
အချင်းချင်းထိပ်တိုက်တွေ့ဆုံမှာကို ရှောင်လွှဲကြမယ့် အင်္ဂလန်နဲ့နယ်သာလန်
✍️ မောင်ရဲတိုက်
အုပ်စုပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်ကိုရောက်လာခဲ့ပါပြီ။ ဒီမှာတချို့က ထွက်ခဲ့ရပြီဖြစ်သလို တချို့ကလည်း အသက်ငွေ့ငွေ့လေးနဲ့ ဆက်လက်ရုန်းကန်ကြရပါဦးမယ်။ ကမ္ဘာ့ဖလားဖြစ်တာနဲ့အညီ အသင်းတိုင်းဟာ နောက်တစ်ဆင့်ရောက်ဖို့အတွက် မျှော်လင့်ချက်နဲ့ အသက်ဆက်နေကြပုံကို မနေ့ညက ကင်မရွန်း-ဆားဘီးယား၊ ကိုရီးယား-ဂါနာပွဲတွေရဲ့ အနိမ့်အမြင့်အတက်အကျကို ခံစားရင်း တွေ့မြင်ခဲ့ကြမယ်ထင်ပါတယ်။ ဒီပွဲစဉ်တွေမှာ ဘောလုံးပွဲတစ်ခုရဲ့ ရသကို အပြည့်အဝခံစားခွင့်ရခဲ့တာမို့ That’s why we love football လို့ ပြောရမှာပါပဲ။ ဒီညမှာတော့ အုပ်စု(A)နဲ့ အုပ်စု(B)တို့ရဲ့ နောက်ဆုံးပွဲစဉ်တွေကို ကြည့်ရှုကြရမှာဖြစ်ပြီး ဘယ်အသင်းတွေက ပွဲသိမ်းခရာအပြီးမှာ ခုန်ပေါက်ပြေးလွှားနေမလဲ၊ ဘယ်အသင်းတွေကတော့ မြက်ခင်းစိမ်းပေါ်မှာ လူးလှိမ့်ငိုကြွေးရင်း အိမ်ပြန်ရမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

⬛ အီကွေဒေါ Vs ဆီနီဂေါ
အီကွေဒေါရဲ့ အသင်းလိုက်ကစားပုံက အင်မတန်ကောင်းပါတယ်။ ဆီနီဂေါကလည်း အာဖရိကချန်ပီယံဆိုတာ သံသယဝင်စရာမရှိပါဘူး။ အမှန်ဆို အုပ်စု(A)မှာ နယ်သာလန်အစား သူတို့နှစ်သင်းတက်သွားသင့်တာပါ။ အီကွေဒေါရော ဆီနီဂေါရော နယ်သာလန်နဲ့ပွဲမှာ ဥရောပအသင်းကို ကောင်းကောင်းကြီး ရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံတရားက လိမ္မော်ရောင်တွေဘက် ရှိနေတာမို့ နယ်သာလန်ကပဲ လေးမှတ်ရယူသွားနိုင်ခဲ့ပါတယ်။ အခုတော့ သူတို့ထိပ်တိုက်တွေ့ကြရဖို့ ဖြစ်လာပြီး အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်ကို တက်ခွင့်ရမှာဖြစ်ပါတယ်။ အီကွေဒေါကတော့ သရေဆိုရင်တောင် အုပ်စုဒုတိယနဲ့ တက်ခွင့်ရဦးမှာဖြစ်ပြီး ဆီနီဂေါကတော့ အနိုင်သုံးမှတ် တစ်ပေါက်ကိုသာ မျှော်မှန်းပြီး ကစားရမှာဖြစ်ပါတယ်။
ဖွင့်လှစ်မှုအရ အီကွေဒေါဘက်က သရေ၃၀ရှုံးနဲ့ဖွင့်လှစ်ထားပြီး ဂိုးပေါင်းကတော့ ၂-၁၀နဲ့ စတင်ထားပါတယ်။ ကြေးကျောပေးမှုအရ မပြတ်သားတာကိုကြည့်ရင် ဒီပွဲဟာ မနေ့ကပွဲတွေလို အတက်အကျတွေနဲ့ အကြိတ်အနယ်ကြည့်ကောင်းဦးမယ့်ပွဲလို့ မြင်မိပါတယ်။ အသင်းလိုက်ကစားအားကောင်းတဲ့ ဒီနှစ်သင်းရဲ့တွေ့ဆုံမှုမှာ သရေဆိုတာ အသင့်တော်ဆုံးရလဒ်ပါပဲ။ ဒါကြောင့်အာဖရိကချန်ပီယံတွေ မရှုံးနိုင်တဲ့ဘက်က နေကြည့်ချင်ပါတယ်။ ဆီနီဂေါကို ရွေးချယ်ချင်ပါတယ်။

⬛ နယ်သာလန် Vs ကာတာ
နယ်သာလန်က ပြီးခဲ့တဲ့နှစ်ပွဲအထိ ခြေစွမ်းတွေကိုကြည့်ရင် အားရစရာမရှိပါဘူး။ နှစ်ပွဲလုံးပေါင်းမှ ဂိုးပေါက်တည့်ကန်ချက် ၄ကြိမ်သာရှိထားပေမယ့် အဲ့ကနေ ၃ဂိုးဖြစ်လာတာကြောင့် ကံတရားရဲ့ မျက်နှာသာပေးမှုကို သိသိသာသာရနေတယ်လို့ ပြောရမှာပါ။ ဆီနီဂေါနဲ့ပွဲမှာ တစ်ပွဲလုံးရုန်းကန်နေရပေမယ့် အချိန်တန်တော့ သူတို့ကပဲ နိုင်သွားခဲ့ပြီး အီကွေဒေါနဲ့ပွဲမှာလည်း တစ်ဂိုးသွင်းပြီးထဲက တိုက်စစ်ကသေသွားခဲ့ပေမယ့် တစ်မှတ်တော့ရခဲ့ပြန်တာပါပဲ။ လက်ရှိမှာ (၄)မှတ်ရထားပေမယ့် သင်္ချာနည်းအရတော့ အုပ်စုကနေ ထွက်သွားနိုင်ခြေလည်းရှိတာမို့ ဒီညမှာ ပေါ့ပျက်ပျက်ကစားနေလို့ မရပါဘူး။ ဒီညမှာ အနိုင်ရခဲ့ရင်တောင် တစ်ဖက်က အီကွေဒေါက ဂိုးတွေအများကြီးနဲ့ နိုင်သွားခဲ့ရင် အုပ်စုဒုတိယနဲ့ ဟိုဘက်က အင်္ဂလန်နဲ့တွေ့ရနိုင်ချေများနေတာမို့ ဂိုးတွေသွင်းနိုင်ဖို့ကလည်း လိုအပ်နေပါပြီ။ တစ်ဖက်က အိမ်ရှင်ကာတာကတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အတော်ဆိုးဝါးတဲ့ အိမ်ရှင်ဖြစ်ခဲ့ပါတယ်။ နှစ်ပွဲကစား နှစ်ပွဲလုံးရှုံးပြီး ပြိုင်ပွဲကနေ အစောဆုံး နှုတ်ဆက်ခဲ့ရတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်ကို ခက်ခဲကျပ်တည်းအောင် တုံ့ပြန်ပါ့မယ်လို့ သူတို့ဆီကနေ အန္တရာယ်အနံ့ကို ငွေ့ငွေ့လေးတောင် မရပါဘူး။ နယ်သာလန်ဘက်က ၂သရေဆိုတဲ့ကြေးက ပြင်းလွန်းပါတယ်။ ဒီကြေးက နယ်သာလန်ဘက်က ကောင်းလွန်းလို့ ဖြစ်တည်နေတာမဟုတ်ဘဲ ကာတာရဲ့ ညံ့ဖျင်းမှုကြောင့်သာ တစ်ဖက်စောင်းနင်းဖြစ်နေရတာပါ။ ကာတာညံ့တာ ကိုယ်တွေ့ပဲမို့ ကြေးကိုဘက်ကန်နေဖို့ စဉ်းစားမနေတော့ပါဘူး။ (၂-၀)ဆိုတာကလည်း အလှမ်းဝေးတာမဟုတ်လို့ သရေလား အပြည့်လားကိုပဲ စောင့်ကြည့်ချင်ပါတယ်။ လိမ္မော်ရောင်တွေကိုပဲ ယူထားကြည့်ပါမယ်။

⬛ အမေရိကန် Vs အီရန်
ဒီပွဲကိုကြည့်ပြီး ဘောလုံးပွဲလား စစ်ပွဲလားတွေးမိပါသေးတယ်။ နှစ်သင်းကြားက ရန်ငြိုးတွေကို ဘောလုံးနဲ့ရှင်းရမယ့် အနေအထားပါပဲ။ အမေရိကန်က လက်ရှိမှာ နှစ်မှတ်ပိုင်ဆိုင်ထားပြီး အီရန်ကတော့ ဝေးလ်ကို အသည်းခွဲဂိုးတွေနဲ့ သုံးမှတ်ရထားတာဖြစ်ပါတယ်။ ဒီပွဲမှာအနိုင်ရတဲ့အသင်းက တစ်ဖက်က အင်္ဂလန်-ဝေးလ်ပွဲမှာ ဘာရလဒ်ထွက်ထွက် နောက်တစ်ဆင့်တက်ခွင့်ရမှာဖြစ်ပါတယ်။ အုပ်စုကနေတက်ရဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေသလို နှစ်သင်းကြားက ပဋိပက္ခတွေကြောင့်လည်း ပွဲက အကြိတ်အနယ်နဲ့ ဖြစ်နေမယ့်အနေအထားပါ။ အမေရိကန်က ဒီပွဲမှာ အပေါ်သင်းအဖြစ်ပေးထားပေမယ့် အီရန်ရဲ့လုပ်နိုင်စွမ်းကိုလည်း လျှော့မတွက်သင့်ပါဘူး။ နောက်ဆုံးနှစ်ပွဲမှာ ၄ဂိုးရထားတဲ့ အီရန်တိုက်စစ်က တစ်ဂိုးသာရထားသေးတဲ့ အမေရိကန်တိုက်စစ်ထက် ပိုပြီး အလုပ်ဖြစ်နေတာကိုလည်း တွေ့ရမှာပါ။ ဒါ့အပြင် အမေရိကန်ဟာ ပြီးခဲ့တဲ့ နှစ်ပွဲမှာ စုစုပေါင်း ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာရထားခဲ့တာမို့ သူတို့တိုက်စစ်က အထင်ကြီးဖို့ခက်နေပါတယ်။ အီရန်ကတော့ ပြီးခဲ့တဲ့နှစ်ပွဲမှာ စုစုပေါင်းဂိုးပေါက်တည့်ကန်ချက် ၉ကြိမ်ထိရှိခဲ့ပြီး ၄ဂိုးရခဲ့တာမို့ ပေါ်တိုတိုက်စစ်မှုး တာရီမီဦးဆောင်တဲ့ တိုက်စစ်ကို အထင်ကြီးစရာပါပဲ။ ဒီပွဲမှာတော့ အမေရိကန်က သရေ၇၀ရှုံးနဲ့ စတင်ထားပြီး ဂိုးပေါင်းကြေးကတော့ ၂-၄၀နဲ့ဖွင့်ထားပါတယ်။ အထက်မှာပြောခဲ့တဲ့ အချက်အလက်တွေအရ အမေရိကန်ထက် အီရန်ကကစားအားပိုကောင်းတာကို အချက်အလက်အရရော ပွဲတွေကြည့်ခဲ့ပြီးရော သိမြင်နိုင်ပါတယ်။ ဒါကိုတောင် အမေရိကန်ဘက်က သရေ၇၀ရှုံးပေးထားတာဟာ ကြေးပြင်းတယ်လို့ သုံးသပ်မိပါတယ်။ အမှတ်လိုနေတာချင်းအတူတူ လုပ်နိုင်စွမ်းအားမကွာရင် သရေ၄၀ရှုံးထက်မပိုသင့်ပါဘူး။ ဒေတာတွေအရလည်း ဒီညမှာ အီရန်ဘက်က တစ်ဂိုးရဖို့ ၄၀%ရှိပြီး အမေရိကန်ဘက်က တစ်ဂိုးရဖို့က ၈၀%အထိရှိနေပါတယ်။ ဂိုးပေါက်တည့်အောင်တောင် မနည်းကန်နေရတဲ့ အမေရိကန်အတွက် ဒီဒေတာတွေက လိုတာထက်ကို ပိုလွန်းနေတာမို့ ကြေးပြင်းပေမယ့်လည်း အမေရိကန်ကို ဂိုးအောက်နဲ့တွဲပြီး စွန့်စားကြည့်ချင်ပါတယ်။

⬛ ဝေးလ် Vs အင်္ဂလန်
ဝေးလ်အတွက်တော့ သင်္ချာနည်းအရ နောက်တစ်ဆင့်တက်ဖို့ဆို အင်္ဂလန်ကို လေးဂိုးပြတ်နဲ့နိုင်ဖို့လိုပါတယ်။ ဘောလုံးမှာဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် ဒါကတော့ နည်းနည်းများသွားပါပြီ။ လက်ရှိမြေပြင် အနေအထားအရတော့ ဝေးလ်က အင်္ဂလန်ကိုသရေတစ်မှတ်တောင် မနည်းကြိုးစားယူရမယ့် အနေအထားပါ။ ပြီးခဲ့တဲ့ပွဲမှာ အီရန်ရဲ့နောက်ကျဂိုးတွေကို ခွင့်ပြုခဲ့ရတာမို့ ဝေးလ်တို့ အခုလို ခက်ခဲသွားခဲ့ရတာဖြစ်ပါတယ်။ ဂါရက်ဘေးကိုယ်တိုင် ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး အရေးကြီးတဲ့ပွဲမှာ အရေးကြီးသလိုလုပ်မပြနိုင်ခဲ့တာက အိမ်ပြန်ခရီးနဲ့ပိုနီးစေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကလည်း ပြီးခဲ့တဲ့ပွဲမှာ ပုံစံကောင်းမရခဲ့ပါဘူး။ ဒါက ကစားသမားတွေရဲ့ အားနည်းချက်ထက် အကြောတင်းတဲ့ဆောက်ဂိတ်ကိုပဲ ပုံချရမလိုပါပဲ။ ဒါပေမယ့် ဒီပွဲမှာသာ နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်လာခဲ့မယ်ဆိုရင် ဝေးလ်လောက်က စာဖွဲ့စရာမလိုပါဘူး။ မမျှော်လင့်ဘဲ သရေကျခဲ့ရင် အုပ်စုဒုတိယနဲ့တက်ရမှာမို့ ဟိုဘက်က နယ်သာလန်နဲ့ထိပ်တိုက်တွေ့ရမယ့် အနေအထားပါ။ စောစောစီးစီး အသင်းကြီးချင်းတွေ့ခဲ့ရင် အန္တရာယ်များတဲ့အနေအထားမို့ အုပ်စုဗိုလ်နေရာမြဲဖို့ ဒီပွဲမှာ အနိုင်ကစားရမယ့် အခြေအနေပါ။ အကြောတင်းတဲ့ ဆောက်ဂိတ်လည်း ဒီပွဲမှာသာ အနိုင်မရခဲ့ရင် နဂိုထဲကဝေဖန်မှုတွေရင်ဆိုင်နေရတာမို့ နည်းပြရာထူးအတွက် ဒုက္ခများသွားပါလိမ့်မယ်။ ဒါကြောင့် ဘောလုံးဘိုးအေကြီး အင်္ဂလန်တို့ အနိုင်ရဖို့ တကယ့်ကို အားထုတ်ရမယ့် အခြေအနေပါ။ ပေါက်ကြေးက အင်္ဂလန်ဘက်က(၁-၂၀)နဲ့ စထားပြီး ဂိုးပေါင်းကတော့ (၂-၉၀)နဲ့ စတင်ထားပါတယ်။ ဒီညမှာတော့ အင်္ဂလန်ဘက်က တစ်ဂိုးနဲ့အထက်ရနိုင်ချေက ၈၇%အထိ အားကောင်းနေပြီး ဝေးလ်ဘက်က ဂိုးရနိုင်ချေကတော့ ၂၃%သာရှိတာကိုလည်း အချက်အလက်တွေက ဖော်ပြနေပါတယ်။ ဒီအချက်အလက်နဲ့ အနီးဆုံး ဈေးကွက်မှာတော့ ဘရာဇီး-ဆားဘီးယားပွဲကို တွေ့မြင်ရပြီး (၂-၀)ဆိုတဲ့ရလဒ်နဲ့ ဘရာဇီးအသင်းကျော်ဖြတ်နိုင်ခဲ့တာကို နမူနာယူရင်း အုပ်စုဗိုလ်အဖြစ် ပွဲခံနိုင်မယ့်အင်္ဂလန်ကိုပဲ ၂၀လောက်ရင်းပြီး ရွေးချယ်ချင်ပါတယ်။
ဒီညအတွက် ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
နယ်သာလန် ⭐⭐⭐
အင်္ဂလန် ⭐⭐
ဆီနီဂေါ ⭐
အမေရိကန် ⭐
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။