အင်တာနှင့် ပွဲတွင် ယူကရိန်း ကလပ်များကို ကံဆိုးစေလေ့ ရှိသူ ဒိုင်လူကြီးမာစီနီယာ ကြီးကြပ်မည်

မနက်ဖြန်ညတွင် အင်တာမီလန်နှင့်ရှက်တာဒိုးနက်စ်တို့ ယှဉ်ပြို်ငကစားမည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပိုလန်ဒိုင်လူကြီးဆိုင်မွန်မာစီနီယာက ကိုင်တွယ်ကြီးကြပ်သွားမည်ဖြစ်သည်။

အဆိုပါယူရိုပါလိဂ်ဆီမီးဖို်ငနယ်ပွဲတွင် မာစီနီယာ၏လက်ထောက်များအဖြစ် ပိုလန်ဒိုင်လူကြီးများပင်ဖြစ်ကြသည့် ပါဝေါဆိုကိုနီစကီးနှင့်သောမတ်စ်လစ်ကောဝစ်ဇ်တို့က တာဝန်ယူသွားမည်ဖြစ်သည်။ စတုတ္ထဒိုင်အဖြစ် ဝီလီယမ်ကောလမ်နှင့် VAR ဒိုင်အဖြစ် ပါဝေါဂေလ်ကတာဝန်ယူသွားမည် ဖြစ်သည်။

အသက် ၃၉ နှစ်ရှိ မာစီနီယာသည် နိုဝင်ဘာလ ၂၇ ရက်နေ့တုန်းက ဆလားဗီးယားပရက်ကို အင်တာမီလန်က ၃-၁ဖြင့် အနိုင်ရရှိသည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ကြီးကြပ်ခဲ့သူလည်းဖြစ်သည်။ သူသည် အင်တာမီလန်ပွဲစုစုပေါင်း ၃ ပွဲကြီးကြပ်ခဲ့ဖူးရာမှာ အင်တာမီလန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားသည်။

အခြားတစ်ဖက်တွင် သူသည် ယူကရိန်းထိပ်သီး ရှက်တာဒိုးနက်စ်၏ပွဲနှစ်ပွဲကိုလည်း ကြီးကြပ်ဖူးခဲ့ကာ ရှက်တာမှာ တစ်ကြိမ်မျှအနိုင်မရခဲ့ပေ။ သူကိုင်တွယ်ကြီးကြပ်သည့်ပွဲများတွင် ယူကရိန်းကလပ်များ တစ်ကြိမ်မျှ နိုင်ခဲ့ဖူးခြင်း မရှိသည် ကိုလည်း တွေ့ရသည်။

သူကိုင်တွယ်ကြီးကြပ် ခဲ့သည့် ယူကရိန်းကလပ်များတွင် ယူကရိန်းကလပ်များမှာ ၃ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားသည်။

Facebook Comments Box
Facebook Comment