အက်ဖ်စီအမ်မန်၏ လူကြီးကစားစရာ စပွန်ဆာကို ဒတ်ချ်ဘောလုံးအဖွဲ့ချုပ် တားဆီးပိတ်ပင်

ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်သည် လူကြီးကစားစရာ ကုမ္ပဏီ EasyToys ကို ကလပ်၏အဓိကစပွန်ဆာအဖြစ် သုံးရန် စီစဉ်နေသည့် အက်ဖ်စီအမ်မန်၏ လုပ်ဆောင်မှုကို တားဆီးမှု ပြုလုပ်လာသည်။

အက်ဖ်စီအမ်မန်သည် EasyToys နှင့် တစ်နှစ်လျှင် ယူရို ၅ သိန်းတန် စာချုပ်အား ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သော်လည်း ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က အဖွဲ့ချုပ်၏ကြော်ငြာစည်းမျဉ်းစည်းကမ်း အပုဒ် ၃ အရ တားဆီးမှု ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

EasyToys ၏စီအီးအို အဲရစ်အိုင်ဒီမာက “အက်ဖ်စီအမ်မန်ရဲ့အဓိကစပွန်ဆာအဖြစ် ပါဝင်ခွင့်မရလို့ အရမ်း စိတ်ပျက်ရပါတယ်။ အခု နောက်ခြေလှမ်းတစ်ခုကို စဉ်းစားနေပါတယ်။ အက်ဖ်စီအမ်မန်နဲ့အနီးကပ်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့က တူညီတဲ့ပြည်နယ်မှ အောင်မြင်မှုတွေ ရယူထားတဲ့ ကုမ္ပဏီတွေပါ။ ဒီကလပ်နဲ့ ပူးပေါင်းလိုက်မှုကြောင့် ပိုပြီးတော့ တောင့်တင်းလာမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါက ပြဿနာလို့ မမြင်ပါဘူး”ဟု ပြောကြားသွားသည်။

ထို့အပြင် အက်ဖ်စီအမ်မန်၏ဥက္ကဌရော်နယ်လပ်ဘ်ဒါကလည်း ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြောကြားသွားသည်။

အက်ဖ်စီအမ်မန်သည် ၂၀၁၈-၁၉ ရာသီတွင် ဒတ်ချ်အဆင့်မြင့်တန်းလိဂ်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ယခင်နှစ်များက အဆင့် ၁၄ နှင့် အဆင့် ၁၂ တို့တွင် ရပ်တည်ခဲ့သည့်အသင်းဖြစ်သည်။

Facebook Comments Box
Facebook Comment