အင်တာကို အနိုင်ယူမည့် ဗျူဟာ ပြင်ဆင်ထားဟု ရှက်တာ နောက်ခံလူ ကြုံးဝါး

ရှက်တာဒိုးနက်၏ ဘရာဇီးလ်‌ နောက်ခံလူ ဒိုဒိုက ရှက်တာဒိုးနက်စ်မှာ အင်တာမီလန်နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အနိုင်ရယူရန်အတွက် မှန်ကန်သည့်နည်းဗျူဟာချမှတ်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သည်။

အင်တာမီလန်နှင့်ရှက်တာဒိုးနက်စ်တို့သည် ယနေ့ညတွင် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။ အင်တာမီလန်-ရှက်တာဒိုးနက်စ်ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆီဗီလာနှင့်ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ဆီဗီလာသည် မနေ့ညတုန်းက မန်ယူကို ၂-၁ဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ထားပြီးဖြစ်သည်။

ဒိုဒိုက‘‘ဒီတစ်ပတ်လုံး ကျွန်တော်တို့ဟာ အင်တာမီလန်ပွဲအတွက် အထူးလေ့ကျင့်ခန်းတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဒီပွဲမှာ မှန်ကန်တဲ့ဗျူဟာနဲ့ကစားနိုင်ဖို့ ပြင်ဆင်လာခဲ့ကြတာပါ။ ကျွန်တော်တို့အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်တာခံစစ်တစ်ခုတည်းကိုဘဲ စိုးရိမ်ရမှာမဟုတ်ပါဘူး။ သူတို့တိုက်စစ်ကိုလည်း စိုးရိမ်ရပါမယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို မှန်မှန်ကန်ကန်ချဉ်းကပ်နိုင်ဖို့လိုပါတယ်။ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်လာခဲ့ကြတာပါ။ ဗိုလ်လုပွဲသို့ တက်နိုင်ဖို့အတွက်လည်း အစွမ်းကုန် ကြိုးပမ်းသွားပါဦးမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment