အချိန်နောက်ကျ၍ ဂရင်းဝုဒ်အား ချန်လှပ်ခဲ့ခြင်းမဟုတ်ကြောင်း ဆိုးလ်ရှား ငြင်းဆို

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ကို အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ခြင်းမှာ လေ့ကျင့်ရေးကွင်းသို့ အချိန်မှန် လာရောက်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဆိုသော သတင်းများအား ငြင်းဆိုလိုက်သည်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဂရင်းဝုဒ်သည် ယူနိုက်တက်၏ နောက်ဆုံး ၂ ပွဲဖြစ်သည့် နယူးကာဆယ်၊ ပီအက်စ်ဂျီ ပွဲများအား လွဲချော်ခဲ့ခြင်းမှာ လေ့ကျင့်ရေးကွင်းသို့ အချိန်နောက်ကျမှ ရောက်လာခြင်းကြောင့်ဟု မီဒီယာများက ဖော်ပြသည်။

ဆိုးလ်ရှားသည် ယခုလို အချိန်မလေးစားခြင်းအား လုံးဝနှစ်သက်သူ မဟုတ်ဘဲ လေ့ကျင့်ရေးသို့ အမြဲလို နောက်ကျရောက်ရှိလာသော ဂရင်းဝုဒ်ကို အပြစ်ပေးသည့် အနေ ဖြင့် နောက်ဆုံး ၂ ပွဲဆက်တိုက် ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ယူနိုက်တက် ကစားသမားဟောင်း အချို့ကလည်း ပြောကြားဖူးသည်။

သို့သော်လည်း ဆိုးလ်ရှားက အဆိုပါ သတင်းများကို လုံးဝလက်မခံဘဲ ဂရင်းဝုဒ်အား ပရော်ဖက်ရှင်နယ် မပီသသူအဖြစ် ကပ်ပွန်းတပ်ခဲ့သော မီဒီယာများ၏ ဖော်ပြမှုအပေါ် မယုံကြည်ဟုလည်း ပြောသည်။

“ဂရင်းဝုဒ်ဟာ ဒီနွေရာသီမှာ အင်္ဂလန်အသင်းနဲ့အတူ အမှားတစ်ခု လုပ်ခဲ့တယ်။ ချက် ချင်းဆိုသလိုပဲ အင်္ဂလန် မီဒီယာတွေကလည်း သူ့နောက် လိုက်ကြတော့တာပဲ။ သူက အလုပ်ရတာကောင်းတဲ့ အံ့အားသင့်စရာ လူငယ်လေးတစ်ယောက်ပါ။

လေ့ကျင့်ရေးကို ဘယ်တော့မှ နောက်ကျပြီး ရောက်လာလေ့ မရှိပါဘူး။ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်တော် ဖတ်ရတယ်။ နောက်ပြီး ယူနိုက်တက် ကစားသ မားဟောင်းတွေကလည်း ပြောကြတယ်။

ဒါပေမဲ့ ပြောနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း တကယ်မသိပါဘူး။ လေ့ကျင့်ရေးကွင်း အပြင်ဘက်မှာ ကျွန်တော်တို့ ဓာတ်ပုံဆရာတွေ နေ့တိုင်းရှိတယ်။ ဂရင်းဝုဒ် လေ့ကျင့်ရေးကွင်းကို နေ့တိုင်းလာတဲ့အချိန်ကို သူတို့လည်း မြင်နေတာပဲလေ။

ဒီသတင်းတွေ ဘယ်ကလာသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့နောက်မှာ မိသားစု ကောင်း တစ်ခုရှိတယ်။ အကယ်ဒမီမှာ ရှိနေတုန်းကလည်း မှတ်တမ်းကောင်းတွေ ရှိခဲ့ တယ်။ ဂရင်းဝုဒ်က ကောင်းကောင်း လေ့ကျင့်သူပါ” ဟု ဆိုးလ်ရှားက ပြောသည်။

ဂရင်းဝုဒ်လိုပင် ပီအက်စ်ဂျီပွဲအား လွဲချော်ခဲ့သော မက်ဂွိုင်းယား၊ ကာဗာနီတို့သည် ယခုတစ်ပတ် ချဲလ်ဆီးနှင့် ကစားမည့်ပွဲတွင်မူ ၃ ဦးစလုံး ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

Ref:goal

Facebook Comments Box
Facebook Comment