ထိုးစစ်ဆင်လာဖို့ သေချာနေပါတယ်။

ဖွင့်လှစ်မှုအရ ဖီအိုရင်တီးနားက တစ်လုံး ၅ ရာခိုင်နှုန်းရှုံးနိမ့်ပါမယ်။ ဂိုးပေါင်းက ၃ လုံးသရေပါ။ ပရန်ဒယ်လီဟာ သူ့ရဲ့ပထမဆုံးပွဲမှာ အနိုင်ရဖို့ သေသေချာချာလုပ်ဆောင်လာမှာ ဖြစ်လို့ ဖီအိုရင်တီးနားကို ကြိုက်ပါတယ်။

အင်တာ – တိုရီနို (ည ၈:၃၀)

ကိုလာရော့ဗ်၊ ဘရိုဇိုဗစ်တို့ ကိုဗစ်ကြောင့် မပါဝင်နိုင်တာကြောင့် အင်တာနည်းပြကွန်တီဟာ ဒီပွဲအတွက် ကစားသမားအခင်းအကျဉ်းအတွက် အနည်းငယ် စဉ်းစားရကျပ်နေပါလိမ့်မယ်။ အခြားတစ်ဖက်မှာ တိုရိနိုအသင်းမှာလည်း ကိုဗစ်ကူးစက်ခံထားရတဲ့ကစားသမားနှစ်ဦးရှိနေပြီး ဘယ်သူဆိုတာ အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။

အင်တာမီလန်ဟာ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်နေတာကြောင့် ဂျီယန်ပါအိုလိုရဲ့တိုရီနိုနဲ့ပွဲမှာ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းလာမှာ သေချာနေပါတယ်။ဒါပေမယ့် ဂျီယန်ပါအိုလိုက ကိုဗစ် ကူးစက်ခံထားရတာကြောင့် ဒီပွဲမှာ ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။ တိုရီနိုဟာ နောက်ဆုံးနှစ်ပွဲမှာ ရမှတ် ၄ မှတ် ရရှိထားပြီး အကြီးအကျယ် ရုန်းကန်လာတာ တွေ့ရပါတယ်။

အင်တာမီလန်ဟာ ယခုပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ကစားရမှာ ဖြစ်တာကြောင့် အရေးပါတဲ့ အချို့ ကစားသမားကို ချန်လှပ်ထားလာနိုင်ပါတယ်။

အင်တာ နောက်တန်းညာခြမ်းမှာ ဟာကီမီပြန်လည်ပါဝင်လာနိုင်ပြီး တိုက်စစ်ကို လူကာကူနှင့်မာတီနက်ဇ်တို့ဘဲ ဦးဆောင်လာနိုင်ပါတယ်။ အင်တာခံစစ်ပိုင်းမှာ စကီနီယာ၊ စတီဖင်ဒီဗရဲလ်၊ဘာစတိုနီတို့ပါဝင်လာဖို့ ရှိနေပြီး ဘီလော့တီဦးဆောင်တဲ့ တိုရီနိုတိုက်စစ်ကို ထိန်းချု်ပဖို့ ကြိုးစားလာပါမယ်။

အင်တာမီလန်ဟာ ယခုပွဲစဉ်မှာ တိုရီနိုအာကို အသာစီးနဲ့ ကစားနိုင်ဖို့ ရှိနေတယ်ဆိုပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းရော တိုက်စစ်ပိုင်းမှာပါ မြင့်မားနေတဲ့ တိုရီနိုကို အထူးသတိထားကစားမှ တော်ကာကျပါမယ်။

ဒီပွဲကို စဖွင့်တုန်းက အင်တာ ၁ လုံးသရေ ဖြစ်ပါတယ်။ အခု ကြေးပြောင်းပြီး ၂ လုံး ၇၅ အနိုင် ဖြစ်သွားပါတယ်။ ဒါကို ကြည့်ရင် အင်တာအနိုင်သေချာတယ်လို့ ယူဆလို့ရပါတယ်။ တိုရီနိုက တစ်ချို့ပွဲမှာ အရမ်းကောင်းသလို တစ်ချို့ပွဲလည်း မကောင်းတတ်လို့ သိပ်ယုံစားမရပါဘူး။ ဂိုးပေါင်းက ၃ လုံး ၄၀ အရှုံးဖြစ်ပါတယ်။ အင်တာနဲ့ ဂိုးပေါ်ကြိုက်ပါတယ်။

ရိုးမား – ပါးမား (ည ၈:၃၀)

ပါးမားဟာ ရောမသို့ သွားရောက်ကစားတဲ့ နောက်ဆုံး ၇ ပွဲမှာ တစ်ကြိမ်ဘဲ အနိုင်ရထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရိုးမားအသင်းခေါင်းဆောင်အေဒင်ဒီဇီကို အပါအဝင် အဓိကကစားသမား ၅ ဦးအထိ ကိုဗစ်ကူးစက်မှု ခံထားရပါတယ်။ ဒါ့အပြင် ရိုးမားရဲ့ အဓိကကစားသမားအမြောက်အမြားတို့ဟာ ကိုဗစ် ကူးစက်မှု ခံခဲ့ရသလို စမောလင်းက အစာအဆိပ်သင့်မှုခံခဲ့ရပါတယ်။ မီရန်တီကတော့ ဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီ ဖြစ်လို့ ပြန်ပါဝင်လာဖို့ ရှိပါတယ်။

ပါးမားအသင်းမှာတော့ ကော်နယ်လစ်တစ်ဦးတည်းသာ ပွဲထွက်စာရင်းမှာ မပါဝင်နိုင်ပါဘူး။ သူဟာလည်း အရန်စာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။

ဒီနေရာမှာ တစ်ခု သတိပြုရမယ့်အချက်ကတော့ ပါးမားဟာ ရောမသို့ သွားရောက် ကစားတဲ့ အဝေးကွင်းပွဲ ၂၆ ပွဲမှာ ၁ ပွဲတည်းဘဲ အနိုင်ရရှိထားပါတယ်။၁၉၉၇ ခုနှစ်တုန်းက ပါးမားကို အန်ဆယ်လော့တီကိုင်တွယ်တုန်းက အနိုင်ရခဲ့တာပါ။

ကြေးဖွင့်လှစ်မှုအရ ရိုးမားက တစ်လုံး ၃၅ ရာခိုင်နှုန်းရှုံးမှာဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၄၀ အရှုံးဖြစ်ပါတယ်။ ပါးမားဟာ ခြေစွမ်းပြန်တက်လာတယ်ဆိုပေမယ့် ရိုးမားကို ယှဉ်နိုင်ဖို့က ခက်ခဲပါတယ်။ ရိုးမားနဲ့ ဂိုးအောက်ကို ကြိုက်ပါတယ်။

ဆမ်ဒိုးရီးယား – ဘိုလော့ဂ်နာ (ည ၈:၃၀)

ဆမ်ဒိုးရီးယားဟာ နိုင်ငံတကာပွဲမတိုင်မီ ကက်ဂလီယာရီနဲ့ပွဲစဉ်တုန်းက ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ရေနီယာရီဟာ နိုင်ငံတကာပွဲစဉ်ကြောင့် လိဂ်ရပ်နားစဉ်အတွင်းမှာ အသင်းကို အကောင်း ဆုံးတည်ဆောက်နေမှာ သေချာနေပါတယ်။ မီဟိုင်းလိုဗစ်ဦးဆောင်တဲ့ဘိုလော့ဂ်နာကလည်း ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့အသင်း ဖြစ်ပါတယ်။ ယခုရာသီမှာ ရမှတ် ၆ မှတ်သာ ရရှိထားကာ လက်ရှိအခြေအနေကို အပြောင်းအလဲ ဖြစ်အောင် လုပ်ဖို့ အမြန်ဆုံးလိုအပ်နေပါတယ်။

ဒီပွဲမှာ ကြေးဖွင့်လှစ်မှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆမ်ဒိုးရီးယားက သရေ ၅ ပြားအရှုံးဖွင့်လှစ်ထားပါတယ်။ ဂိုးပေါင်းကလည်း ၃ လုံး ၃၅ အနိုင် ဖြစ်ပါတယ်။ ဘိုလော့ဂ်နာနဲ့ ဂိုးအောက်ကို ကြိုက်ပါတယ်။

ဗီရိုနာ – ဆက်စ်ဆူလို (ည ၈:၃၀)

ဗီရိုနာနှင့် ဆက်စ်ဆူလိုတို့ပွဲစဉ်က စိတ်ဝင်စားဖို့အကောင်းဆုံးပွဲ ဖြစ်နေပါတယ်။ ဆက်စ်ဆူလိုက စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှ အေစီမီလန်နဲ့ ရမှတ် ၂ မှတ်တည်းသာ ကွာဟကာ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အိမ်ရှင်ဗီရိုနာကလည်း ယခုပွဲမှာ အနိုင်ရရင် ဆက်စ်ဆူလိုကို လိုက်မီနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။

အိမ်ရှင်ဗီရိုနာက ခံစစ်ကစားပုံတော်တော်လေးကျစ်လစ်ပြီး အသင်းလိုက်ကစားဟန်အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဆက်စ်ဆူလိုမှာ ဒဏ်ရာပြဿနာ၊ ကိုဗစ်ပြဿနာတို့နဲ့ကြုံတွေ့နေရကာ ကစားသမား ၈ဦးအထိ လွဲ ချော်ပါမယ်။၊

အစဉ်အလာအရ ဆက်စ်ဆူလိုက အသာစီးရထားပါတယ်။ ဆက်စ်ဆူလိုဟာ ဗီရိုနာကို အဝေးကွင်းမှာ သုံးပွဲဆက် အနိုင်ရရှိထားပြီး ဂိုးမပေးထားပါဘူး။ အခြားတစ်ဖက်မှာ ဗီရိုနာကလည်း စီးရီးအေမှာ ၅ ဂိုးတည်းသာ ပေးထားရပြီး စီးရီးအေရဲ့အကောင်းဆုံးခံစစ်အဖြစ် ရပ်တည်နေတဲ့အသင်း ဖြစ်ပါတယ်။

ဖွင့်လှစ်မှုမှာ ဗီရိုနာက ဆက်စ်ဆူလိုကို သရေ ၅၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၃ လုံး ၂၀ အရှုံး ဖြစ်ပါတယ်။ ဒီပွဲမှာ ဗီရိုနာနဲ့ ဂိုးအောက်ဘက်မှာ ရဲရဲကြီး ရပ်တည်လိုက်ပါမယ်။

အူဒီးနီးစ် – ဂျီနိုအာ (ည ၁၁:၃၀)

နိုင်ပွဲ အသည်းအသန်လိုအပ်နေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ နိုင်တဲ့အသင်းက တန်းဆင်း ဇုန်ကနေ ရုန်းထွက်နိုင်ဖို့ရှိပါတယ်။ ဂျီနိုအာဟာ ရာသီအစ ခရိုတုန်းနဲ့ပွဲမှာ တာထွက်လှခဲ့ပေမယ့် ကစားသမားများစွာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ခြောက်ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပါတယ်။

ဂျီနိုအာအသင်း အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရမယ့် အူဒီးနီးစ်ကလည်း ယခုရာသီ အိမ်ကွင်းလေးပွဲမှာ တစ်ပွဲတည်းဘဲ အနို်ငရတဲ့ အူဒီးနီးစ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အူဒီးနီးစ်ဟာ အောက်တိုဘာလ ၁၈ ရက် နေ့တုန်းက ပါးမားကို ၃-၂ ဖြင့်အနိုင်ရရှိပြီးနောက် နိုင်ပွဲပျောက်နေတာကြောင့် နည်းပြတစ်ဖွဲ့လုံးအပေါ်မှာ ဖိအားများ ကျရောက်နေပါတယ်။ဒါပေမယ့်အူဒီးနစ်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မှာ အမြင့်ပျံ ဆက်စ်ဆူလိုကို သရေကစားနိုင်ခဲ့တာကြောင့် စိတ်ဓာတ်ပိုင်း မြင့်မားနေမှာ သေချာနေပါတယ်။

အိမ်ရှင် အူဒီးနီးစ်က ၁ လုံး ၇၅ အနိုင်နဲ့ ဂိုးပေါင်းက ၂ လုံး ၉၅ အရှုံး ဖြစ်ပါတယ်။ စီးရီးအေ ဒီညပွဲအားလုံး ၃ လုံးချည်းပေါက်နေချိန်မှာ ဒီပွဲမှာ ၂ လုံး ၉၅ အရှုံးပေါက်နေမှုက စိတ်ဝင်စားစရာပါ။ အားလုံး အောက်ချည်းနေပြီး ရဲရဲစွန့်စားပါမယ်။

နာပိုလီ – မီလန် (နံနက် ၂ :၁၅)

နာပိုလီ-မီလန်ပွဲမှာ ဂတ်တူဆိုနဲ့ဘိုနီရာတို့ ထိပ်တိုက်တွေ့ဆုံကြပါမယ်။ အေစီမီလန်နောက်ခံလူဟောင်းဘိုနီရာဟာ နည်းပြချုပ်ပီအိုလီနှင့်လက်ထောက်နည်းပြတို့ ကိုဗစ်ကူးစက်ခံထားရမှုကြောင့် ယခုပွဲကို ကြီးကြပ်လာပါမယ်။

ဂတ်တူဆိုဟာ ပုခုံးဒဏ်ရာရရှိနေတဲ့ တိုက်စစ်သမားဗစ်တာအိုဆမ်ဟမ်ရဲ့နေရာမှာ ဘယ်လ်ဂျီယံ တိုက်စစ်သမားဒရေးမာတင်ကို အစားထိုးအသုံးပြုလာဖို့ ရှိပါတယ်။

အေစီမီလန်ကတော့ ကစားသမားအားလုံးနီးပါး ဒဏ်ရာပြဿနာကင်းနေပါတယ်။ ဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာတဲ့ အန်တီရီဘစ်ဟာ မီလန်ရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ပါဝင်လာဖို့ ရှိနေပါတယ်။

နာပိုလီက သရေ ၅၅ အရှုံးပေးထားပါတယ်။ ဂိုးပေါင်းက ၃ လုံး ၃၅ အနိုင်ဖြစ်ပါတယ်။ နှစ်သင်းစလုံး တိုက်စစ်အား ကောင်းတဲ့အပြင် နာပိုလီကလည်း ခံစစ်ယိုပေါက်ပြီး ဖြစ်နေတာကြောင့် ဂိုးပေါက်ဘက်မှာ နေထိုင်ပြီး သွင်းဂိုးတွေ ထိုင်ကြည့်တာ အကောင်းဆုံးပါ။  

Facebook Comments Box
Facebook Comment