အင်တာမီလန်နည်းပြကွန်တီ ယူရိုသန်း ၃၀ ကျော်အလိမ်ခံထိ

အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီသည် အခြား လူ ၇ ဦးတို့နှင့်အတူ လန်ဒန်တွင် ယူရိုသန်း ၃၀ အလိမ်ခံခဲ့ရကြောင်း သိရသည်။ ယင်းသတင်းကို La Verita က စတင် ဖော်ပြပြီးနောက် ယခုအခါ La Repubblica ၊ Mediaset နှင့် အခြားမီဒီယာတို့ကလည်း ဖော်ပြလာကြပြီဖြစ်သည်။

မီဒီယာများ၏ဖော်ပြချက်အရ ငွေလိမ်လည်မှုအား အသက် ၅၄ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် မက်စ်ဆီမိုဘိုချီချီယိုက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကွန်တီမှာ ချဲလ်ဆီးကို ကိုင်တွယ်စဉ်တုန်းက ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

အန်တိုနီယိုကွန်တီသည် ရင်းနှီးမြှပ်နှံငွေ ယူရိုသန်း ၃၀.၆ သန်းအား ထည့်ဝင်ရင်းနှီးမြှပ်နှံခဲ့ခြင်းဖြစ်ပြီး ငွေများကို ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ပြန်လည်ရရှိမည်ဟု မျှော်လင့်ခဲ့ရသည်။

သို့ရာတွင် ဇွန်လတိုင်အောင် ရရှိလာခြင်းမရှိမှုနှင့်အတူ ကွန်တီနှင့် အခြားရင်းနှီးမြှပ်နှံသူ ၇ ဦးတို့သည် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အာဏာပိုင်များထံ အမှုဖွင့်လှစ်ခဲ့သည်။ ကွန်တီ၏ရင်းနှီးမြှပ်နှံမှုအား စစ်ဆေးမှု ပြုလုပ်ရာတွင် စာရွက်စာတမ်းအတုများ၊ အီးမေးလ်လိပ်စာအတုများပြုလုပ်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

Ref: La Verita

Facebook Comments Box
Facebook Comment