အက်ဆု ပျောက်ဆုံးနေဆဲ

တူရကီ-ဆီးရီးယားနယ်စပ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေကြေခဲ့ကြပြီး ထောင်နှင့်ချီသောလူများလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

ချဲလ်ဆီး၊ နယူးကာဆယ်တို့တွင် ကစားဖူးသော ဂါနာတောင်ပံကစားသမား ခရစ်ရှန်အက်ဆုမှာလည်း ပျောက်ဆုံးစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် အက်ဆုသည် တူရကီကလပ် ဟာတေစပေါတွင် ကစားနေသူဖြစ်ပြီး ကလပ်အခြေစိုက်ရာ ဟာတေခရိုင်သည် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၇.၈ ရှိပြီး နှစ်နိုင်ငံပေါင်းမှ လူ ၄၃၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

အက်ဆုနှင့် ဟာတေစပေါ အားကစားဒါရိုက်တာ တာနာဆာဗက်တို့ကို ပြန်လည်ရှာတွေ့ပြီဟု ပေါ်တူဂီသတင်းစာတစောင်က ဖော်ပြခဲ့ပြီး ညာခြေထောက် ထိခိုက်ထားသလို အသက်ရှူမဝဖြစ်နေသည်ဟုလည်း ဖော်ပြသည်။

သို့သော်လည်း ဟာတေစပေါအသင်းက အဆိုပါသတင်းကို အတည်ပြုခြင်းမရှိဘဲ အက်ဆုနှင့်ဆာဗက်တို့ကို ရှာဖွေနေဆဲဖြစ်ကြောင်း ကြေညာထားသည်။

Ref:guardian

Facebook Comments Box
Facebook Comment