အက်သလက်တီကို ကွင်းလယ် အင်ဂျင်ကို မျက်စိကျနေတဲ့ မန်ယူ

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသော မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ထိပ်တန်းပစ်မှတ်အဖြစ် အက်သလက်တီကိုအသင်းမှ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာ အူးလ်နီဂက်ဇ်ကို တစ်ပတ်ပေါင် ၁ သိန်းခွဲပေး၍ခေါ်ယူရန် အဆင်သင့်ဖြစ်နေကြောင်း ဗြိတိန်မီဒီယာ များက ဖော်ပြသည်။

အသက် ၂၅ နှစ်အရွယ် ဆာအူးလ်သည် ဥရောပအကောင်းဆုံး ကွင်းလယ်ကစားသမားများအနက် တစ်ဦးအပါအဝင်ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရပြီး ထိပ်တန်းကလပ်များ၏ ပစ်မှတ်လည်း ဖြစ်သည်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ ထိပ်တန်းကစားသမား ဆာအူးလ်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့မည်ဟု သတင်းထွက်ခဲ့ဖူးပြီး ၎င်း၏ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၇၀ ခန့်ရှိနိုင်သည်။

အက်သလက်တီကိုသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လိုက်ပ်ဇစ်ကိုရှုံးနိမ့်ခဲ့သောကြောင့် ဥရော ပအောင်မြင်မှုလိုလားသော ဆာအူးလ်အနေဖြင့် မက်ဒရစ်အခြေစိုက်အသင်းအား စွန့်ခွာရန်စီစဉ်လျက် ရှိသည်ဆိုသောသတင်းများထွက်ပေါ်နေရာ မန်ယူနည်းပြဆိုးလ်ရှားအတွက် သတင်းကောင်းပင်ဖြစ် သည်။ ဆာအူးလ်ကိုယ်တိုင်က ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့နှင့် တွဲကစားလိုသည့်ဆန္ဒဖြစ်ပေါ်လျက်ရှိရာ အိုးလ်ထရက်ဖို့ဒ်သို့ရောက်လာရန် ရာခိုင်နှုန်းများနေသည်။

ပေါ့ဂ်ဘာသည် ယခုနွေရာသီတွင် မန်ယူမှထွက်ခွာနိုင်ခြေလည်းရှိနေသေးရာ အက်သလက်တီကိုအ တွက် ပြိုင်ပွဲစုံ ၂၉၆ ပွဲကစားထားသော ဆာအူးလ်က ထိုကွက်လပ်ကို ဖြည့်ပေးနိုင်မည်ဖြစ်သည်။ လာ လီဂါချန်ပီယံတစ်ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံနှစ်ကြိမ်နှင့် ဥရောပစူပါဖလား၊ စပိန်စူပါဖလားတို့ကို ရယူဖူး သော ဆာအူးလ်နှင့်နီးစပ်သူများက မန်ယူသို့ပြောင်းရွှေ့ရန် နီးစပ်နေသည်ဟု ပြောသည်။

Facebook Comments Box
Facebook Comment